နိုင်ငံရေး

ဒေါ်အောင်ဆန်းကြည်ကိုချမှတ်ထားတဲ့ပြစ်ဒဏ်တွေအပေါ် အယူခံတမှုနဲ့ ပြင်ဆင်မှုနှစ်မှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကလက်ခံ

ဧပြီ၊ ၂၀ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ်အယူခံမှုတက်ထားတဲ့အမှု တမှုနဲ့ ပြင်ဆင်မှုတက်ထားတဲ့ နှစ်မှုကို ပြည်ထောင်စုတရားလွှတ်တော်ချူပ်ကလက်ခံလိုက်တယ်လို့ တရားရေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မနေ့က ဧပြီလ ၁၉ ရက် မှာ  အဲဒီအမှုသုံးမှုအတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီတပ်သားလေးဦးလက်နက်နဲ့ အလင်းဝင်လာတယ်လို့KNU ပြော

ဧပြီ၊ ၁၉ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ(၅)နယ်မြေ မူတြော်ခရိုင်(ဖာပွန်ဒေသ)မှာ စစ်ကောင်စီတပ်သားငါးဦး လက်နက်ခဲယမ်းတွေနဲ့ အခုလအတွင်း အလင်းဝင်လာတယ်လို့ KNLA တပ်မဟာ(၅) သတင်းနဲ့ပြန်ကြားရေးကဒီကနေ့ ထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ(၃၄၁)တပ်ရင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကြောင်းထိုးခံရတဲ့ခင်ဦးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦးနှိပ်စက် အသတ်ခံရ

ဧပြီ၊ ၁၉ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ကို မနေ့ကစလို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ မနက်ပိုင်းက ခင်ဦးမြို့နယ် အနောက်ပိုင်း မြကန်ကျေးရွာကို စစ်ကြောင်းထိုးချိန်မှာ ပိတ်မိသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါး ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကDNAကိုပြောပါတယ်။ “သူတို့ကို မျက်လုံးတွေကိုဖောက်ထုတ်ထားတယ်၊လည်ပင်းကိုလည်းဓားနဲ့လှီးတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက ခင်ဦးမြို့နယ်ကိုနှစ်ရက်ဆက်စစ်ကြောင်းထိုးလို့ စစ်ရှောင် ၈၀၀၀ကျော် အထိတိုးလာ

ဧပြီ၊​ ၁၉   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်တွေက နှစ်ရက်ဆက်စစ်ကြောင်းထိုးနေလို့ ဒေသခံစစ်ရှောင် ၈၀၀၀ ကျော်အထိ တိုးလာတယ်လို့ စစ်ရှောင်ကူညီသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။   “ မနေ့ကကျတော့ စစ်ကြောင်းက အဲ့ဒီနေရာကနေ ပြန်လှည့်တဲ့အနေအထားရှိတယ်။ ဒီနေ့ကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြဝတီမှာ တိုက်ပွဲဆက်ပြင်းထန်နေ၊ စခန်းတခုသိမ်းပိုက်ခဲ့တယ်လို့ စစ်အုပ်စုသတင်းလွှင့်

ဧပြီ၊ ၁၉   ကရင်ပြည်နယ်၊ မြဝတီမြို့ပြင် သင်္ဃန်းညီနောင်အဝေးပြးလမ်းမကြီးဘေးနားမှာ တိုက်ပွဲပြင်းထန်နေသလို မဲကနယ်ဒေသတဝိုက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။   မြဝတီမြို့ မဲကနယ်ရွာတဝိုက်ကို ဒီကနေ့ မနက် ၆ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီပူးပေါင်းတပ်တွေထိုးစစ်ဆင်လို့ စစ်ကောင်စီတပ်သား သုံးဆယ်ထက်မနည်း သေဆုံးတယ်လို့ဆို

ဧပြီ၊ ၁၉   ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက် ဒေါတမကြီးအုပ်စု၊ ဒေါညီကို ကျေးရွာအနီးက စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ၃၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်သေဆုံးမှုများသဖြင့် လေကြောင်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှစ်သစ်ကူးကာလမှာ ဒုလ္လဘဝတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ

ဧပြီ၊ ၁၉   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တပ်ဖွဲ့ဝင်တွေဟာ သင်္ကြန်နှစ်သစ်ကူးကာလမှာ ဒုလ္လဘ ရဟန်း၊ သီလရှင်၊ သာမဏေတွေ ဝတ်ခဲ့ကြတယ်လို့ S.O.F က ဒီကနေ့ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နှလုံးရောဂါသည်တဦးသေဆုံး

ဧပြီ၊ ၁၉   စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက်မှာ မနေ့ကညပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ပစ်ခတ်သံတွေကြောင့် ဆေးရုံမှာကုသမှုခံယူနေတဲ့ နှလုံးရောဂါသည်တဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။   ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ တာဟန်းရပ်ကွက်ဘက်မှာ ဧပြီ ၁၈ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ပဇီကြီးရွာကို စစ်ကောင်စီစစ်ကြောင်းထိုးနေ

ဧပြီ၊ ၁၉   လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနှစ်ရာကျော်သေဆုံးထိခိုက်ခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာထဲကို ဒီကနေ့ မနက်အစောပိုင်းကစလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ အရင်ကတည်းက ရွာထဲမနေဘဲ တိမ်းရှောင်နေကြရတဲ့ ပဇီကြီးရွာခံတွေနဲ့ အနီးဝန်းကျင်ဒေသခံတွေ ထပ်ပြီးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သရက်ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားရိုက်နှက်မှုတွေလုပ်နေ

ဧပြီ၊ ၁၈   မကွေးတိုင်း၊ သရက်အကျဥ်းထောင်မှာထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေကို ပစ်မှတ်ထားပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေရှိနေတယ်လို့ အဲဒီထောင်အတွင်းကအမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။   သရက်ထောင်က လက်ထောက်ကြီးကြပ်ရေးမှူး (၁)ကျော်ဇေယျာစိုးက ဦးဆောင်ပြီး အကျဥ်းသားတွေကို ရိုက်နှက်မှုတွေ ကျူးလွန်နေတာဖြစ်ပြီး သူဟာ [ဆက်လက်ဖတ်ရှုရန်]