နိုင်ငံတကာရေးရာ

နိုင်ဂျီးရီးယား ကက်သလစ်ဘုရားကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရပြီး လူ ၅၀ကျော်သေဆုံး

  နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ကက်သလစ်ဘုရားကျောင်းတစ်ကျောင်းကို သေနတ်သမားတွေက ဇွန်လ ၅ရက်နေ့မှာ အစုလိုက်အပြုံလိုက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။  တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့တယ်လို့ ဆေးရုံဆရာဝန်တစ်ဦးနဲ့ မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စပိန်က ယူကရိန်းကို လေယာဉ်ပစ်ဒုံးကျည်နဲ့ တင့်ကားတွေ ပေးပို့မယ်

စပိန်ဟာ ယူကရိန်းနိုင်ငံကို စစ်ရေးထောက်ပံ့မှု အဆင့်မြှင့်တင်ရာမှာ လေယာဉ်ပစ်ဒုံးကျည်တွေနဲ့ Leopard တိုက်ပွဲဝင် တင့်ကားတွေကို ထောက်ပံ့ပေးနေတယ်လို့  စပိန်သတင်းစာ El Pais က ဇွန်လ ၅ရက်မှာ အစိုးရသတင်းရင်းမြစ်ကို ကိုးကားဖော်ပြပါတယ်။ ယူကရိန်းစစ်တပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ တင့်ကားအသုံးပြုနည်းလေ့ကျင့်တာတွေကိုလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အတိုက်အခံ ခေါင်းဆောင်တွေကို ကွပ်မျက်ဖို့ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်ထုတ်ပြန်

ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို ကွပ်မျက်ဖို့ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ် ကပြောကြားလိုက်ပါတယ်။ အဲဒီ သတင်းထုတ်ပြန်ချက်ဟာ စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြနေကြောင်း နက်ဒ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘင်္ဂလားဒေ့ရှ်မှာ ကွန်တိန်နာသိုလှောင်ရုံ  မီးလောင်မှုဖြစ်ပွားပြီး ၅ ဦးသေဆုံး ၁၀၀ ကျော် ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ကွန်တိန်နာသိုလှောင်ရုံ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူငါးဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန်လ ၅ရက်နေ့မှာ ပြောပါတယ်။ စစ်တကောင်းဆိပ်ကမ်းမြို့ကနေ ၂၅ မိုင်ဝေးတဲ့ ဆီတာခွန်ဒူ နယ်မြေရှိ ကွန်တိန်နာသိုလှောင်ရုံမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တီယန်နန်မင်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ထိုင်ဝမ်မှာ လူရာချီစုရုံး

ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်မှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေအပေါ်တရုတ် ကွန်မြူနစ် အစိုးရက သွေးထွက်သံယို ဖြိုခွင်းခဲ့တဲ့ ၃၃နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်ဝမ်မှာ ဇွန်လ ၄ရက်က လူရာနဲ့ချီ စုဝေးခဲ့ကြပါတယ်။  စုဝေးတဲ့နေရာမှာ ဆန္ဒပြမှုတွေကို တားဆီးဖို့ တရုတ်ပြည်မကြီးလက်အောက်ခံ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း စံချိန်တင် ကျဆင်း

ဂျပန်နိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ ကလေးမွေးဖွားမှု စံချိန်တင် ကျဆင်းခဲ့တယ်လို့ ဇွန်လ ၃ရက်နေ့က ထုတ်ပြန်တဲ့ အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။ မနှစ်က ကလေးမွေးဖွားမှု ၈၁၁,၆၀၄ ဦးရှိခဲ့ပြီး ဒါဟာ ၁၈၉၉ခုနှစ်ကတည်းက ကျန်းမာရေး ဝန်ကြီးဌာန [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂျာမနီနိုင်ငံမှာ ရထားလမ်းချော်မှုကြောင့် လူလေးဦးသေဆုံးပြီး လူ၃၀ ဒဏ်ရာရ

ဂျာမနီနိုင်ငံတောင်ပိုင်းက နာမည်ကြီး နှင်းလျှောစီးအပန်းဖြေစခန်းအနီးမှာ  ဇွန်လ ၃ရက်နေ့က ဒေသတွင်းပြေးဆွဲတဲ့ ရထားတစ်စင်း  လမ်းချော်တိမ်းမှောက်ခဲ့ပြီး လူလေးဦးသေဆုံးကာ လူ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့  တာဝန်ရှိရဲအရာရှိက  ပြောပါတယ်။ ရထားတိမ်းမှောက်မှုဟာ ဘာဗေးရီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး ခရီးသည် ၆၀ လိုက်ပါလာခဲ့တာပါ။ ကနဦးသတင်းအရ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်ပခရီးသွားအတွက် ကွာရန်တင်းကန့်သတ်ချက် တောင်ကိုရီးယား ရုတ်သိမ်း

ဇွန်လ ၈ ရက်ကစတင်ပြီး ကာကွယ်ဆေးမထိုးထားတဲ့ ပြည်ပကနေ ရောက်ရှိလာသူတွေကို သီးသန့်ခွဲထားဖို့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းမယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ်က ဇွန်လ ၃ရက်မှာ ပြောပါတယ်။ ဒါပေမယ့် အစိုးရက စစ်ဆေးမှုရလဒ်လိုအပ်ချက်အနေနဲ့ ခရီးဆိုက်ရောက်ရှိပြီး ၇၂ နာရီအတွင်း PCRစမ်းသပ်မှုတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှုပိုဆိုးလာနေတယ်လို့ WHO ပြော

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အခြေအနေ ပိုပြီးဆိုးရွားလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOအနေနဲ့ ယူဆကြောင်း ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။ ကိုဗစ်ကူးစက်မှု တဖြည်ဖြည်းလျော့ကျလာပြီလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက ကြေညာထားပေမယ့် WHO က အခုလို ထုတ်ပြန်လိုက်တာပါ။ “မြောက်ကိုရီးယားရဲ့ မြေပြင်အခြေအနေဆိုင်ရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟေတီနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေကြောင့် တစ်လအတွင်း လူ ၂၀၀ နီးပါး သေဆုံး

ဟေတီမြို့တော်မှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ မြင့်တက်လာပြီး တစ်လအတွင်း လူ ၂၀၀ နီးပါးသေဆုံးကာ ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ လက်နက်ကိုင်ပြိုင်ဘက်ဂိုဏ်းတွေဟာ ပို့တ်အော်ပရင့်စ်မြို့မှာ ဧပြီလနှောင်းပိုင်းကစပြီး နယ်မြေသိမ်းပိုက်မှု [ဆက်လက်ဖတ်ရှုရန်]