အားကစားကဏ္ဍ

ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး အလီဒါရီရဲ့ မိသားစုကို ပြည်ပထွက်ခွာခွင့် အီရန်ပိတ်ပင်

နိုင်ငံရဲ့ ဘောလုံးသမိုင်းမှာ ခြွင်းချက်မရှိ အကျော်ကြားဆုံး ဂန္ထဝင် ကြယ်ပွင့်ဟောင်းကြီးရဲ့ မိသားစုတွေကို ပြည်တွင်းက ထွက်ခွာခွင့် မပေးဘဲ အီရန် အာဏာပိုင်တွေက ပိတ်ပင်ထားကြောင်း သိရပါတယ်။   အသက် ၅၃ နှစ် ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟောင်းကြီး [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလားမှာ တောက်ပခဲ့တဲ့ နယ်သာလန် ဘောလုံးကြယ်ပွင့် ဂက်ခ်ပိုကို လီဗာပူးလ် ခေါ်ယူ

လီဗာပူး အသင်းဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့ နယ်သာလန် တောင်ပံတိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂက်ခ်ပိုဟာ ကာတာမှာ ကျင်းပပြီးစီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့် ဒွန်ဘန်ထောင်က ထောင်မှူးကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဒွန်ဘန်အကျဉ်းထောင်မှူးအဖြစ် လုပ်ကိုင်နေတဲ့ စစ်တပ်ဗိုလ်ကြီးဟောင်း ကိုင်ဇာလျန်ကို မိုးကောင်းမြို့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG BLCK K က ထုတ်ပြန်ပါတယ်။ အကျဉ်းထောင်မှူး ကိုင်ဇာလျန်ဟာ နွေဦးတော်လှန်ရေးကာလတလျှောက် စစ်ကောင်စီသတင်းပေးအဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ်မှာ ဒေသခံရာချီ တိမ်းရှောင်နေရပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ နေ့စဉ်ဖြစ်နေတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ မြို့နားအနီးတဝိုက်ထိ စစ်မြေပြင် ကျယ်ပြန့်လာတာကြောင့် မြို့ပေါ်နေသူတွေနဲ့ မြို့အနီးနားပတ်ဝန်းကျင်က ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟန်သာညိန်းကို စစ်ကောင်စီက ထောင်ငါးနှစ်ထပ်ချ

ကမာရွတ်မီဒီယာ သတင်းဌာန ပူးတွဲတည်ထောင်သူနဲ့ ထုတ်လုပ်ရေးမှူးဖြစ်တဲ့ ကိုဟန်သာညိန်းကို ဒီကနေ့ ဒီဇင်ဘာ (၂၆) ရက်မှာ အင်စိန်ထောင်တွင်းတရားရုံးက အီလက်ထရောနစ်ဥပဒေနဲ့ ထောင် ဒဏ် (၅)နှစ် ထပ်ချလိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ ကိုဟန်သာညိန်းကို ရန်ကုန်မြို့၊ လှည်းတန်းမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်ကောင်စီက အကျဥ်းသားတွေ ထပ်လွှတ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ အကျဥ်းသားတချို့ကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးဖို့ ပြင်ဆင်နေတယ်လို့ အမည်မဖော်လိုတဲ့ အကျဥ်းဦးစီးဌာန သတင်းအရင်းမြစ်တဦးက DNA ကိုပြောပါတယ်။ အကျဥ်းဦးစီးဌာနရုံးချုပ်က ပေးပို့လာတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အကျဥ်းသားစာရင်းကို အကျဥ်းထောင်တွေက ပြုစုပေးပို့ထားကြရပြီး ဘယ်ရက်မှာ လွှတ်ပေးမယ်လို့တော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီလက်အောက်မှာ ထောင်တွင်းအကြမ်းဖက်မှုတွေ ပိုဆိုးလာ

စစ်ကောင်စီလက်အောက် အကျဉ်းထောင်တွေမှာ ထောင်တွင်းအကြမ်းဖက်မှုတွေ ပိုဆိုးလာနေပြီး ထောင်ဝင်စာ ပို့ဖို့အတွက်လည်း အခက်အခဲတွေ အရင်ထက် တိုးလာတယ်လို့ အကျဉ်းထောင်နဲ့ ဆက်နွယ်နေတဲ့ သတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။ “ထောင်ထဲမှာ အကြမ်းဖက်တာတွေ လုပ်တယ်ဆိုတာက ထောင်မှူးတွေ ထောင်ပိုင်တွေနဲ့ဆိုင်တယ်၊အခုက ရိုက်နှက်တယ်ဆိုတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော်ဘရာစစ်ကြောင်းကို NUG က သေနတ် အလက်ငါးဆယ်ပေး

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ပြီး သေနတ်အလက် (၅၀) ပေးခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောမြို့နယ်၊ ညောင်ကန်ရွာကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ပစ်ခတ်လို့ လေးဦးသေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ရွာကို ဒီဇင်ဘာ (၂၆) ရက် ဒီကနေ့၊ နေ့လယ် နှစ်နာရီ ဝန်းကျင်က ဂျက်က်လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရွာခံလေးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်လို့ ကနဦးသိရပါတယ်။ ညောင်ကန်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေး လုပ်နေတယ်လို့ဆိုကာ [ဆက်လက်ဖတ်ရှုရန်]