ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ပေါ် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် Mytel တာဝါတိုင် မီးရှို့

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်က အားကစားရုံးနားမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးမကြာမီ စစ်အုပ်စုပိုင် Mytel တာဝါတိုင် မီးရှို့ခံလိုက်ရတယ်လို့သိရပါတယ်။ ယမန်နေ့ည ၆နာရီ၃၆မိနစ်မှာ အားကစားရုံအနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ထပ်မိနစ်၂၀ခန့်အကြာမှာ ကွမ်းမိုးဒိန်းရပ်ကွက်ရှိ Mytelတာဝါတိုင်မီးရှို့ခံရတယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ‘ခရမ်းအားကစားရုံနားမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမှာ စစ်အုပ်စု နုတ်ထွက်စာတင်ခိုင်းထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့အမွှာကို အသတ်ခံရ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ မုံရွာမြို့ ကျောက္ကာမြောက်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက နုတ်ထွက်စာအကြိမ်ကြိမ်တင်ခိုင်းထားတဲ့ အုပ်ချုပ်ရေးမှူး ကိုညီညီဝင်းနဲ့ သူ့အမွှာအစ်ကိုဖြစ်သူကို အမည်သူအဖွဲ့က သေနတ်နဲ့လာရောက် ပစ်သတ်ခဲ့ပါတယ်။  CDMသဘောမျိုးလုပ်နေတဲ့ ကျောက်က္ကာမြောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုဝင်းဟာ အောက်တိုက်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းမှာ သူ့အမွှာအစ်ကိုဖြစ်သူနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှစ်ပတ်တာအတွင်း KNUနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၂၀ကျော် သေ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ကရင်အမျိုးသားအစည်းအရုံး ၊KNUထိန်းချုပ်နယ်မြေအတွင်းမှာ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၄ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA ၊ KNDOတို့အကြား တိုက်ပွဲပေါင်း ၉၂ပွဲအထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂၆ဦးသေဆုံးကာ KNLAက ၂ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းပြီးနောက် ခရမ်းမြို့ပေါ် စစ်ဆေးမေးမြန်းဆက်တိုက်ကြမ်းလာ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ခရမ်းမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်ဆေးမေးမြန်းမှုတွေကို ဆက်တိုက်ပြု လုပ်လာတယ်လို့သိရပါတယ်။  အောက်တိုဘာ၁၃ရက်နေ့ကစပြီး ခရမ်းမြို့နယ်ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုခန့်ရပ်ကျေးအုပ်ချုပ်ရေး မှူးလုံးဝကင်းစင်တဲ့ မြို့အဖြစ် စံချိန်တင်ခဲ့ပြီးနာက် ခရမ်းမြို့ပေါ်က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို လဲလှယ်ခဲ့ပါတယ်။ အသစ်ရောက်လာတဲ့စစ်တပ်ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူမှာ စစ်ယာဉ်တန်း ၃ကြိမ်မိုင်းဆွဲခံရ

၁၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲရောက်လာတဲ့ စစ်ယာဉ်တန်းကို ဒေသခံပြောက်ကျားတပ်ဖွဲ့တွေက ၃ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ကန့်ဘလူမြို့နယ်ထဲသို့ စစ်ကားအစီး၃၀ကျော်ဖြတ်သန်းလာတဲ့ ယမန်နေ့ညနေပိုင်း၄နာရီနဲ့ ၅နာရီကြားလောက်မှာ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ‘ကျွန်တော်တို့က မိုင်းဆွဲပြီးတာနဲ့ အမြန်ရှောင်ရတော့ သူတို့ဘယ်လောက်အသေအပျောက်ရှိသလဲမသိဘူး။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်တန်းက Mytelတာဝါတိုင် ဖောက်ခွဲခံရ

၁၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊တာပကျေးရွာက စစ်အုပ်စုပိုင်Mytelတာဝါတိုင်ကို ယမန်နေ့ညပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ အဲဒီဖောက်ခွဲမှုကို ကျောက်တန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)နဲ့ သုံးခွမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(TYF)တို့ပူးပေါင်းဖောက်ခွဲခဲ့တာလို့ KPDFကထုတ်ပြန်ပါတယ်။ စစ်အုပ်စုရဲ့ အိတ်ကတ်ကို ဖြည့်တင်းပေးနေတဲ့ စီးပွားရေးဒေါင့်တိုင်တွေကို တစ်တိုင်ပြီးတစ်တိုင် ဆက်ဖြိုသွား ဦးမယ်လို့ TYFကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်သာယာရှိ ကျူးကျော်နေအိမ်တွေကို တစ်ပတ်အတွင်းဖယ်ရှားပေးဖို့ စစ်အုပ်စုအမိန့်ပေး

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။ လှိုင်သာယာမြို့နယ် ရှမ်းချောင်းကျေးရွာအတွင်းမှာရှိတဲ့ ကျူးကျော်နေအိမ်တွေကို ဖယ်ရှားပေးဖို့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားလာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှာရှိတဲ့ ကျူးကျော်တဲအိမ်တွေ၊ ဆိုင်ခန်းငယ်တွေကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပေးဖို့ စည်ပင်သာယာရေးအဖွဲ့က အောက်တိုဘာလ ၁၅ရက်နေ့မှာ အကြောင်းကြားစာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဆီယံမှာ မင်းအောင်လှိုင်ကျရှုံးခြင်း  စစ်တပ်ထဲ သက်ရောက်မှု ပြင်းနိုင်

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။ အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ခွင့်မရတာဟာ ပြည်သူ့ရင်ခွင်ခိုလှုံမယ့် စစ်သား များပြား လာစေဖို့အကြောင်းအချက်တစ်ခုဖြစ်တယ်လို့ အင်းစိန်မြို့နယ်နေ အငြိမ်းစားအရာရှိကြီးတစ်ဦးကပြောပါတယ်။ အစဉ်အလာအရ အာဆီယံထီးရိပ်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်တို့သက်ဆိုးရှည်ဖို့အတွက် အကာအကွယ်ပေး သလိုဖြစ်ခဲ့ပြီး ဒေသတွင်းအဖွဲ့အစည်းရဲ့ ထောက်ခံမှုရှိကြောင်း စစ်တပ်တွင်း ဝါဒဖြန့်လို့ကောင်းခဲ့တယ်လို့သိရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့နဲ့ မအူပင်မြို့မှာ ညမထွက်ရအမိန့် ၂လထပ်တိုး

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ပုသိမ်မြို့နယ်နဲ့ မအူပင်မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက ည ၁၀နာရီကနေ မနက် ၄နာရီအတွင်း ညမထွက်ရအမိန့်ကို အချိန် ၂လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။ ခုလိုထုတ်ပြန်တဲ့အပေါ် ပုသိမ်မြို့ခံတစ်ဦးက “ဒါကတော့ စစ်တပ်အုပ်ချုပ်နေတော့ ပြည်သူကိုသူတို့ကလန့်ပြီး ခုလိုလုပ်နေတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သုံးခွမှာနုတ်ထွက်အုပ်ကြီး ၄၇ဦးရှိလာ

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊သုံးခွမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး၄၇ဦးရှိလာပြီလို့သိရပါတယ်။ သုံးခွမြို့နယ်အတွင်း ရပ်ကွက်၁၂ကွက်နဲ့ ကျေးရွာပေါင်း ၆၄ရွာတဲ့အနက် ရပ်ကွက်၁၂ခုနဲ့ ၃၅ရွာတို့က အုပ်ချုပ်ရေး မှူးတွေဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ နုတ်ထွက်ခဲ့ကြတာလို့ သုံးခွမြို့နွေဦးတော်လှန်ရေးလူမှုကွန်ရက်စာ မျက်နှာ TGA News Chann [ဆက်လက်ဖတ်ရှုရန်]