နိုင်ငံရေး

ဋိပက္ခတွေကြား နေရပ်စွန့်ခွာပြေးရသူတွေအတွက် ဒေါ်လာသန်းငါးဆယ် ကိုထပ်ပြီးထောက်ပံ့မယ်လို့ အမေရိကန်ပြည်ထောင်စုထုတ်ပြန်

လက်ရှိနိုင်ငံတဝန်းမငြိမ်မသက်မှုတွေကြား မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူတွေနဲ့  လက်နက်ကိုင်ပဋိပက္ခတွေကြားလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ အသစ်ထပ်မံထောက်ပံ့သွားမယ်လို့  ဒီကနေ့ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကထုတ်ပြန်လာပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂက လတ်တလောထုတ်ပြန်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကို သုံးသပ်မှုအရ မြန်မာနိုင်ငံက လူဦးရေ ၁၇ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နောင်ချိုမှာ PDF နဲ့ စစ်ကောင်စီ စစ်ရေးဆက်လက်တင်းမာနေ၊ဒေသခံတချို့ နေရပ်မပြန်နိုင်သေး

ရှမ်းပြည်နယ် နောင်ချိုမြို့အတွင်းက လုံခံရွာအနီးမှာ ပြည်သူကာကွယ်ရေး တပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး စစ်ရှောင်နေရတဲ့ ဒေသခံ တချို့လည်း နေရပ်မပြန်ရဲ ဖြစ် နေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ MDYPDF နဲ့ စစ်အုပ်စုတို့ လုံခံရွာအနီးမှာအခုလဖေဖော်ဝါရီလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရှိုချင်းလူငယ်နှစ်ဆယ်နီးပါး ဖမ်းဆီးခဲ့တဲ့ မင်းတုန်းနယ်က စစ်တပ်ဂိတ်မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ရခိုင်ရိုးမတောင်ခြေ ပြောင်းရွာနဲ့ သီးပင်ကုန်းရွာကြားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ကင်းစခန်းကို ဖေဖော်ဝါရီ (၁၅)ရက် မနေ့က ညသန်းခေါင်အချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မင်းတုန်းနယ် အခြေ စိုက် Swallow PDF -MAGWAY သတင်းပြန်ကြားရေးတာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် ဒီနှစ်ထဲမှာ မြန်မာလုပ်သားငါးရာကို ပုဂ္ဂလိက အေဂျင်စီတွေက တဆင့်ခေါ်ဖို့ရှိ

တောင်ကိုရီးယားနိူင်ငံက သင်္ဘောကျင်းလုပ်ငန်းအတွက် ဒီနှစ်ထဲပုဂ္ဂလိကအေဂျင်စီတွေကတဆင့် မြန်မာလုပ်သား (၅၀၀) ခေါ်ယူသွားဖို့ရှိတယ်လို့ အဲဒီနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီး မြန်မာအလုပ် သမားအရေးလူပ်ရှားနေတဲ့အဖွဲ့တွေကပြောပါတယ်။  တောင်ကိုရီးယားနိုင်ငံဟာ မြန်မာလုပ်သားတွေကို EPSစနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ကတဆင့်ခေါ် ယူနေရာက သင်္ဘောကျင်းလုပ်ငန်းအတွက်အလုပ်သမားကိုတော့ ပုဂ္ဂလိကအေဂျင်စီတွေဆီကခေါ်ယူမှာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလုပ်ငန်းအတွက် မနှစ်က မြန်မာအလုပ်သမား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံအမှု စစ်ကောင်စီတရားလွှတ်တော်ချုပ် ပယ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားတယ်ဆိုပြီး စီရင်ချက်ချထားတဲ့ အမှု နှစ်မှု အတွက် အယူခံတင်သွင်းမှုကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဖေဖော်ဝါရီလ ၁၅ ရက်၊ မနေ့က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်လေကြောင်းကို ကင်းထောင်ပေးဖို့ ပြည်သူတွေလိုအပ်နေတယ်လို့ NUG ပြော

အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့  လေကြောင်းကင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့ ပြည်သူတွေလိုအပ်နေတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ဖေဖော်ဝါရီ ၁၆ ရက်မှာထုတ်ပြန်လာတယ်။ စစ်တပ်ရဲ့လေကြောင်းလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့အတွက် လေတပ်စခန်းတွေအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းတွေကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့တာတွေလေကြောင်းသွားလာမှုလမ်းကြောင်းတလျောက် သတင်းပေးပို့မယ့်ပြည်သူတွေကိုဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချေးငွေနွံထဲက စစ်ကောင်စီရဲ့ သံမဏိစီမံကိန်းတွေဘာကြောင့်လည်ပတ်ဖို့ ကြိုးစားနေတာလဲ

စီးပွားရေးအရ တွက်ချေမကိုက်ရုံပဲ ချေးငွေတွေနဲ့  လည်ပတ်မယ့် ရှမ်းပြည်နယ်က ပင်းပက်နဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့က သံမဏိစက်ရုံတွေကို အာဏာသိမ်းစစ်ကောင်စီ ဒီနှစ် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်ထဲမှာ  လည်ပတ်နိုင်ဖို့ကြိုးစားနေပါတယ်။ နိင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုကို ခံနေရတဲ့ စစ်ကောင်စီဟာ ပင်းပက်- [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နဂါးနီစစ်ကြောင်းကို NUG လက်နက်တပ်ဆင်ပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသက စစ်ဒေသခွဲအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ နဂါးနီစစ်ကြောင်းကိုသွားရောက်ပြီး တိုက်ပွဲဝင်ရဲဘော်တွေကို လက်နက်တပ်ဆင်ပေးတဲ့အကြောင်း နဂါနီစစ်ကြောင်းက မနေ့ဖေဖော်ဝါရီ ၁၅ ရက်နေ့ကသတင်းထုတ်ပြန်လာပါတယ်။ NUG ရဲ့ တောင်ပိုင်းစစ်ဒေသခက ဒုစစ်ဒေသမှူး ရဲဘော်စောရှားနဲ့ တောင်ပိုင်းစစ်ဒေသတာဝန်ရှိသူတွေက နဂါးနီစစ်ကြောင်းကိုသွားရောက်ပြီး လက်နက်တပ်ဆင်ပေးခဲ့တာဖြစ်ပြီး ၂နှစ်ကျော်ကာလအတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် ချင်းပြည်နယ်မှာ ဘုရားကျောင်းတက်၊ မင်္ဂလာပွဲ၊ နာရေးကအစ စစ်ကောင်စီကိုခွင့်တောင်းနေရ

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ချင်းပြည်နယ်မှာ ဘုရားကျောင်းတက်ဖို့၊ မဂ်လာပွဲကျင်းပဖို့နဲ့ နာရေးအခမ်း အနားတွေလုပ်ဖို့ကအစ စစ်ကောင်စီကို ခွင့်တောင်းနေရပြီးခွင့်ပြုမှသာ လုပ်ခွင့်ရတယ်လို့ ဒေသခံတွေ DNA ကို ပြောပါတယ်။  “ဖေဖော်ဝါရီ လေးရက်နေ့ကစလို့ လူငါးဦးထက်ပိုမစုရဆိုတဲ့အမိန့်မှာ အကြုံးဝင်တဲ့သဘောဖြစ်နေတော့ သာရေး နာရေးတွေပါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် ဗကသ အဖွဲ့ဝင်ကျောင်းသား ကိုးဆယ်ကျော်ဖမ်းဆီးခံရ

စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂ အဖွဲ့ ချူပ် အဖွဲ့ဝင်ကျောင်းသား ကိုးဆယ်ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဗကသ များအဖွဲ့ချုပ်ဗဟိုအမှုဆောင်တွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီကနေ့အထိဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ဗကသကျောင်း [ဆက်လက်ဖတ်ရှုရန်]