ဒေသအလိုက် သတင်းကဏ္ဍ

ငါန်းဇွန်က ပီဒီအက်ဖ်စခန်း စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေဆုံးရှုံး

မေ၊ ၂၆ မန္တလေးတိုင်း ၊ငါန်းဇွန်မြို့နယ်ရှိ ပီဒီအက်ဖ်စခန်းကို စစ်ကောင်စီတပ်တွေက မေလ၂၆ရက်ဒီကနေ့မနက်ငါးနာရီ ဝန်းကျင်မှာဝင်ရောက်စီးနင်းတိုက်ခိုက်လို့ ကျပ်သိန်း၁၅၀တန်ဖိုးရှိလက်နက်ခဲယမ်းတွေဆုံးရှုံးခဲ့ပါတယ်။ “မနက်ပိုင်းဆိုတော့အိပ်နေတဲ့အချိန်လည်းဖြစ်တော့အလစ်အငိုက်အတိုက်ခံရတာ”လို့YGCRအဖွဲ့တာဝန်ရှိသူကဆိုပါတယ်။ စစ်ကောင်စီအင်အား ၅၀ ကျော်ဟာ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့Youth Guerrilla Counter Revolution (YGCR)အဖွဲ့ကိုဝင်ရောက်စီးနှင်းခံတာဖြစ်တယ်လို့ အဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူ တဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ထောင်ဒဏ်ဆယ်နှစ်ထပ်မံချမှတ်၊ စုစုပေါင်းထောင် ၁၃နှစ်ထိချမှတ်ခံထားရ

မေ၊ ၂၆ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်တွေကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းကို သဃ်န်းကျွန်းခရိုင်တရားရုံးကအကြမ်းဖက်မှုဥပဒေပုဒ်မ၅၀(ည)နဲ့ထောင်ဒဏ်ဆယ်နှစ်ထပ်မံချမှတ်လိုက်တယ်လို့သိရပါတယ်။ “ဒီနေ့ပဲအမိန့်ချတာပါ။ အလုပ်နဲ့ထောင်ဒဏ် ဆယ်နှစ်ပါ” လို့တရားဥပဒေအရလိုက်ပါဆောင်ရွက်ပေးနေသူက DNA ကိုပြောပါတယ်။ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမြို့ကတိုက်ပွဲအတွင်း အမျိုးသမီးတဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံး

မေ၊ ၂၅   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မကျည်းကုန်းရွာမှာ မေလ ၂၄ ရက်မနေ့က စစ်ကောင်စီတပ်နဲ့ PDF ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုအတွင်းမှာ အမျိုးသမီးတဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမြင့်မြို့ဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆိုင်ကယ်၊ ကားတွေကို ဖမ်းဆီးငွေညှစ်နေ

မေ၊ ၂၅   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို အကြောင်းမဲ့ဖမ်းဆီးပြီး တစီးကို ကျပ်သုံးသိန်းနှုန်းနဲ့ ပြန်ရွေးခိုင်းတာမျိုး လုပ်နေတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးမိတ်မြို့နယ် ကျောက်မောရဲစခန်း တိုက်ခိုက်ခံရ၊ ရဲနှစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရ

မေ၊ ၂၅   ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောနယ်မြေ ရဲစခန်းကို မနေ့က မနက်ပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရကာ လက်နက်တချို့လည်း သိမ်းဆည်းခံလိုက်ရတယ်လို့ အဲဒီအနီးနားမှာနေထိုင်တဲ့ ဒေသခံတဦးက DNA ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက တက္ကသိုလ်ဝင်တန်းစနစ်ဟောင်းစာမေးပွဲကို ဖျက်သိမ်းပြီး စနစ်သစ်စတင်

မေ ၊ ၂၅ အာဏာသိမ်းစစ်ကောင်စီက ပညာရေးပြုပြင်ပြောင်းလဲမှုအနေနဲ့ဒီနှစ်မှာတက္ကသိုလ်ဝင်တန်းစနစ်ဟောင်းစာမေးပွဲကို ဖျက်သိမ်းပြီး စနစ်သစ်ကို ကူးပြောင်းကာ သင်ရိုးသစ် ၁၂တန်း(Grade12)ကိုသာ ကျင်းပတော့မှာဖြစ်တဲ့အတွက်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ စနစ်သစ်ပညာရေးအတွက်ပြင်ဆင်မှုတရပ်အနေနဲ့Grade 5၊Grade9နဲ့Grade12မှာသင်ကြားကြမယ့်ဆရာ၊ဆရာမတွေကို ဒီလအတွင်းမှာ အနီးကပ်ဆယ်ရက် ကိုတက္ကသိုလ်က သက်ဆိုင်ရာ ဆရာဆရာမတွေနဲ့သင်တန်းပေးခဲ့ပါတယ်။ “သင်ရိုးသစ်အတွက် အနီးကပ်(သင်တန်း)ပေးတာပါ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆယ်ရက်ကြာတိုက်ပွဲတွေအတွင်း လက်နက်(၁၆) လက်နဲ့ သုံ့ပန်းနှစ်ဦးရခဲ့တယ်လို့ KNDFပြော

မေ ၊ ၂၅ ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းမှာ မေလ ၁၄ရက်ကနေ ၂၃ ရက်အထိ ဆယ်ရက်တာ တိုက်ပွဲတွေအတွင်း ရိုင်ဖယ်သေနတ်အများစု၊ ပခုံးထမ်းလောင်ချာ RPG နှစ်လက်အ ပါအဝင်လက်နက်မျိုးစုံ (၁၆)လက်သိမ်းဆည်းနိုင်ခဲ့သလို သုံ့ပန်းနှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

စစ်အာဏာသိမ်းပြီးနောက် တောရိုင်းတိရစ္ဆာန်တွေသတ်ဖြတ်ခံရမှုတွေပိုများလာပြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေ ခက်ခဲနေ

မေ ၊ ၂၅ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကို ဆက်တိုက်ကြုံတွေ့ရတဲ့ မြန်မာနိုင်ငံမှာ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးနဲ့ သုတေသနလုပ်ငန်းတွေကို မဆောင်ရွက်နိုင်တာ လေးနှစ်ခန့် ကြာမြင်နေပါပြီ။  စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ရောင်းဝယ်ခံရမှုတွေ ပိုမိုများပြားလာပြီး သားငှက်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ ပီဒီအက်ဖ်နဲ့ဖြစ်တဲ့တိုက်ပွဲအတွင်း ပျူစောထီးတချို့သေဆုံး

မေ၊ ၂၄ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာပျူစောထီးတွေပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဒီကနေ့ မေ ၂၄ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပျူစောထီးတချို့သေဆုံးတယ်လို့လို့ ဂန့်ဂေါခရိုင်တပ်ရင်း (၁) တာဝန်ရှိသူတဦးက ပြောပါတယ်။ “ပထမဆုံးအရပ်သားပုံစံဆိုင််ကယ်တစီးနဲ့ရှေ့ပြေးလွတ်တယ်သူတို့က။ အဲ့ကောင်လည်းမိုင်းမိသွားတယ်။ မိုင်းမိလို့ရော၊ပစ်ခတ်လို့မှန်တာရော ခုနစ်ဦးသေတယ်လို့ ကျနော်တို့ကြားထားတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်မှာ စစ်ကောင်စီတပ်ကဒေသခံအမျိုးသမီးတွေအပေါ် လိင်ပိုင်ဆိုင်ရာကျူးလွန်မှုတွေရှိနေ

မေ၊ ၂၄ စစ်ကိုင်းတိုင်း၊အထက်ပိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာချိန် ထွက်မပြေးဘဲ ရွာ မှာကျန်နေခဲ့တဲ့ ဒေသခံတွေထဲက အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေကလိင်ပိုင်းဆိုင်ရာကျူးလွန်မှု တွေ ရှိနေတယ်လို့ အဲ့ဒီဒေသက မြေပြင်အခြေအနေတွေကိုဖော်ပြပေးနေတဲ့ Indaw Revolution(IR)က တာဝန်ရှိသူ တဦးကDNAကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]