အင်းတော်အထိုင်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ရှစ်ဆယ်နီးပါးအရွယ် အဖွားအိုတဦးအပါအဝင် လေးဦးဒါဏ်ရာရ
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇၈နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် ပြည်သူ၄ဦး ထိခိုက်ခဲ့ရတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်မှာဒီကနေ့ မနက်ပိုင်း၁၁နာရီအချိန့်ခန့်က မြို့တောင်ဘက် ရိက္ခာကုန်းတပ်ရှိ စစ်ကောင်စီအဖွဲ့များမှ လက်နက်ကြီးနဲ့ကျော်ရွာ ၊မိုယူရွာတွေကိုပစ်ခတ်ခဲ့တဲ့အတွက်အခုလိုထိခိုက်ဒါဏ်ရာရခဲ့တာလို့ဆိုပါတယ်။ “မိုယူရွာကအမကတော့အတော်စိုးရိမ်နေရတယ်။ဆေးရုံကိုပို့ထားတယ်။သူတို့ကတင့်ကားလက်နက်ကြီးစမ်းပစ်တာလို့ပြောတယ်။အဲ့ရွာတွေကမြို့နဲ့နီးတယ် တပ်ရင်းနာမည်တော့မသိရဘူးဗျ ။သက်သက်ကြီးပစ်တာတိုက်ပွဲဖြစ်တာလဲမရှိဘူးအဲ့ရွာတွေမှာက”လို့အင်းတော်ဒေသခံတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]