ဖေဖော်၀ါရီ၊ ၂၆ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊မလဲသာကျေးရွာကတိုက်နယ်ဆေးရုံနဲ့အထက်တန်းကျောင်းအပါအဝင် ကျေးရွာတွေကို မြေပြင်ကောဝေဟင်ကပါစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာကြေရွာ၇ရွာက ဒေသခံတသောင်းကျော် စစ်ရှောင်နေရတယ်လို့သိရပါတယ်။ “သူတို့ကဆေးရုံကိုအဓိကထားတိုက်တာ။ဘာသတင်းရလို့လဲတော့မသိဘူး။ကြိုသတင်းရလို့ ရှောင်လိုက်နိုင်လို့။ပြည်သူထိခိုက်တာတော့မရှိဘူး ။အရင်တရက်ဖေဖော်ဝါရီ၂၂ရက်ကမင်းရွာမှာလေကြောင်းတိုက်ခိုက်တာ ။ပြီးတော့မလဲသာကိုလေကြောင်းတိုက်ခိုက်တာ ။တောင်ပိုင်းကရွာ၇ရွာကဒေသခံ၁၀၀၀၀ကျော်စစ်ရှောင်နေရတယ်”လို့အရာတော်ပိုစ့်ကကိုမောင်မောင်ကပြောပါတယ်။ စစ်ကောင်စီဟာ အရာတော်၊ဝက်လက်နဲ့ရွှေဘိုမြို့တွေကိုဒီလ ၂၂ရက်ကစစ်အုပ်ချုပ်ရေးကြေညာပြီးနောက်တရက်ကစပြီးလေကြောင်းနဲ့သာမက မြေပြင်ကပါတိုက်ခိုက်နေတာပါ။ စစ်ကောင်စီတပ်တွေကမလဲသာတိုက်နယ်ဆေးရုံနဲ့စာသင်ကျောင်းကိုအဓိကထားတိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အအုံပျက်စီးပြီးဆေးတွေမီးရှို့ခံရတယ်လို့ လည်းပြောပါတယ်။ သခွပ်ပင်ရွာ [ဆက်လက်ဖတ်ရှုရန်]