နိုင်ငံရေး

လက်နက်နဲ့အတူ စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်သားတဦးကို မိုးဗြဲ PDF က ဆုငွေ သိန်းနှစ်ဆယ်ချီးမြှင့်

သြဂုတ်၊ ၄   ရှမ်း-ကယား (ကရင်နီ)နယ်စပ် မိုးဗြဲမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်ကနေ လက်နက် ယူဆောင်ပြီး စစ်ကောင်စီကို စွန့်ခွာလာတဲ့ တပ်သားတဦးကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဆုကြေးငွေ သိန်းနှစ်ဆယ် ချီးမြှင့်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာယာဝတီထောင်မှာ အာဇာနည်နေ့အခမ်းအနားလုပ်တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရလို့ လေးဦးစိုးရိမ်ရ

သြဂုတ်၊ ၄   ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်က အာဇာနည်နေ့ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား/သူ ၃၁ ဦး ရိုက်နှက်ခံရတဲ့အတွက် လေးဦးဟာ ထောင်တွင်းဆေးရုံမှာ တင်ထားရပြီး စိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အချုပ်ကျအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ပလဖအဖွဲ့ဝင် ရှစ်ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ဆောပအဖပြော

သြဂုတ်၊ ၄   မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းက ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်စခန်းတခုမှာ အချုပ်ကျခံနေရတဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အချုပ်ခန်းစောင့် အစမ်းခန့် ပလဖ တပ်ဖွဲ့ဝင်ရှစ်ဦးကို ဖမ်းဆီးထားပြီး အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မူဆယ်တိုက်ပွဲမှာ စစ်ကောင်စီအထိနာ၊ လက်နက်ခဲယမ်း အများအပြားရတယ်လို့ TNLA ပြော

သြဂုတ်၊ ၄   ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဇူလိုင် ၂ရက် မနက်ပိုင်းကနေ ညနေအထိ တနေကုန်နီးပါး ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိမ်းရှောင်နေရတဲ့ ပုသိမ်က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်း နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

သြဂုတ်၊ ၄   ဖမ်းဝရမ်း ထုတ်ခံထားရလို့ တိမ်းရှောင်နေရတဲ့ ပုသိမ်မြို့က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်းရဲ့နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာ ချိပ်ပိတ်သွားတယ်လို့ ပုသိမ်မြို့ခံတွေက DNA ကိုပြောပါတယ်။   ပုသိမ်မြို့ တဖက်ကမ်း အမှတ်(၁၀) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းလှဒေသခံ လင်မယားနှစ်ဦး ပစ်သတ်ခံရ

သြဂုတ်၊ ၃   ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကျွဲမကိုင်းကျေးရွာ က ဒေသခံ လင်မယားနှစ်ဦးကို စစ်ကောင်စီထံ သတင်းပေးတာတွေ မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာတာကြောင့် ပစ်ခတ်ရာမှာ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ ဖွဲ့စည်းပုံပြောင်းပေမယ့် လူဟောင်းအများစုသာ ဆက်လက်ပါဝင်

သြဂုတ်၊ ၃   လေးကြိမ်မြောက်အဖြစ် အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် ကာကွယ်ရေးနဲ့ပြည်ထဲရေးဝန်ကြီး တွေအပါအဝင် စစ်ကောင်စီက ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကို ပြောင်းရွှေ့ခန့်အပ်တာမျိုး လုပ်လိုက်ပေမယ့် အများစုကတော့ လူဟောင်းတွေသာ ဆက်လက်ပါဝင်နေတာ တွေ့ရပါတယ်။   စစ်ကောင်စီက ဝန်ကြီးတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ ပုလဲနယ်က ကျေးရွာပကဖခေါင်းဆောင် အလောင်းသာပြန်တွေ့

သြဂုတ်၊ ၃ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသ_တ်ဖြတ်သွားတယ်လို့ အဲဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်ထက်က DNA ကိုပြောပါတယ်။   ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်း က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီချုပ်ပါတီ၊ တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်း တိမ်းရှောင်ရင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်)ပါတီ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကိုယ်စားပြု တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်းဟာ ဖမ်းဆီးခံရမယ့်အန္တရာယ်ကနေတိမ်းရှောင်ရင်းကင်ဆာရောဂါနဲ့  သြဂုတ်လ ၃ ရက် မနက်ပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။ “ကင်ဆာက နောက်ဆုံးအဆင့်ဖြစ်နေပြီ။ (…….)မှာလာပြီး ဆေးလာကုတာက တနှစ်လောက်ပဲ ရှိဦးမယ်။  သေတဲ့အထိ ရှောင်ရင်းတိမ်းရင်းပဲ ဆေးကုရတာ” လို့  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်ပရောက်လုပ်သားတွေရဲ့ လစာလေးပုံတပုံ တရားဝင်လွှဲစေဖို့ စစ်ကောင်စီ စီစဉ်နေ

သြဂုတ်၊ ၂ ပြည်ပရောက်မြန်မာလုပ်သားတွေ မိသားစုဆီ ငွေလွှဲရာမှာ အခြေခံလစာရဲ့ ၂၅ရာခိုင်နှုန်းအထိတရားဝင်လမ်းကြောင်းကနေလွှဲစေဖို့စီစဉ်နေတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးက ပြောဆိုပါတယ်။ ဒီနေ့မနက်ကပြုလုပ်တဲ့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအစည်းအဝေးမှာ သူကအဲ့လိုပြောခဲ့တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီး ဌာနကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီအနေနဲ့ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့လွှဲပို့ငွေကို ကြပ်မတ်ဖို့ အေဂျင်စီတွေကိုခေါ်ယူဖိအားပေးမှုတွေလုပ်ထားသလိုမဖြစ်မနေလွှဲပို့ခိုင်းမယ့် နှုန်းထားကိုလည်း ထုတ်ဖော်အသိပေးလာတာဖြစ်ပါတယ်။ “ပထမတော့ [ဆက်လက်ဖတ်ရှုရန်]