နိုင်ငံရေး

နေ့စဉ်လိုလို စစ်ရှောင်နေရတဲ့ ခင်ဦးမှာ ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရပြန်

ဖေ‌ဖော်၀ါရီ၊ ၂၆ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းတွေကစစ်ကြောင်းထိုးနေတာကြောင့် အခုရက်သတ္တပတ်ထဲမှာတင် ကျေးရွာဒေသခံတွေကနေ့စဉ်လိုလို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကစလို့ ဒီကနေ့ ၂၆ ရက်မနက်ပိုင်းအထိ စစ်ကောင်စီအင်တား ၁၀၀ လောက်ဟာ ကျေးရွာတွေအတွင်းစစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်လာတာကြောင့် ခင်ဦးမြို့နယ်အနောက်ခြမ်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ပေးဖို့ နဲ့ စစ်ကောင်စီကိုထိရောက်စွာအရေးယူပေးဖို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေတောင်းဆို

  ဖေ‌ဖော်၀ါရီ၊ ၂၆ မြန်မာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တို့မှာဒေသစံတော်ချိန်ဖေဖော်ဝါရီ ၂၅ ရက်နေ့က တောင်းဆိုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် No [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးမှာ နေအိမ်ခြံဝန်းထဲလက်နက်ကြီး ကျည်ကျပေါက်ကွဲလို့ ငါးနှစ်အရွယ်ကလေးတဦးသေဆုံး

ဖေ‌ဖော်၀ါရီ၊ ၂၅ စစ်ကိုင်းတိုင်း၊တမူးမြို့ နန်းဖာလုံရပ်ကွက်က နေအိမ်ြခံဝန်းတခုထဲ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက် မနက်ပိုင်းက လက်နက်ကြီးကျည်ကျပေါက်ကွဲလို့ ငါးနှစ်အရွယ်ကလေးနှစ်ဦးနဲ့ ကလေးမိခင်တဦးထိခိုက်ခဲ့ပြီး အဲ့ဒီသုံးဦးထဲက ငါးနှစ်အရွယ်ကလေးတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “နန်းဖာလုံထဲက ခြံဝင်းတခုထဲကျတာ၊ကလေးနှစ်ယောက်အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်စစ်ရှောင်စခန်းတွေမှာ ရေရှားလို့ မသန့်တဲ့ရေတွေသုံးနေရပြီး ဝမ်းရောဂါနဲ့ယားနာတွေဖြစ်နေ

ဖေဖာ်၀ါရီ၊ ၂၅ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ရေရှားပါးမှု စတင်ကြုံတွေ့နေရတာကြောင့် နောက်ကျိပြီး မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးနေကြရပြီး ဝမ်းလျှောတာ၊ ယားနာ ပေါက် တာစတဲ့ အခြေ အနေတွေနဲ့ ကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ်အတွင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံကူးလက်မှတ်လျှောက်ဖို့ အွန်းလိုင်းရက်ချိန်းယူမှု တရက်ပြန်လည်ရပ်နား၊တရက်တည်းရက်ချိန်းယူသူ ရှစ်ထောင်ကျော်ရှိ

ဖေဖာ်၀ါရီ၊ ၂၅ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ အွန်လိုင်းကရက်ချိန်းယူတဲ့စနစ်ပြန်လည်စတင်တဲ့ ဖေဖော်ဝါရီ ၂၄ရက် မနေ့က တ ရက်တည်း ရက်ချိန်းယူသူ ၈၅၀၀ကျော်ရှိခဲ့တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ နိုင်ငံရေးလက်မှတ်ထုတ်ပေးမှုတွေကို ကာလအတန်ကြာရပ်နားထားပြီး မနေ့ကစလို့ အွန်လိုင်းဘွတ်ကင် စနစ် ပြန်လည်စတင်ရာမှာ အဆင်မပြေမှုတွေရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုရားသုံးဆူရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နေ့အချိန်ဧည့်စာရင်းစစ်ပြီး လူငယ်နှစ်ဦးကိုဖမ်းဆီး

ဖေဖာ်၀ါရီ၊ ၂၅ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မ ရဲစခန်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက် မနက်အစောပိုင်းက တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နေ့လယ်ပိုင်းမှာ မြို့တွင်းမှာ ဧည့်စာရင်းလိုက်စစ်ခဲ့ပြီး လူငယ်နှစ်ဦးကို ဖမ်း ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဘုရားသုံးဆူမြို့မရဲစခန်းကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိုင်မြို့နယ်က စာသင်ကျောင်း လေကြောင်းက တိုက်ခိုက်ခံရ

ဖေဖာ်၀ါရီ၊ ၂၅ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာတောင်ဘက် မကျည်းကန်ကျေးရွာက မူလတန်းကျောင်းကို စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်မနက် ဆယ်နာရီခွဲ နာရီဝန်းကျင်မှာ Mi – 35 ရဟက်ယာဉ်တစီးနဲ့ အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူနယ် ပျူစောထီးရွာအနီးမှာမိုင်းထိလို့နယ်လှည့်ဈေးရောင်းသူအပါအဝင် ငါးဦးဒဏ်ရာရ

ဖေဖာ်၀ါရီ၊ ၂၅ စစ်ကိုင်းတိုင်း၊ကန်ဘလူမြို့နယ်တောင်ပိုင်း၊ထန်းကုန်းတိုက်နယ်မှာ ဒီကနေ့မနက်အစောပိုင်းက မိုင်းနင်းမိလို့ တမနက်တည်း ငါးဦး ဒဏ်ရာရပြီးတဦးစိုးရိမ်ရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ ထန်းကုန်းတိုက်နယ်အတွင်း ပျူစောထီးရွာအဖြစ် လူသိများတဲ့​ညောင်ဇင်ရွာအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီမိုင်းတွေဟာ ပျူစောထီးတွေက သူတို့ရွာလုံခြုံရေးအတွက် ထောင်ထားတဲ့မိုင်းတွေဖြစ် [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ပေါက်နယ်မှာ စစ်တပ်တိုက်ခိုက်ခံရပြီး စစ်သားလေးဦးသေဆုံး၊ ပြည်သူသုံးထောင်ကျော်စစ်ဘေးရှောင်နေရ

ဖေဖာ်၀ါရီ၊ ၂၅ မကွေးတိုင်း၊ ပေါက်မြို့နယ် ၊ ရေပြာကျေးရွာကနေစစ်ကြောင်းထိုးလာတဲ့ အင်အား၁၅၀ပါ စစ်ကောင် စီစစ် ကြောင်း ကို ဖေဖော်ဝါရီ ၂၄ရက် မနေ့မနက်ပိုင်းက ရေတိမ်ကျေးရွာနဲ့ကျွန်းတော ကျေးရွာကြားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သားလေးဦးသေဆုံးသွားတယ်လို့ ဒေသအခြေစိုက် ပြည်သူ့တော်လှန်ရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေဘိုဒေသခံတွေကို စစ်ခုံရုံးက တသက်တကျွန်းသုံးကြိမ်အပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

ဖေဖာ်၀ါရီ၊ ၂၅ စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချူပ်ရေး ကြေညာထားတဲ့ ရွှေဘိုမြို့နယ်ဒေသခံနှစ်ဦးကို PDF တွေလို့စွပ်စွဲပြီး အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်း သုံးကြိမ်အပြင် ထောင်နှစ်သုံးဆယ်ကျော်စီပူးတွဲချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ရွှေဘိုဒေသခံ ခြောက်ဦးကို အခုလ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]