ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့် ပြည်သူတွေ သတိရှိဖို့ ULA/AA ထုတ်ပြန်

၁၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာတာမို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ ULA/AA(ရက္ခိုင့်တပ်တော်)က သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုဟာ ရခိုင်ပြည်နယ်အတွင်းမှာ ကျေးရွာတွေကိုသွားလာကာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး တပ်အပြောင်းအရွေ့တွေလဲ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ရက္ခိုင့်တပ်တော်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူတို့ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ရဲရင့်မှုကို အကြမ်းဖက် စစ်အုပ်စု မတားဆီးနိုင်ဘူးလို့  ယာယီသမ္မတ ပြော

၁၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လေးစားလောက်တဲ့ ရဲရင့်မှုတွေကို အကြမ်းဖက် စစ်အုပ်စုအနေနဲ့မတားဆီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ဒီဇင်ဘာ၁၀ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အတွက် ယာယီသမ္မတပေးပို့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အသံတိတ်သပိတ်မလုပ်ကြဖို့တိုက်တွန်းထားတဲ့ NLD ထုတ်ပြန်စာအတု အွန်လိုင်းမှာ ပျံ့နှံ

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ ဒီဇင်ဘာလ ၁၀ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံအနှံ့ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို လက်မခံကြောင်း အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော်ထားချိန်မှာ NLDပါတီ ဗဟိုကော်မတီက အသံတိတ်သပိတ်မလုပ်ဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ကြေညာစာအတု တစောင် ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ အိုမီခရွန် မျိုးကွဲသစ် တွေ့နေပြီလို့ WHO ပြော

၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ တောင်အာဖရိက ကနေ  ပြန့်ပွားလာခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ အခုအခါ နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ တွေ့ရှိနေပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်အသိပေးလိုက်ပါတယ်။ လက်ရှိမှာ အိုမီခရွန်မျိုးကွဲသစ်အတွက် စောင့်ကြည့်လေ့လာတာတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီတောင်းဆို

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီက တောင်းဆို လိုက်ပါတယ်။ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ဂျာနိုင်ငံက ဒီဇင်ဘာလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ အဲဒီလိုဖော်ပြထားပြီး နိုင်ငံတော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆိုးသထက်ဆိုးလာနေတဲ့ မြန်မာ့အခြေအနေ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံ၃နိုင်ငံခရီးစဉ်မှာ အဓိကဆွေးနွေးမယ်

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ မကြာခင်စတင်တော့မယ့်အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony J. Blinken) ရဲ့ အာဆီယံ၃နိုင်ငံခရီးစဉ်အတွင်း ရောက်ရှိတဲ့နိုင်ငံတိုင်းမှာ ဆိုးသထက်ဆိုးလာနေတဲ့ မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာအရှေ့တောင်ပိုင်းမြို့နယ်တွေမှာ နေရပ်စွန့်ထွက်ပြေးမှု ဆက်လက်ဖြစ်ပွား

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မြို့နယ်အတော်များများမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ပြည်သူတွေနေရပ်စွန့်ထွက်ပြေးရတာဆက်လက်ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မြို့နယ်အတော်များများမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတယ်လို့ဆိုပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယ ကာကွယ်ရေး ဦးစီးချုပ် ဆေးရုံကို ပို့ဆောင်စဉ်မှာ သေဆုံး

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက် စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ကူနိုမြို့အနီးမှာ ပျက်ကျသွားခဲ့တယ်လို့ ဖော်ပြအပြီး အဲ့ဒီ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာသူ ၁၄ ဦးအနက် ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက် အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘူရန်ဒီနိုင်ငံ အကျဉ်းထောင်မှာ မီးလောင်လို့ အကျဉ်းသား ၃၈ ဦးသေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာရ

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ဘူရန်ဒီနိုင်ငံ အကျဉ်းထောင်တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားလို့ အကျဉ်းသား ၃၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ CBC သတင်းဌာနက ဖော်ပြပါတယ်။ ဂျီတီဂါမြို့မှာရှိတဲ့ အဲ့ဒီ အကျဉ်းထောင်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အထူးသံရဲ့မြန်မာခရီးစဉ်ပေါ်ပေါက်ရေး စစ်အုပ်စုပူးပေါင်းပါဝင်ဖို့ စင်ကာပူတောင်းဆို

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ပေါ်ပေါက်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပူးပေါင်း ပါဝင်ဖို့ စင်ကာပူနိုင်ငံက တောင်းဆိုလိုက်ပါတယ်။ အာဆီယံအထူးသံဟာ မြန်မာနိုင်ငံထဲလာရောက်ပြီး မြန်မာ့အရေး စားပွဲဝိုင်းဆွေးနွေးပွဲပေါ်ရောက်ရေး တွေ့သင့်တွေ့ထိုက်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ အတွက်စစ်အုပ်စုအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုလိုက်တာပါ။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး [ဆက်လက်ဖတ်ရှုရန်]