နိုင်ငံတကာရေးရာ

ရုရှားကိုပံ့ပိုးတယ်ဆိုတဲ့ တရုတ်ကုမ္ပဏီ ၅ခုကို အမေရိကန်က အမည်ပျက်စာရင်းသွင်း

 ရုရှား စစ်ဘက်နဲ့ ကာကွယ်ရေးစက်မှုအခြေစိုက်စခန်းကို ပံ့ပိုးကူညီခဲ့တယ်လို့ဆိုတဲ့ တရုတ်ကုမ္ပဏီ ၅ခုကို  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်တဲ့အစိုးရအဖွဲ့က ဇွန်လ ၂၈ရက်နေ့မှာ ကုန်သွယ်မှုဆိုင်ရာ အမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ ရုရှားမှာဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အဖွဲ့အစည်းတွေကို ဆက်လက်ထောက်ပံ့ဖို့ စာချုပ်ချုပ်ဆိုထားတာပါ။ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

 ဂျော်ဒန်ဆိပ်ကမ်းမှာ ကလိုရင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၂ဦး သေဆုံး

ဂျော်ဒန်နိုင်ငံ အယ်လ်ကွာဘာ ဆိပ်ကမ်းရှိ သိုလှောင်ကန်တစ်ခုကနေ ကလိုရင်းဓာတ်ငွေ့ယိုစိမ့်တာကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၅၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့  အာဏာပိုင်တွေနဲ့နိုင်ငံပိုင်မီဒီယာတွေက ဇွန်လ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ Djibouti နိုင်ငံကို တင်ပို့မယ့် ကလိုရင်းဓာတ်ငွေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းစျေးဝယ်စင်တာကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၁၆ဦးထပ်မနည်း သေဆုံး

ယူကရိန်းနိုင်ငံအလယ်ပိုင်း Kremenchuk မြို့ရှိ လူစည်ကားတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ ဇွန်လ ၂၇ ရက်နေ့က ရုရှားဒုံးကျည်နှစ်စင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူ ၁၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၀နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန် စင်တာထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန်လေယာဉ် ပျံသန်းမှုကို တရုတ်ကန့်ကွက် 

မကြာသေးမီက အမေရိကန်ရေတပ်ရဲ့လေယာဉ်တစ်စင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပျံသန်းတာဟာ ဒေသတွင်းအခြေအနေကို ရည်ရွယ်ချက်ရှိရှိအနှောင့်အယှက်ပေးတာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ တရုတ်စစ်တပ်က ဇွန်လ ၂၅ရက်မှာ ပြောပါတယ်။ ဇွန်လ ၂၀ရက်က ပြုလုပ်တဲ့ အမေရိကန်လေကြောင်းစစ်ဆင်ရေးကို စောင့်ကြည့်ဖို့ လေကြောင်းနဲ့ မြေပြင်တပ်ဖွဲ့တွေကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်ငလျင်ကယ်ဆယ်ရေးအတွက် ထိုင်ဝမ်က ဒေါ်လာ ၁ သန်း လှူဒါန်း

အာဖဂန်ငလျင်ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းသွားမှာဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက ဇွန်လ ၂၃ရက် နှောင်ပိုင်းက ပြောပါတယ်။ လှူဒါန်းရာမှာ နိုင်ငံနယ်နိမိတ်မခွဲခြားဘဲ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိတ်ဓာတ်ကိုအခြေခံပြီ လှူဒါန်းသွားမှာဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပသမဂ္ဂက ယူကရိန်းကို အီးယူအဖွဲ့ဝင် ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်

ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာ ကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးပွဲမှာ ဥရောပသမဂ္ဂ ၂၇ နိုင်ငံရဲ့ခေါင်းဆောင်တွေက ယူကရိန်းကို အီးယူအဖွဲ့ဝင်ကိုယ်စားလှယ်လောင်းနေရာပေးအပ်ဖို့ လိုအပ်တဲ့သဘောတူညီချက်ကို ဇွန်လ ၂၃ရက်မှာ တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။ ရုရှားရဲ့သြဇာလွှမ်းမိုးမှုကနေ ဝေးကွာအောင်ဆွဲထုတ်ပြီး အနောက်နိုင်ငံတွေနဲ့ ပိုပြီးနီးနီးကပ်ကပ် ချည်နှောင်ထားဖို့အတွက် အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်က ယူကရိန်းကို ဒေါ်လာ သန်း ၄၅၀တန်ဖိုးရှိ လုံခြုံရေးအကူအညီ ထပ်မံပေးပို့

ယူကရိန်းကို အမေရိကန်က တာဝေးပစ်ဒုံးကျည်စနစ်တွေအပါအဝင် နောက်ထပ် ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိတဲ့ လုံခြုံရေးအကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဇွန်လ ၂၃ရက်မှာ ပြောပါတယ်။ အခုတခေါက်အကူအညီမှာ ကမ်းရိုးတန်းနဲ့ မြစ်ကြောင်း ကင်းလှည့်သင်္ဘော ၁၈ စင်းအပါအဝင် ကျည်ဆန်တွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို  ရုရှားနဲ့ ယူကရိန်းကို သွားမယ်

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ အခုလအတွင်း ရုရှားနဲ့ ယူကရိန်းကို သွားရောက်ပြီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၂ရက်နေ့မှာ ပြောပါတယ်။  ထိပ်တန်းစက်မှုနိုင်ငံအဖွဲ့ ဂျီ 20 ရဲ့ အလှည့်ကျဥက္ကဋ္ဌလည်း ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၈၀ကျော်သေဆုံး

အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်းမှာ ဒီကနေ့ဇွန်လ ၂၂ရက်နေ့ မနက်အစောပိုင်းက အင်အား ၆ ဒဿမ ၁ မဂ္ဂနီကျူဒ့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၂၈၀ကျော်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။  အိမ်နီးချင်းပါကစ္စတန်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းကလေးတွေကိုထောက်ပံ့ဖို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လေလံတင်ရောင်းချခဲ့တဲ့ ရုရှားသတင်းစာဆရာ

၂၀၂၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး ပူးတွဲဆုရှင် ရုရှားသတင်းစာဆရာ Dmitry Muratov ဟာ ယူကရိန်းစစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ကလေးငယ်တွေကို အကူအညီပေးဖို့ သူ့ရဲ့နိုဘယ်ဆုတံဆိပ်ကို စံချိန်တင်ဒေါ်လာ ၁၀၃ ဒဿမ ၅ သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ Muratov [ဆက်လက်ဖတ်ရှုရန်]