နိုင်ငံရေး

NLDပန်းတနော်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာတင်မင်းထွဋ်ကို စစ်တပ်ကထောင်ဆယ်နှစ်ချ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ်သလို ဧရာ၀တီတိုင်း ပန်းတနော်မြို့နယ် က တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာတင်မင်းထွဋ်ကို စစ်ကောင်စီရဲ့ ပုသိမ်ထောင်တွင် တရားရုံးက ထောင် ၁၀နှစ်ချလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းကဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖယ်ခုံကလူသားဒိုင်းအဖြစ်အဖမ်းခံရတဲ့ရွာသားတွေကိုစစ်တပ်က ထောင် ၃နှစ်စီချ

ရှမ်းကယားနယ်စပ်က ဖယ်ခုံမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက စစ်တပ်ကလူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ ရွှေပြည်အေးရွာသား ၁၈ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲပြီး အခုဒီဇင်ဘာလထဲမှာ ထောင် ၃နှစ်စီချလိုက်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ကပြောပါတယ်။ “အခုလိုလူသားဒိုင်းအဖြစ်ဖမ်းဆီးခံရပြီးတော့ထောင်ချခံရတာသိထားလိုက်တယ်။ ပုဒ်မ ၅၂(က)နဲ့တရားစွဲခံရပြီးလွိုင်ကော်မြို့တောင်လေးလုံးအကျဥ်းထောင်တွင်းတရားရုံးကထောင်ဒဏ်ချမှတ်တာ”လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ကတာဝန်ရှိသူကပြောပါတယ်။ အခုလိုရွာသားတွေဖမ်းဆီးထောင်ချခံရတဲ့ ဖယ်ခုံမြို့နယ်ရွှေပြည်အေးကျေးရွာဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးကကျောင်းသားသုံးယောက်ကို စစ်တပ်က ထောင်အနှစ်နှစ်ဆယ်ကျော်ချ

မန္တလေးမြို့ ကဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တွေဖြစ်တဲ့ ကျောင်းသား ၃ ဦးကိုဒီကနေ့ဒီဇင်ဘာ၂၃ရက်မှာ အိုးဘိုအကျဉ်ထောင်တွင်း တရားရုံးကတဆင့် ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေကပြောပါတယ်။ ဗကသများအဖွဲ့ချုပ်၊ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူးမသီရိရတနာအပါဝင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌဖြစ်သူ ကိုအောင်မျိုးကိုနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခရစ်ယာန်သာသနာ့ဝန်ဆောင်ဆရာတော်နှစ်ပါးကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ICNCC တောင်းဆို

  စစ်ကာင်စီက ဖမ်းဆီးထားတဲ့ ခရစ်ယာန်သာသနာ့ဝန်ဆောင်ဆရာတော် ၂ ပါးဖြစ်တဲ့ ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်ဥက္ကဌဟောင်းဖြစ်သူ သိက္ခာတော်ရဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန် နဲ့ မန္တလေးမြို့ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းအုပ် သိက္ခာတော်ရဆရာ သျှန်လျန်းဆန်း တို့၂ဦးကို အမြန်လွတ်ပေးဖို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကလေးသုံးဦးထိခိုက်ဒဏ်ရာရပြီး တဦးစိုးရိမ်ရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကြည်ရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကလေးငယ် ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ကလေးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ပျံကျရွာကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာကမီးရှို့နေသလို ရွာထဲကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာမှာ အခုလိုထိမှန်ခဲ့တာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဗကသအဖွဲ့ချုပ်ကဘ ဏ္ဍာရေးတာဝန်ခံကို စစ်တပ်က ထောင် ၁၅ နှစ်ချ

ဗကသများအဖွဲ့ချုပ်က ဘဏ္ဍာရေးဗျူရို တာဝန်ခံ ကိုကောင်းထက်ဦးကို ဘားအံခရိုင်တရားရုံးမှာ အကြမ်ဖက်မှု တိုက်ဖျက်ရေးပုဒ်မနဲ့ ဒီကနေ့ဒီဇင်ဘာလ ၂၃ ရက်က ထောင်ဒဏ် တဆယ့်ငါးနှစ် အပြီးသတ်အမိန့် ချမှတ်လိုက်တယ်လို့ ဗကသအဖွဲ့ချုပ်ကသိရပါတယ်။   ကိုကောင်းထက်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

“ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဆိုတဲ့ စာသားနဲ့ နိုက်ကလပ်နဲ့ဘားမှာ လူထုလှုံ့ဆော်မှုတခုပြုလုပ်

ရန်ကုန်မြို့ကလူအများစုသွားရောက်လေ့ရှိတဲ့ နိုက်ကလပ်နဲ့ဘားတွေမှာ ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဆိုတဲ့စာတမ်းနဲ့ လူထုကိုနှိုးဆော်တဲ့လှုပ်ရှားမှုတခုကို ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေက ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၃ရက်မှာထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းထားတာ ၂နှစ်နီးပါးရှိနေတဲ့အချိန်ထိ မြန်မာနိုင်ငံကပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆက်ပြီးတော်လှန်နေဆဲြဖစ်သလို တော်လှန်ရေးအင်အားစုတွေကလည်း တော်လှန်ရေးကိုအရှိန်မြင့်နေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောင်မှာ တိုက်ပွဲမရှိပဲ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ လေးနှစ်ကလေးငယ်သေဆုံးပြီး ၈ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားရွာထဲကို ဒီကနေ့ဒီဇင်ဘာ ၂၃ရက်မနက်ပိုင်းက စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၄ နှစ်အရွယ် ကလေးငယ် တဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ဧရာဝတီမြစ်အရှေ့ပိုင်း မြင်းခြံမြို့နယ် ကိုင်းကျေးရွာဖက်မှာ မြစ်အနောက်ဖက်ရှိ ညောင်ကားယားကျေးရွာထဲကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကမာရွတ်မြို့နယ်စာရင်းစစ်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊အမှတ် ၁ရပ်ကွက်၊ဆီစက်လမ်းမှာရှိတဲ့ မြို့နယ်စာရင်းစစ်ရုံးကို ဒီကနေ့ မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်က လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ​Freeland Attack Force (FLA)အဖွဲ့ရဲ့တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။ “လမ်းကြပ်တဲ့ကြားထဲကနေလုပ်ခဲ့ရတာ ကလေးတွေလည်း စိုးရိမ်စိတ်နည်းနည်းတော့ရှိ့ခဲ့တယ်။ခွေးစစ်တပ် လက်အောက်ခံဆိုရင်ဒေါက်တိုင်ပဲ ဒါကြောင့်ဖြိုတာပါ”လို့ Freeland [ဆက်လက်ဖတ်ရှုရန်]