နိုင်ငံတကာရေးရာ

အိန္ဒိယနိုင်ငံအလယ်ပိုင်းက ဆေးရုံတစ်ရုံမီးလောင်လို့ မွေးကင်းစကလေးငယ် ၄ ဦးသေဆုံး

၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ကာမာလာနေရူး ဆေးရုံမှာ မီးလောင်မှုဖြစ်လို့ မွေးကင်းစကလေးငယ် ၄ ဦးသေဆုံးသွားခဲ့ရတယ်လို့ NDTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီမီးလောင်မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်၊ တနင်္လာနေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ထောင်ဒဏ် ၇၅နှစ်ချမှတ်

၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို စစ်အုပ်စုက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှု ၅မှုစွပ်စွဲကာ ထောင်ဒဏ် ၇၅နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၉ရက်နေ့မှာ စစ်အုပ်စုက မတရားစွဲဆိုထားတဲ့ အမှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုင်ငံတွင်းမှာ ကိုဗစ်ကင်းစင်နေတယ်လို့ သတင်းလွှင့်ထားပေမယ့် ကိုဗစ်နဲ့ သေဆုံးသူတွေရှိနေတဲ့ မြောက်ကိုရီးယား

၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ကိုဗစ်ဗိုင်းရပ်စ် ကင်းစင်နေတယ်လို့ အာဏာပိုင်တွေက အသိပေးထားပေမယ့် ဒါဟာ လိမ်ညာမှုတစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယား ပြည်သူအချို့က ထုတ်ဖော်ဖွင့်ဟလာခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံတွင်း သတင်းအရင်းအမြစ်တချို့ကို RFA သတင်းဌာနက ကိုးကားဖော်ပြရာမှာ မြောက်ကိုရီးယားနိုင်ငံက ဆေးရုံတစ်ရုံမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုကိုယ်စားလှယ်ကိုမဖယ်ရင် အာဆီယံညီလာခံမတက်ဘူးလို့ နိုင်ငံတကာစာရင်းကိုင်လုပ်ငန်းတွေကြေညာ

၉၊ ‌‌‌‌‌‌နိုဝင်ဘာလ၊ ၂၀၂၁။ နိုင်ငံတကာစာရင်းကိုင်လုပ်ငန်းတွေဖြစ်တဲ့ CPA Australiaနဲ့ နယူးဇီလန်က CAANZ ကုမ္ပဏီတို့ ဟာ မကြာခင်ကျင်းပမယ့် အာဆီယံ စာရင်းစစ်များ ညီလာခံမှာ မြန်မာအကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်ကိုလက်ခံတဲ့အတွက်   ညီလာခံမတက်ဘဲ နုတ်ထွက်မယ်လို့ ကြေညာခဲ့ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောင်းနဲ့ရုံးမတက်ကြတော့ဖို့ မြစ်ကြီးနားအထူးတပ်ဖွဲ့ နောက်ဆုံး သတိပေး

၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်အတွင်း ဒီနေ့ကစပြီး ကျောင်းနဲ့ရုံး မတက်ကြတော့ဖို့ မြစ်ကြီးနား စကစ တိုက်ဖျက်ရေးအထူးအဖွဲ့က နောက်ဆုံးအနေနဲ့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့ကနေစပြီး စစ်ဆင်ရေးလိုအပ်ချက်အရ နေ့ညမရှောင် နေရာအနှံ့မှာ အမှန်တကယ်ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မှာဖြစ်ကြောင်း ဆရာတွေ၊ကျောင်းသားမိဘတွေနဲ့ ဝန်ထမ်းတွေအားလုံးကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အထူးစိုးရိမ်ဖွယ် စစ်ရေးတိုးမြှင့်မှုတွေကြောင့် မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေး

၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြန်မာအနောက်မြောက်လွင်ပြင်အထူး စိုးရိမ်ဖွယ်ရာ စစ်ရေးတိုးမြှင့်နေမှုအခြေအနေအရ ကုလသမဂ္ဂလုံခြုံရေးကောင် စီမှာ မြန်မာအရေးနဲ့ပတ်သက်တဲ့တံခါးပိတ်အစည်းအဝေးကို ဗြိတိန်နိုင်ငံရဲ့မေတ္တာရပ်ခံချက်နဲ့ ဒေသစံတော်ချိန် နိုဝင်ဘာ၈ရက်နေ့မှာ ကျင်းပနေပါတယ်။ ၂၀၂၀ရွေးကောက်ပွဲတစ်နှစ်ပြည့်နေ့နဲ့တိုက်ဆိုင်စွာပဲ တံခါးပိတ်အစည်းအဝေးကျင်းပတာဖြစ်ပြီးမြန်မာအကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးတိုးမြှင့်နေမှုလုပ်ရပ်ဟာ ပြီးခဲ့တဲ့ ၄နှစ်က ရခိုင်ပြည်နယ်အတွင်းရိုဟင်ဂျာတွေကို ရက်ရက်စက်စက်နှိမ်နင်းခဲ့တာကိုပြန်မြင်ယောင်စေတယ်လို့ဗြိတိန်နိုင်ငံရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒဂုံတက္ကသိုလ်ကျောင်းသူ မသဉ္ဇာဇော်ကို စစ်အုပ်စုက ထောင် ၁၀နှစ်ချ

၈၊ နိုင်ဝင်ဘာလ၊ ၂၀၂၁။ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော် ကို အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ (က)နဲ့ ထောင်ဒဏ်နဲ့ ၁၀နှစ်ချမှတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ထံက သိရပါတယ်။ ကျောက်တံတားမြို့နယ်မှာ စက်တင်ဘာလ ၁၄ရက်နေ့က စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စဉ့်ကူးမြို့ ကျည်တောက်ပေါက်ရွာ အုပ်ကြီး အပစ်ခံရ

၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ငယ်ကို အမည်မသိ သေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၈ရက်နေ့ မွန်းလွဲ ၂နာရီ ၁၅မိနစ်ခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုဗစ်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပြီး နိုင်ငံတကာခရီးသွားလာခွင့်တွေကို အမေရိကန်ခွင့်ပြု

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးလိုက်ပြီး ခရီးသွားတွေကို နိုင်ငံအတွင်း သွားလာခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ မက္ကဆီကို၊ ကနေဒါနဲ့ ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံအများအပြားက ခရီးသွားတွေအတွက် ကိုဗစ်ကန့်သတ်ချက်တွေကို ဒီကနေ့ တနင်္လာနေ့မှာပဲ ရုတ်သိမ်းပြီး ခရီးသွားလာခွင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆူဒန် ဒီမိုကရေစီလိုလားသူတွေအကြား CDM လှုပ်ရှားမှု စတင်

၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ အာဏာသိမ်း ဆူဒန်နိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အုပ်စုတွေက ၂ ရက်ကြာ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး) လှုပ်ရှားမှုကို နိုဝင်ဘာ ၇ရက်နေ့က စတင်လိုက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေပါတယ်။ တယ်လီဖုန်းနဲ့ [ဆက်လက်ဖတ်ရှုရန်]