ဒေသအလိုက် သတင်းကဏ္ဍ

ရေးNLD ရုံး ဖောက်ခွဲဖျက်ဆီးခံရ

၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊ရေးမြို့နယ် NLDရုံး ယမန်နေ့ ညနက်ပိုင်းအချိန်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရပါတယ်။ ရေးမြို့အပြင်ဘက် မော်လမြိုင်သွားကားလမ်းဘေးမှာရှိတဲ့ ရေးမြို့နယ်NLDရုံးကို ၂၀၂၀ပြည့်နှစ်တုန်းကမှ ဆောက်လုပ်ခဲ့တာဖြစ်ပြီး သာမန်ပြည်သူတွေ အပြင်မထွက်ရဲကြတဲ့ ညနက်ပိုင်းမှာ ဖောက်ခွဲခံရတာလို့ မွန် ပြည်နယ်အတွင်းရှိ ၂၀၂၀ရွေးကောက်ခံလွှတ်တော်အမတ်တစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာတစ်ဝန်း စစ်အုပ်စုချိတ်ပိတ်သိမ်းဆည်းတဲ့ အိမ်၇၀ကျော်ပြီ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ NUG၊ CRPH၊ PDFတို့နဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံတစ်ဝန်း ချိတ်ပိတ်ခံရတဲ့ အိမ် အလုံးရေ ၇၀နဲ့ အထက်ရှိနေပြီလို့ နေအိမ်ဆိုင်ရာ အချက်အလက်တွေ လေ့လာစုဆောင်းနေတဲ့ ကုမ္ပဏီတခုဆီက သိရပါတယ်။ အများပြည်သူပိုင်အိမ်နဲ့ပိုင်ဆိုင်မှုတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မြို့မှာ ဒလန်လို့နာမည်ကြီးနေတဲ့ မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး အပစ်ခံရ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ထားဝယ်မြို့ ပိုကျွန်းရပ်ကွက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက် ဒလန်လုပ်နေတယ်ဆိုတဲ့ မှုခင်းသတင်းထောက် အမျိုးသမီးတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမေရိကန်သတင်းသမားကို ထောင်ဒဏ်၁၁နှစ်ချ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ အမေရိကန်အစိုးရက အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေပေမဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အမေရိကန်သတင်း သမား Denny Fenster ကို ထောင်ဒဏ်၁၁နှစ်ချလိုက်ပါတယ်။ Denny Fenster ကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီကနေ့ စီရင်ချက်ချလိုက်တာပါ။ Denny [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါင်းတည် မင်းကွက်ရပ်ကွက်ရုံးရှေ့ ဗုံးပေါက်

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပဲခူးတိုင်း ၊ ပေါင်းတည်မြို့ မင်းကွက် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အသံဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ မနက် ၇နာရီခန့်မှာ ရပ်ကွက်ရုံးအနောက်လမ်း ရုံးမျက်နှာစာရှေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက ဖမ်းဆီးရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်အလောင်း ဒီနေ့ သင်္ဂြိုဟ်မယ်

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ မအူပင်မြို့ မြို့မရဲစခန်းက သူခိုးလို့စွပ်စွဲကာ ဖမ်းဆီးလာပြီး ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ နေ့လည် ၁နာရီမှာ မီးသင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာမြို့ စစ်ဆေးရေးဂိတ်ဗုံးပေါက် စစ်အုပ်စုဝင် ၄ဦးထက်မနည်းသေ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးတိုင်း မတ္တရာမြို့က မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်အုပ်စုက ၄ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ မနက်ပိုင်းမှာ မန္တလေး-မိုးကုတ်လမ်း မတ္တရာမြို့အဝင် ဒင်္ဂါးချောင်းစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဥသျှစ်ပင်မြို့က CDMဆရာမနဲ့ တစ်နှစ်ခွဲအရွယ်သားကို စစ်အုပ်စုဖမ်းဆီး

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပန်းတောင်းမြို့နယ် ၊ဥသျှစ်ပင်မြို့က CDM ဆရာမနဲ့ အသက် ၁နှစ်ခွဲအရွယ် သားဖြစ်သူကို နိုဝင်ဘာ၁၁ရက်နေ့ည ၁၁နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်အုပ်စုတပ်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဗိုလ်ကြီးအဆင့် အမျိုးသမီးအရာရှိတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဗိုလ်ကြီးအဆင့် အမျိုးသမီးအရာရှိတစ်ဦး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာပြီလို့ ပြည်သူ့စစ်သား များအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ ပြည်သူ့ရင်ခွင်ကိုခိုလှုံလာသူမှာ ဗိုလ်ကြီးမေပိုးဖြစ်ပြီးအာဏာစသိမ်းတဲ့အချိန်ကစပြီး အကြမ်းဖက်စစ်တပ်ရဲ့ တရားမျှတမှုမရှိတဲ့လုပ်ရပ်​တွေနဲ့ ပြည်သူ​တွေကိုအ​ကြောင်းမဲ့သတ်ဖြတ်​နေတဲ့အပေါ်ဘယ်လိုမှလက်ခံလို့မရတဲ့အတွက် ​တော်လှန်​ရေးမှာပူး​ပေါင်းပါဝင်ဖို့ ပြည်သူ့ဘက်မျက်နှာမူလာတာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဟာပြည်သူ​​တွေကိုတင်မက၊တပ်မ​တော်သားအချင်းချင်းလည်း ဖိနှပ်မှုမျိုးစုံရှိတဲ့အတွက်​ကြောင့်တပ်တွင်းမှာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ဖမ်းသွားတဲ့ ၉တန်းကျောင်းသားအပါအဝင်ကျား၃ဦးရဲ့အလောင်းကို လက်ပြန်ကြိုးတုတ်လျက် သေနတ်ဒဏ်ရာတွေနဲ့ပြန်တွေ့

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကောလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဖမ်းဆီးသွားတဲ့ ၉တန်းကျောင်းသားအပါအဝင် ကျား၃ဦးရဲ့အ လောင်းကို လက်ပြန်ကြိုးတုတ်ထားလျက် သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို ပြန်တွေ့ရပါတယ်။ နိုဝင်ဘာ၇ရက်နေ့က စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ရှမ်းကလုံးရွာနားမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူတို့၃ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]