နိုင်ငံရေး

ပျဉ်းမနားမှာ တွဲကားနဲ့ ဟိုက်ဂျက်ကားတိုက်မိပြီး သုံးဦးသေဆုံး

ပျဉ်းမနားမြို့နယ်၊အောင်းကုန်ကျေးရွာအကျော် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဖေဖော်ဝါရီ(၉)ရက် ည ပိုင်းက တွဲကားနဲ့ အိမ်စီးကား တိုက်မိပြီး သုံးဦးသေဆုံးသွားတယ််လို့ ဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဆီကသိရပါတယ်။  “ကားလေးပေါ်က သုံးဦးလုံး body (သေဆုံး)နေတာ၊ ကားထဲမှာ ညပ်နေလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့အပြန်အလှန်ပစ်ခတ်မှုအတွင်း မြို့ခံလူငယ်တဦးသေဆုံး၊တဦးဒဏ်ရာရ

ကလေးမြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးဝန်းကျင်မှာ ဖေဖေါ်ဝါရီ ၉ ရက် ညပိုင်းကဖြစ်ခဲ့တဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအပြန်အလှန်ပစ်ခတ်မှုအတွင်း မြို့ခံလူငယ် တဦးသေ ဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကလေးမြို့ဆည်မြောင်းရုံးအနီး မှာရှိနေတဲ့စစ်ကောင်စီအဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးသပိတ်တက်ကြွလှုပ်ရှားသူလေးဦး ဖမ်းဆီးခံရပြီး တနှစ်ကြာတဲ့အထိသတင်းပျောက်ဆုံးနေ

မန္တလေးသပိတ်အင်အားစုက သပိတ်တက်ကြွလှုပ်ရှားသူအမျိုးသား ၄ဦးကို စစ်ကောင်စီကဖမ်းဆီးသွားပြီးတဲ့နောက်ပိုင်း တနှစ်ကြာအထိ မိသားစုနဲ့လုံးဝအဆက်အသွယ်ရတာမရှိဘူးလို့  မန္တလေး သပိတ်အင်အားစုက  မနေ့ ဖေဖော်ဝါရီ ၉ ရက်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀၀ ဖေဖော်ဝါရီ ၉ရက်ညနေပိုင်းမှာ မန္တလေးမြေပြင်သပိတ်တွေမှာ ပါဝင်နေတဲ့ ကိုသူရအောင်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တာပြုလုပ်ခဲ့ပြီး Mindful Money အဖွဲ့ကလည်း နယူးဇီလန်အစိုးရနဲ့  ကုမ္ပဏီတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရက်အတွင်း ကလေးမြို့နေရာသုံးခုမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ မနေ့က ဖောဖော်ဝါရီ (၈) ရက် တရက်တည်းမှာပဲ စစ်ကောင်စီနဲ့  ပျူစောထီးတွေ ရှိနေတဲ့ နေရာသုံးခုကို မြု့ပြပြောက်ကျားအင်အားစုတွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေရှိတဲ့ မြို့အနောက်ပိုင်းက တာဟန်းကင်းတဲ၊ မြို့အလယ်က RTC ဝင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကေအန်ယူတပ်မဟာ ၁ နယ်မြေက ဒေသခံစစ်ရှောင် ငါးထောင်ကျော်အတွက် အကူအညီတွေလိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်​မြေ သထုံခရိုင် ဖြစ်တဲ့ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဒေသခံ ၅၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊နေထိုင်စရာနဲ့ အဝတ်အထည်တွေအတွက် အကူအညီတွေပိုမိုလိုအပ်လာတယ် လို့ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှစ်နှစ်အတွင်း KNU နယ်မြေတွေမှာ တိုက်ပွဲ ရှစ်ထောင်ကျော်ဖြစ်ပြီး KNU နဲ့ PDF တပ်ဖွဲ့ဝင် နှစ်ရာ ကျော်ကျဆုံး

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်တာအတွင်း ကရင်အမျိုးသားအစည်းရုံး (KNU) ကော်သူးလေအုပ်ချုပ်န ယ် မြေတွေထဲ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ရာကျော်ကျဆုံးခဲ့ပြီး (၆၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ KUN ဗဟိုက ဒီကနေ့ မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ လူမရှိတဲ့ရွာတွေထဲက နေအိမ်တွေကို စစ်သားတွေက ဖျက်ယူ၊ ရောင်းစားနေ

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရလို့ လူမရှိတဲ့ရွာတွေက နေအိမ်တွေကို ဖျက်ယူကာ အသုံးပြုတာ၊ ရောင်းစားတာတွေ လုပ်နေတယ်လို့ အဲဒီရွာသား တွေက ပြောကြပါတယ်။  ရခိုင်မှာစစ်ကောင်စီနဲ့ AAတို့  နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာအပြင် စစ်ကောင်စီတပ်သားတွေက လူနေကျေးရွာ တွေအနီး စခန်းချနေထိုင်လာကြတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေကြရတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အင်းတော်မြို့နယ်မှာ စိတ်ကျန်းမာရေးမကောင်းသူတဦး ပစ်သတ်ခံရ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊မဲဇာရွာ က ရဲစခန်းရှေ့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ပြည်သူတဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေက ပစ်သတ်လိုက်တယ်လို့ Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ “သူက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတ္တရာမြို့နယ် အနောက်ဖက်ရွာတွေမှာ တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံ ထောင်ကျော် စစ်ရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဖက် ဧရာဝတီမြစ်ဘေးနားက ရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံထောင်ကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံ တဦးကပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက စတင်ပြီး မတ္တရာမြို့နယ် [ဆက်လက်ဖတ်ရှုရန်]