ဒေသအလိုက် သတင်းကဏ္ဍ

ဥသျှစ်ပင်မြို့က CDMဆရာမနဲ့ တစ်နှစ်ခွဲအရွယ်သားကို စစ်အုပ်စုဖမ်းဆီး

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပန်းတောင်းမြို့နယ် ၊ဥသျှစ်ပင်မြို့က CDM ဆရာမနဲ့ အသက် ၁နှစ်ခွဲအရွယ် သားဖြစ်သူကို နိုဝင်ဘာ၁၁ရက်နေ့ည ၁၁နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်အုပ်စုတပ်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဗိုလ်ကြီးအဆင့် အမျိုးသမီးအရာရှိတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဗိုလ်ကြီးအဆင့် အမျိုးသမီးအရာရှိတစ်ဦး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာပြီလို့ ပြည်သူ့စစ်သား များအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ ပြည်သူ့ရင်ခွင်ကိုခိုလှုံလာသူမှာ ဗိုလ်ကြီးမေပိုးဖြစ်ပြီးအာဏာစသိမ်းတဲ့အချိန်ကစပြီး အကြမ်းဖက်စစ်တပ်ရဲ့ တရားမျှတမှုမရှိတဲ့လုပ်ရပ်​တွေနဲ့ ပြည်သူ​တွေကိုအ​ကြောင်းမဲ့သတ်ဖြတ်​နေတဲ့အပေါ်ဘယ်လိုမှလက်ခံလို့မရတဲ့အတွက် ​တော်လှန်​ရေးမှာပူး​ပေါင်းပါဝင်ဖို့ ပြည်သူ့ဘက်မျက်နှာမူလာတာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဟာပြည်သူ​​တွေကိုတင်မက၊တပ်မ​တော်သားအချင်းချင်းလည်း ဖိနှပ်မှုမျိုးစုံရှိတဲ့အတွက်​ကြောင့်တပ်တွင်းမှာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ဖမ်းသွားတဲ့ ၉တန်းကျောင်းသားအပါအဝင်ကျား၃ဦးရဲ့အလောင်းကို လက်ပြန်ကြိုးတုတ်လျက် သေနတ်ဒဏ်ရာတွေနဲ့ပြန်တွေ့

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကောလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဖမ်းဆီးသွားတဲ့ ၉တန်းကျောင်းသားအပါအဝင် ကျား၃ဦးရဲ့အ လောင်းကို လက်ပြန်ကြိုးတုတ်ထားလျက် သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို ပြန်တွေ့ရပါတယ်။ နိုဝင်ဘာ၇ရက်နေ့က စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ရှမ်းကလုံးရွာနားမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူတို့၃ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူတွေသပိတ်မှောက်လို့ စစ်တပ်ဖက်စပ်စီးပွား မြန်မာဘီယာ အထိနာ

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်(ဦးပိုင်)နဲ့ ဖက်စပ်လုပ်ငန်းဖြစ်တဲ့ မြန်မာဘရူဝါရီ လုပ်ငန်းရဲ့ တတိယသုံးလပတ်အမြတ်ငွေဟာ အရင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ပါက ရာခိုင်နှုန်း၄၀ကျော်လျော့ကျ ခဲ့တယ်လို့ သိရပါတယ်။ ဂျပန်ယမ်းငွေနဲ့ တွက်ရင်  ၄၉.၄ ရာခိုင်နှုန်း၊ မြန်မာကျပ်ငွေနဲ့ တွက်ချက်ရင် ၄၃.၉ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမေရိကန်နိုင်ငံခြားရေးအကြံပေး နိုင်ငံတကာမိတ်ဖက်တွေနဲ့ မြန်မာ့အရေးဆွေးနွေး

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။ အမေရိကန်နိုင်ငံခြားရေးဌာနအကြံပေး ဒဲရစ်ချောလက်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာမိတ်ဖက်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မူဝါဒရေးရာအကြံပေး ဒဲရက်ရှလက်ဟာ သြစတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဥရောပသမဂ္ဂ၊ နယူဇီလန်နဲ့ ဗြိတိန်နိုင်ငံတို့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်နက်ကိုင်ချင်း သတ္တိရှိရှိရင်ဆိုင်ဖို့ အကြမ်းဖက်စစ်တပ်ကို သတိပေး

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။ လက်နက်ကိုင် အချင်းချင်း သတ္တိရှိရှိ ရင်ဆိုင်တိုက်ခိုက်ဖို့  မင်းအောင်လှိုင်ရဲ့အကြမ်းဖက်စစ်တပ်ကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအနီး ကင်းလှည့်လာတဲ့စစ်ကားကို  နိုဝင်ဘာ၅ရက်နေ့က ပြည်သူ့တော်လှန်ရေးတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခဲ့လို့  စစ်အုပ်စုတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီမိုကရေစီတိုက်ပွဲဝင်မြန်မာပြည်သူတွေနဲ့အတူ ဒိန်းမတ် ရပ်တည်

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဒိန်းမတ်နိုင်ငံက ရပ်တည် နေကြောင်း ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဒိန်းမတ်ဝန်ကြီး မစ္စတာ Flemming Møller Mortensen ကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ ကုလလုံခြုံရေးကောင်စီ တိုက်တွန်း

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်ဖို့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့၊ မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးအပြီးမှာ အဖွဲ့ဝင် ၁၅ နိုင်ငံက မြန်မာ့အရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုထုတ်ကုန် ရောင်းဝယ်နေတဲ့ ဆိုင်တွေကို စစ်ကိုင်းတိုင်း PDFအရေးယူမယ်

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို စစ်ကိုင်းတိုင်းအတွင်း ရောင်းဝယ်တာတွေ မလုပ်ကြဖို့ စစ်ကိုင်းတိုင်း PDFက သတိပေးလိုက်ပြီး မလိုက်နာရင် အရေးယူအပစ်ပေးသွားမယ်လို့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ဆိုင်တွေမှာ စစ်အုပ်စုထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ၊ Adman [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အတိုက်အခံပါတီဝင်တွေကို ပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်မှုကို ဗြိတိန်သံရုံးကန့်ကွက်

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။ နိုင်ငံရေးအတိုက်အခံပါတီဝင်တွေအပေါ် ပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်မှုတွေနဲ့ လုပ်ကြံစွပ်စွဲမှုတွေဟာ စစ်အာ ဏာရှင်တွေအနေနဲ့ တရားမျှတမှုကို အလေးထားခြင်းမရှိကြောင်း ပြသနေတယ်လို့ ဗြိတိန်သံရုံး-ရန်ကုန်က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ၉ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှု၅မှုနဲ့ ထောင်ဒဏ် ၇၅နှစ်ချမှတ်ခဲ့သလို အဂတိအမှု ၆မှုနဲ့ [ဆက်လက်ဖတ်ရှုရန်]