“ခွေးခေါင်းချိတ်ပြီး ခွေးသားရောင်းမှာနော်”

“ခွေးခေါင်းချိတ်ပြီး ခွေးသားရောင်းမှာနော်”

ဟော လာပြီ လာပြီ ဒေါ်သက်ရီ မဟုတ်ဘူး၊ အခု လာတာ ထမိန်မနိုင် မိအောင်လှိုင်ပါ၊ မိအောင်လှိုင်တယောက် ဈေးဗန်းလေး ခေါင်းပေါ်ရွက်လာတာ၊ ဘာ ရောင်းမှာလဲ မေးပါအုံး၊ ထုံးစံအတိုင်းပေါ့၊ မြန်မာနည်းမြန်မာ့ဟန်၊ မြန်မာ့ဖယ်ဒရယ်ဆိုပဲ၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖယ်ဒရယ်ကို မကြာမီ ပရိုမိုရှင်း လုပ်ပါတော့မယ်တဲ့။ မြန်မာပြည်သမိုင်းကို ဘတ်ဝဒ်ခလုတ်လေးနှိပ်ပြီး နောက်ပြန်ရစ်ကြည့်လိုက်အုံး၊ သူ့ရဲ့ ဘိုးအေကြီး ဗိုလ်နေဝင်းက ဆိုရှယ်လစ်စနစ်ကျင့်သုံးမယ်၊ ဒါပေမဲ့ အော်ရီဂျင်နယ် ဆိုရှယ်လစ်မဟုတ်ပဲ မြန်မာနည်းမြန်မာ့ဟန်…

Read More
ခွေးပြေးဝက်ပြေး ငရဲထိပြေး (သရော်စာ)

ခွေးပြေးဝက်ပြေး ငရဲထိပြေး (သရော်စာ)

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ တော်ကီ့ဘကြီးက ရွာမှာမွေး ရွာမှာကြီး ရွာကမိန်းမယူပြီး ရွာအလုပ် လယ်ယာကိုင်းကျွန်းနဲ့ ရွာမှာ ကြီးပွားနေသူ။ပြီးတော့ ဘကြီဂက စာလေးပေလေးလည်း လက်လှမ်းမီသလောက် ဖတ်မှတ်ရတာဝါသနာ ပါ သလို သက်တော်က ၈၀လားနေပြီမို့ ဘဝအတွေ့အကြုံသည်လည်း အစုံအလင်။ အခုလည်း ရန်ကုန်မှာတောင်ရေးမြောက်ရေးနဲ့ တစ်ကိုယ်တော်သူပုန်ထနေတဲ့ သူ့တူကြီး တော်ကီကို လှမ်းဖုန်းဆက်တယ်။ ‘ဒီမယ်ငါ့တူကြီး၊ဘကြီးတို့လူပျိုတုန်းက ရွာမှာ ပြည်သူ့စစ်ခေါင်းဆောင်ဆိုတာရှိတယ်။တစ်သက်လုံး သူ့အဘတွေကိုဦးခိုက်ပြီး ပြည်သူတွေကိုဒုက္ခမျိုးစုံပေးလာခဲ့တာ၊လူကောင်းမြို့ပိုင်နဲ့တွေ့ရော မဟုတ်တာလုပ် ထားတော့ ထောင်ကျ၊ထောင်ကပြန်ထွက်လာပြီး…

Read More
ကြိုးကြိုက်သလား၊ကျည်ကြိုက်သလား မျက်နှာရူးသာဝ

ကြိုးကြိုက်သလား၊ကျည်ကြိုက်သလား မျက်နှာရူးသာဝ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဖတ်ထားမှတ်ထားသမျှ ပြန်စဉ်းစားကြည့်လိုက်တော့ အာဏာရှင်တွေအားလုံးရဲ့ တူညီချက်က အင် မတန်ကြွားတတ်ဝါတတ်မှန်း တော်ကီ သဘောပေါက်ရတယ်။ဟိုး…ပထမကမ္ဘာစစ်အပြီး အာဏာရှင်ဘိုးအေ ကြီး နှုတ်ခမ်းမွှေးစပ်ဖြဲဖြဲနဲ့ ဟစ်တလာကိုကြည့်မလား။ဒီဘက်ခေတ် နောက်ပေါက်အာဏာရှင် ဆဒမ်အူစိန်တို့ ရွှေသေနတ်ကိုင်ပြီး သူ့ကိုမသတ်ဖို့ လက်အုပ်ချီတောင်းပန်ခဲ့တဲ့ ကဒါဖီကိုကြည့်မလား။မြောက်ကိုရီးယားနဲ့ မြန် မာအာဏာရှင် စီးရီးကိုကြည့်မလား။သူတို့အားလုံးရဲ့ ပွဲတက်ဝတ်စုံကိုကြည့်လိုက်၊သူတို့ရထားတယ်ဆိုတဲ့ တံဆိပ်အမျိုးမျိုးက သူတို့ရင်ဘတ်မှာ ဘာတွေမှန်းမသိ အော့ချင်အန်ချင်စရာအပြည့်။ အလကားနေရင်းအာဏာရှင်ဖြစ်လာတာမဟုတ်ဘူး၊ဒီမှာကြည့်ကြ ဆုတံဆိပ်တွေလို့ ပါးစပ်နဲ့ထုတ်မ ပြောဘဲ ပြောနေသလိုမျိုး။တော်ကီတို့ဗမာပြည်မှာ ခွေးဇာတ်စခင်းတဲ့…

Read More
မွင့်ခါးအကြော်စုံနဲ့ သေတွင်းထဲ အတူခုန် 

မွင့်ခါးအကြော်စုံနဲ့ သေတွင်းထဲ အတူခုန် 

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ဒါမျိုးဆို ဝီရိယကောင်းလွန်းလို့ သာဝတို့အမှုန့်ကြိတ်ချင်နေတာလည်းမပြောနဲ့။ မိုးကလင်းရုံရှင်းရုံရှိသေး၊ တော်ကီတို့ အထောက်တော်ရပ်ကွက်ကြီးက မွင့်ခါးပွဲကြီးတစ်ပွဲဆိုတဲ့ အော်သံ သောသောကိုညံလို့။ တော်ကီကတော့ ကယောင်ကတမ်းမို့ အကောင်ပြလို့လည်း အရိပ်မမြင်တဲ့အစားထဲက။ သူများက မွင့်ခါးပွဲကြီးဆိုလို့သာ ကိုယ်ကလိုက်ပွဲကြီးနေရတာ ဘာမှန်းညာမှန်းက စမ်းတဝါးဝါးရယ်။ ဒါနဲ့ ဒီမနက်မှ ဒီပွဲ ကြီးမသိရင် ခေတ်နဲ့၅မိုင်၄ဖါလုံလောက် ပြတ်ကျန်သွားနိုင်တာမို့ ကိုယ့်ချည်းငေါက်နေတဲ့ ကိုယ့်တပည့် ဆလူး စိန်ဆီ လှမ်းချိတ်ရတယ်။ ‘ဟဲ့၊လုပ်ပါဦးဟ၊မွင့်ခါးပွဲကြီးဆိုတာလေး’ ဆလူးစိန်ဆိုတာက တော်ကီတို့အထောက်တော်လောကမှာ…

Read More
ပလာတာတပ်မတော်၊ခိုးဆိုးတပ်မတော်

ပလာတာတပ်မတော်၊ခိုးဆိုးတပ်မတော်

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ထုဟယ်ထောင်းဟယ် ငါးဖယ်ရယ်နဲ့ တော်ကီတို့မြန်မာနိုင်ငံသားတွေအတွက် လောကဓံမှမရှိရင် ထမင်းစားမမြိန်သလိုဘဝမျိုးမို့ တော်ရုံဆို ရယ်ကာမောကာနဲ့ ဟာသတွေဘာတွေတောင်ဖြစ်လို့။မှတ်မိ သေးတယ်ဟုတ်၊နွေဦးတော်လှန်ရေးတစ်လကျော်နှစ်လလောက်က ကျောက်မြောင်းမှာ စစ်သားတွေ တောင် ပစ်မြောက်ပစ်နဲ့ ပြည်သူတွေပြေးကြလွှားကြတော့ ပလာတာသည်ကြီးလည်းပြေးရတယ်မဟုတ်လား။ဒါနဲ့ အ ငတ်တပ်ကြီးက သေနတ်တွေဘာတွေခဏချ၊လူလစ်ပြီအထင်နဲ့ ပလာတာဝိုင်းကြိတ်လိုက်ကြတာ ခြေဆော့ လက်ဆော့တတ်သူလေးက မှတ်တမ်းတင်လိုက်တာတောင် မသိလိုက်ဘူး။ မှတ်တမ်းတင်ပြီးတော့လည်း ကိုယ့်မှတ်တမ်းလေးလည်း လူသိစေချင်၊ပလာတာလည်းလုမှာပဲဆိုတဲ့ ဒိုင်းညှောင်တပ်ကြီးအကြောင်းကိုလည်း အများပြည်သူ ဟားစေချင်တဲ့စေတနာနဲ့ ပွတ်သဘင်ကွန်ရက်တခွင် ဆီ ကလစ်လိုက်လေတော့…

Read More
ကြူကြူ့ကို လေလံတင်ပလိုက်မယ်

ကြူကြူ့ကို လေလံတင်ပလိုက်မယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ အခုတလော တော်ကီတို့တော်ကီလွှတ်နေကျ ဖေ့စ်ဘွတ်ခ်ဆိုတာကြီးမှာ မေးတဆတ်ဆတ်ငေါ့ပြီး အငေါ့တူးနေတဲ့စကားတစ်ခွန်းကို မကြာခဏကြားနေရတယ်။ ‘၊မှတ်ပြီလား၊ဘယ်အစိုးရတက်တက် ကိုယ့်ထ မင်းကိုယ်ရှာစားရတာပဲဆို’တဲ့။ ပြောကြတာလဲမပြောနဲ့။အခုတော်ကီတို့ပြည်သူတွေ တစ်သက်လုံး ကောင်းရောင်းကောင်းဝယ်နဲ့ ကျစ်ကျစ်ပါစုဆောင်းထားသမျှရဲ့ တစ်ဝက်က သူ့အလိုလိုအငွေ့ပျောက်အရှိုက်ခံရသလို ပျောက်ဆုံးသွားလေ ခြင်းဆိုတော့။တော်ကီ့ငယ်သူငယ်ချင်း တောကမျိုးချစ်ကိုယ်တော်ကြီးက ဒုံးနည်းနည်းဝေးလို့ သေချာရှင်းစမ်း ပါဦးဆိုတော့ တော်ကီခပ်ပါးပါးသိတဲ့ ငွေကြေးဖောင်းပွမှုအကြောင်း အာခေါင်ခြစ်ရသေးလေရဲ့။ အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာစျေးနှုန်းနဲ့ အခုနှစ်ဆခုန်တက်လာတဲ့ ငွေလဲနှုန်းအ ကြောင်း။အခုမနေ့ကငွေလဲနှုန်းတစ်ဒေါ်လာကို ၂၃၅၀ကြီးများတောင် ရှိသွားပြီဆိုတဲ့အကြောင်း။အဲဒါကြောင့် အရင်က…

Read More
သာဝဟာ သာဝလို အထာကျကျ

သာဝဟာ သာဝလို အထာကျကျ

၁၈၊ စက်တင်ဘာလ ၊ ၂၀၂၁။ သာဝအတွက် အရာရာဟာ အေးဆေးပဲဆိုတော့ ထိုင်ရာကထစရာမလို ပြုံးတုံ့တုံ့လေးနဲ့ စီမံခန့်ခွဲလိုက်ရုံပါ ပဲ။ရွေးကောက်ပွဲမှာ NLDနိုင်တော့ သာဝတို့ ရှိုက်ခါငင်ခါနဲ့ နှပ်ချေးထွက် သေးထွက် ခဏတော့ခိုးငိုရတယ်။ပြီးတော့ ဘာဖြစ်လဲ၊သမ္မ တကြီးရာထူးပေးပါလို့သွားပြောတယ်။ဟိုက လက်မခံဘူး ဆိုတော့ မဲလိမ်တယ်၊မဲခိုးတယ် ပေါ့။တစ်ကမ္ဘာလုံး ထအော်မယ်မှန်းသိသိကြီးနဲ့ အာဏာသိမ်းလိုက်တယ်။ အော်လေ၊အော်၊ကြိုက်သ လောက်အော်၊သာဝတို့က ထိုင်ရာကမထ အေးဆေး။ ဆန္ဒပြတော့ ဘာဖြစ်လဲ၊ပစ်တယ်ပေါ့။ပြည်သူသေတာ ကိုယ်သေတာမဟုတ်တော့ ခေါင်းမှန်အောင် ပစ်ခိုင်းတယ်။ဖမ်းမိလို့ ပေကပ်ကပ်လုပ်နေရင်…

Read More