ဒေသအလိုက် သတင်းကဏ္ဍ

လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ နည်းဗျူဟာ အပြောင်းအလဲတွေလုပ်ဖို့လိုတယ်လို့ NUG ကာ ကွယ်ရေးဝန်ကြီးဆို

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် နည်းလမ်းအသစ်တွေရှာဖွေဖို့လိုသလို နည်းဗျူဟာပိုင်းဆိုင်ရာအပြောင်းအလဲ နဲ့ အသင့်အနေအထားပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့လိုတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ NUG ရေဒီယို အစီအစဉ်က ထုတ်လွှင့်တဲ့ PDF ရဲဘော်များသို့ အစီအစဉ်ကတဆင့် ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ BPLA တို့ စစ်ရေးပူးပေါင်းဆောင်ရွက်မယ်

အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဗမာပြည်သူ့လွတ်မြောက် ရေး တပ်မတော်(BPLA)တို့ဟာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံရေးအရလည်း အပြန်အလှန် လေး စားအသိအမှတ်ပြုမှုနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊အတွင်းဝန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါင်းတည် PDF စခန်းနား စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်းဆွဲခံရပြီး ခြောက်ဦး ထက်မနည်းသေ

ပဲခူးတိုင်းအနောက်ပိုင်း ၊ပေါင်းတည်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတခုနား စစ် ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ခြောက်ဦးထက်မနည်းသေဆုံးပြီး အများအ ပြား ဒဏ်ရာရတယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)ပြောရေးဆိုခွင့်ရှိသူက DNA ကိုပြော ပါတယ်။ “ညတည်းကစစ်သားတွေ စစ်ကြောင်းထိုးဖို့ပြင်နေကတည်းက ကျွန်တော်တို့လည်းပြင်ဆင်ထားတာပါ”လို့ သူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုတ်တရက် ရေကြီးလို့ မလေးရှားက ဂူထဲမှာ ပိတ်မိသူ သုံးဆယ်လောက်ကို ကယ်ထုတ်ခဲ့ရ

ရုတ်တရက် ရေကြီးလာလို့ မလေးရှားက လှိုူဏ်ဂူတစ်ခုထဲမှာ ပိတ်မိနေသူ ၃၀ လောက်ကို အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း သိရပါတယ်။  မလေးရှား မြောက်ပိုင်းက ထုံးကျောက်လှိုဏ်ဂူ တစ်ခုထဲ ရောက်ရှိနေတဲ့ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ဟာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လှိုဏ်ဂူဝကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပျောက်နေတဲ့ အင်ဒို အမျိုးသမီးရဲ့ အလောင်းကို စပါးအုံးမြွေ ဗိုက်ထဲမှာ ရှာတွေ့

အင်ဒိုနီးရှားနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးကြီး တစ်ဦးရဲ့ ရုပ်အလောင်းကို စပါးအုံးမြွေကြီး တစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။  ဘီတာရာဂျမ်ဘီ ဒေသမှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဂျာရားဆိုတဲ့ အမျိုးသမီးကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နျူကလီးယား စမ်းသပ်နိုင်ခြေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားကို မဟာမိတ် သုံးနိုင်ငံ သတိပေး

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု တစ်ခုသာ ပြုလုပ်ခဲ့မယ်ဆိုရင် တွေးတောင် မတွေးမိဖူးတဲ့ တုံ့ပြန်မှုမျိုးတွေ ကြုံလာရစေမယ်လို့ အမေရိကန်နဲ့ အာရှ မဟာမိတ်တွေက မြောက်ကိုရီးယားကို သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။  အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ မြောက်ကိုရီးယား အနေနဲ့ နိုင်ငံရဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

 ပြိုင်ပွဲကို လက်ပြနှုတ်ဆက်သွားတဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ရလဒ်များ 

မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ နာမည်ကြီး ဘာစီလိုနာဟာ ခါးသီးတဲ့ အရှုံးကို ရင်ဝယ်ပိုက်ရင်း ပွဲစဉ်မကုန်ခင် ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာဖို့ သေချာသွားခဲ့ပါပြီ။ နာမည်ကြီး လီဗာပူးလ်ကတော့ အဝေးကွင်း နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်အတွက် စောစောစီးစီး လေယာဉ်လက်မှတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး မြရည်နန္ဒာတိုက်တန်း သုံးလွှာက ခုန်ချတဲ့အမျိုးသမီး ဆေးရုံမရောက်မီ သေဆုံး

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြရည်နန္ဒာအိမ်ရာ တိုက်တန်းထဲက တိုက်တခုရဲ့ သုံးလွှာကနေ အသက်(၂၇) နှစ်အရွယ် အမျိုးသမီးတဦး ခုန်ချသေဆုံးမှု ဒီကနေ့အောက်တိုဘာ (၂၆)ရက်၊မနက်ပိုင်းက ဖြစ်ခဲ့တယ်လို့ မြရည် နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ တိုက်ပေါ်က ခုန်ချခဲ့တဲ့အမျိုးသမီးကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်လူနာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာ-အရာတော်လမ်းမှာ မိုင်းဆွဲခံရပြီး စစ် ကောင်စီ ဗိုလ်တဦးအပါအဝင်ဆယ့်သုံးဦး ထက်မ နည်းသေ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း မုံရွာ-အရာတော် လမ်းမှာ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GPDF) အဖွဲ့အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီယာဉ် (၂)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး (၁၃) ဦးထက်မနည်းသေဆုံးတယ်လို့ မုံရွာပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက DNAကို ပြောပါ တယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်းမြို့​ဒေသခံအမျိုးသမီးတစ်ဦးကို စစ်တပ်ကသတ်ဖြတ်ပြီး တဲနှစ်လုံးကို မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် မှာ စစ်ကောင်စီတပ်က အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတဦးကို အခုရက်ပိုင်းအတွင်းအ ကြောင်းမဲ့သတ်ဖြတ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ မုန်းမြို့နယ် တခေါ့ပွာ ကျေးရွာမှာ နေထိုင်တဲ့ နော်ဒေညားဆိုသူအမျိုးသမီးကို စစ်ကောင်စီ ခမရ (၅၉၉)က အကြောင်းမဲ့သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]