နိုင်ငံရေး

ပုလောက ကဒဲရွာကိုစစ်တပ်ကစီးနင်းပြီးနောက် သံဃာနှစ်ပါးအပါအဝင်လူဆယ်ချီကိုဖမ်းဆီးသွား

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲကို  စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းအတွင်းမှာ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြီး ကဒဲရွာကိုတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ကာ နေအိမ်အလုံး ၇၀ထက်မနည်းကို မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်က ကဒဲရွာကိုစီးနင်းမှုမှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ နှစ်ပတ်အတွင်း လူငယ်အယောက်သုံးဆယ်ထက်မနည်းအဖမ်းခံရပြီး နေအိမ်တလုံး ချိပ်ပိတ်ခံရ

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်နဲ့ တောင်ဥက္ကလာမြို့နယ်တွေမှာ အခုဖေဖော်ဝါရီလအတွင်း လူငယ်တွေဆက်တိုက်ဖမ်းဆီးခံနေရပြီး တောင်ဥက္ကလာမှာတော့ နေအိမ်တလုံးချိပ်ပိတ်ခံရတယ်လို့ သက်ဆိုင်ရာမြို့နယ် ဒေသခံတွေကပြောပါတယ်။ “ကျွန်တော်တို့ လှိုင်၊သီရိမြိုင်မှာတော့ PDF ထောက်ပံ့တယ်ဆိုပြီး ကလေးမလေးတွေကို လာပြီး ထပ်ဖမ်းတာ။မနေ့ကအိမ်စီးကားတွေနဲ့လာဖမ်းကြတာ။  ကားက အားလုံး ၄စီးမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်တိုက်ပြီး နှစ်ဖက်အကျအဆုံးရှိ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ရေးမြို့နယ် ရေးတံတားကြီး စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်းက ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ လုံခြုံရေးတင်းကြပ်ထားလေ့ရှိတဲ့ ရေးမြို့အထွက် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို အင်အား ၁၀ ဦးကျော်ပါတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမြို့နယ်၊ကန်ရွာက ရဲနဲ့စစ်သား ပြည်သူတွေဆီက လုယက်စားသောက်နေ

မကွေးတိုင်း၊ယောဒေသ၊ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းက ရဲနဲ့စစ်သားတွေဟာ ရွာထဲကိုအုပ်စုလိုက်ထွက်လာပြီး ကျေးရွာပြည်သူလူထုဆီကနေ အိမ်မွေးကြက်အပါအဝင် အခြားရိက္ခာနဲ့ ပစ္စည်းတွေကို နေ့စဥ်နဲ့အမျှလုယက်စားသောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနက်ကြက်တွေနိုးချိန်ဆို သူတို့ထွက်တယ်။ တခါတခါလည်း ညဆယ့်တနာရီလောက်တွေ ထွက်တာမျိုးလည်းရှိတယ်။ ရဲစခန်းနဲ့နီးတဲ့ တောင်တိုက်မှာ လူတွေလည်းမနေကြတော့ဘူး။ ကြက်တွေလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီမြို့နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေးအလှူ

ကနီမြို့နယ်ထဲက ကျေးရွာတခုမှာလုပ်တဲ့ အလှူတခမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်ခဲ့ကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။  စစ်တပ်က အာဏာသိမ်းတာ ၂နှစ်ကျော်ကြာခဲ့ပေမယ့် စစ်တပ်က စစ်ကြောင်းထိုးဖိနှိပ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာဒေသခံတွေက စစ်အာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို ပုံစံမျိုးစုံနဲ့ဆက်ပြီးပြုလုပ်နေကြပါတယ်။ Photo – Pyae Aung Naing Kani  

နိုင်ငံရေး

မော်လမြိုင်မြို့အနီးကကျေးရွာတွေထဲကို CDM ဝန်ထမ်းတွေရှိမရှိ စစ်တပ်က လိုက်လံစုံစမ်းဖမ်းဆီးနေ

မွန်ပြည်နယ် ၊မော်လမြိုင်မြို့အနီးကော့နှပ်ကျေးရွာအပါအဝင်ကျေးရွာသုံးရွာကို စစ်ကောင်စီလက်အောက်ခံအဖွဲ့ကCDM ဝန်ထမ်းတွေရှိ၊မရှိ လိုက်လံစုံစမ်းကာဖမ်းဆီးဆောင်ရွက်တာတွေရှိနေတယ်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ ရက်ကနေဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိမော်လမြိုင်မြို့က ကော့နှပ်နဲ့ကတိုးကျေးရွာထဲကို စစ်ကောင်စီတပ်ရင်း ခလရ (၈၁)ကအင်အားအများအပြားနဲ့ဝင်ရောက်ကာ CDM ဝန်ထမ်းတွေရှိမရှိလိုက်လံစုံစမ်းတာအပြင်ဧည့်စာရင်းစစ်ဆေးလုပ်ဆောင်တာတွေရှိနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လို့တဲ့ကော့နှပ်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ ” ရွာထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလဲမှာ လူသားဒိုင်းအဖြစ် စစ်တပ်ကဖမ်းဆီးသွားတဲ့ ဒေသခံတဆယ့်ငါးဦး ပြန်မလွတ်သေး

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ကျေးရွာတွေကို အခုဖေဖော်ဝါရီ  ၁၅ ရက်စပြီးစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ  ဒေသခံ ၁၅ဦးကိုဖမ်းဆီးသွားပြီး ဒီကနေ့ အထိပြန်မလွှတ်ပေးသေးဘူးလို့  ဒေသတွင်းသတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ Pale Entertainment ပုလဲဒေသခံ ကိုနေသူရိန်ကပြောပါတယ်။   ဒီလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကင်းမှုးကိုပစ်သတ်ပြီးလက်နက်နဲ့ PDFထံခိုလှုံတဲ့ တပ်သားကို သိန်းငါးဆယ် ချီးမြှင့်မယ်လို့ဆို

ဖေဖော်ဝါရီ ၁၉ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်က မြန်မာ့စီးပွါးရေးဘဏ်မှာ အတူကင်းစောင့်တဲ့ ကင်းမှုးဖြစ်သူ ကို ဖေဖော်ဝါရီလ ၁၅ ရက်က ပစ်သတ်ပြီး PDFထံကို ထွက်ပြေးလာသူကို ကျပ်သိန်းငါးဆယ်ပေးအပ်ပြီး အခမ်းအနားနဲ့ ဆုချီးမြှင့်မယ်လို့ သိရပါတယ်။ “ကျွန်တော်တို့အဖွဲ့က ပေးမှာပါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမြတ်တနိုးထားတဲ့ နွားနောက်တွေကို တော်လှန်ရေးအတွက်လှူလို့ ကျေးဇူးတင်ကြောင်း CDF ပြော

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာဒေသခံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သူတို့မွေးမြူထားတဲ့ နွားနောက်တွေကို လှူဒါန်းခဲ့တယ်လို့  CDF ကန်ပက်လက်က ထုတ်ပြန်ထားပါတယ်။ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းက ကျေးရွာတွေကို ကွင်းဆင်းချိန်မှာ ကြုံနေရတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ပြောပြချိန်မှာ ဒေသခံလူထုက ငွေကြေးတချိုု့နဲ့ ချင်းရိုးရာနွားနောက်တွေကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NUGရဲ့ ၂၀၂၃ စစ်ရေးစီမံချက် ဒုတိယအဆင့်စတင်၊ မကွေးနဲ့စစ်ကိုင်းက စစ်ရေးပစ်မှတ် ၃၅ခုကို တိုက်ခိုက်နိုင်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဒီလ ဒုတိယပတ်အစမှာ နိုင်ငံတဝန်းက စစ်ကောင်စီတပ်စခန်းတွေကို ဗဟိုစစ်ရေးကွပ်ကဲမှုစနစ်နဲ့ တိုက်ခိုက်မှုတွေ စတင်နေပြီလို့ NUG ကာကွယ်ရေး ဝန် ကြီးဌာနက အသိပေးပါတယ်။ ပစ်မှတ်အားလုံးကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်း မရှိပေမဲ့ စစ်ရေးရည်မှန်းချက် ပြည့်မီခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]