နိုင်ငံရေး

မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွား ဆုတ်ယုတ်နေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်

မတ်၊ ၃၁ စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ပဋိပက္ခတွေဖြစ်ပွားနေတဲ့မြန်မာနိုင်ငံရဲ့ စီးပွားရေး ဆိုးဆိုးရွားရွားဆုတ်ယုတ်နေပြီးဒီနှစ်ဧပြီလ ၁ ရက်နေ စက်တင်ဘာလအထိ ၆ လာတာ ဂျီဒီပီတိုးတက်မှုက ၃ ရာခိုင်နှုန်းသာရှိမယ်လို့ ဒီကနေ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကိုကိုးကားပြီးရိုက်တာသတင်းက ဖော်ပြပါတယ်။ အကြမ်းဖက်မှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာ၊လျှပ်စစ်မီးပြတ်တောက်မှုပိုမိုဆိုးဝါးလာတာ၊မူဝါဒဆိုင်ရာမှားယွင်းမှုတွေက နိုင်ငံရေး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Project Dragon Flyကရတဲ့ ကန်ဒေါ်လာနှစ်သန်းကျော်ကိုလေကြောင်းရန်ကာကွယ်ရေးနဲ့တန်ပြန်တိုက်ခိုက်ရေးအတွက် သုံးစွဲနေတယ်လို့NUGပြော

မတ်၊ ၃၁ Project Dragon Flyအစီအစဉ်ကနေ ရရှိတဲ့ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ကို လေကြောင်းရန် ကာကွယ် ရေးနဲ့ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးကဏ္ဍတွေမှာ သုံးစွဲနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့  ထုတ်ပြန်အသိပေးလာပါတယ်။  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ဒီအစီအစဉ်ကနေ ရန်ပုံငွေရှာဖွေပေး သူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်ကန်ရွာကို စစ်ကောင်စီက ဗုံးကြဲလို့ ဒေသခံတွေထွက်ပြေးနေရ၊တိုက်ပွဲလည်းဖြစ်နေ

မတ်၊ ၃၁ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာကို ဒီကနေ့ မတ်လ ၃၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီး ၊ MI 35 တစီးနဲ့လေကြောင်းကနေလာရောက်ပစ်ခတ်တဲ့အတွက် ကန်ရွာကဒေသခံတွေ ဘေး လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကန်ရွာရဲစခန်းကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

PDF က လက်နက်ဖိုးတအိမ်ကျပ်နှစ်သောင်းတောင်းမှုကို စုံစမ်းစစ်ဆေးဖို့ NUG ဝန်ကြီးချုပ်ပြော

မတ်၊ ၃၀   စစ်ကိုင်းတိုင်း၊ ဝက်လက်ဒေသအတွင်းမှာ လက်နက်ဖိုးလို့ဆိုကာ ဒေသအခြေစိုက် PDF တပ်ရင်းက တအိမ်ကျပ်နှစ်သောင်းတောင်ယူမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ အလားတူထပ်မဖြစ်အောင် စီမံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက ညွှန်ကြားလိုက်ပါတယ်။   ” ဒီလအတွင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သရုပ်ဆောင်ဒေါင်းမွေးနေ့အတွက် ပရိသတ်တွေက တော်လှန်ရေးအင်အားစုတွေကိုလှူ

မတ်၊ ၃၀   စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံနေတဲ့ သရုပ်ဆောင်ဒေါင်းရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် သူ့ရဲ့ပရိတ်သတ်တွေက တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရှောင်တွေကို ကူညီလှူဒါန်းမှုတွေ လုပ်ခဲ့ကြပါတယ်။   ပရိသတ်တွေက မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကရင်နီစစ်ရှောင်တွေအတွက် စုစုပေါင်းကျပ်သိန်းသုံးဆယ်ဝန်းကျင် လှူဒါန်းခဲ့တဲ့မှတ်တမ်းတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက အလယ်ခုံရွာသားတဦးကို ခေါင်းကိုပစ်သတ်၊ ကလေးတဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီး

မတ်၊ ၃၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းက အလယ်ခုံကျေးရွာမှာ မတ်လ ၃၀ရက် မနက် ၆နာရီက စစ်ကောင်စီက ဒေသခံစစ်ရှောင်တဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တဦးကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံခရိုင်မှာ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သားနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

မတ်၊ ၃၀   မွန်ပြည်နယ်၊ သထုံခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက နှစ်ရက်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   သေဆုံးခဲ့သူတွေဟာ သထုံမြို့နယ်က အသက်လေးဆယ်ကျော်အရွယ် ဦးစိန်သောင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပင်လောင်းက စစ်ရှောင်ပြည်သူတွေ ဖျားနာတာတွေဖြစ်လို့ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေ

မတ်၊ ၃၀   ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့အရပ်သား ၄၀၀၀ ခန့်ရှိပြီး ဖျားနာတာတွေဖြစ်နေတဲ့အတွက် အရေးပေါ် ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ သူတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ညောင်တုန်းမှာဖမ်းဆီးခံထားရတဲ့ ဒေသခံနှစ်ဆယ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်

မတ်၊ ၃၀   ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်က CDM (Civil Disobedience Movement) ပညာရေးဝန်ထမ်း ၃ ဦးအပါအဝင် ဒေသခံနှစ်ဆယ်ဦးကို စစ်ကောင်စီက မတ်လ ၂၈ရက် မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောင်မြို့နယ်က PDF စခန်းတခုစီးနင်းတိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးကျဆုံး

မတ်၊ ၃၀ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၃၀ရက် မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးတဦးကို ပစ်ခတ်သတ်ဖြတ်ကာ ဦးခေါင်းကိုလည်း ခုတ်ဖြတ်ယူသွားတယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ် CDSOM က ကိုနွေဦးမြောင်က DNA [ဆက်လက်ဖတ်ရှုရန်]