ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်-မော်လမြိုင် ကားလမ်းမှာပေါ်မှာ တိုက်ပွဲဖြစ်နေပြီး အနီးအနားက ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးနေ

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ မနေ့ ဇန်နဝါရီ ၁၀ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သထုံမြို့ကနေဘီလင်းဘက်ကိုပြန်လည်ထွက်ခွာလာတဲ့ စစ်ယာဥ်တန်းကိုဘီလင်းမြို့ဒေါက်ရပ်ကျေးရွာအနီးရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ KNLA ပူးပေါင်းအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေ လူထုကို နှိုးဆော်

စစ်ကောင်စီက ဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ဖို့နဲ့ လူထုကို တော်လှန်ရေးသတင်းစကားပြောဆိုတဲ့ ကမ်းပိန်းတစ်ခုကို ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ ရန်ကုန်တော်လှန်ရေး အင်အားစုက လူငယ်တွေက ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့လူတချို့ကို ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးနဲ့ မုံရွာမှာ စစ်ကောင်စီ လက်နက်နဲ့လုံခြုံရေးတင်းကျပ်ပြီး လူဦးရေစာရင်းကောက်ယူနေ

မန္တလေးမြို့နဲ့ မုံရွာမှာရှိတဲ့ မြို့‌ပေါရပ်ကွက်တွေမှာ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ စစ်ကောင်စီလက်အောက်ခံတပ်သားတွေနဲ့လက်နက်နဲ့လုံခြုံရေးယူပြီး ရွေးကောက်ပွဲအတွက် လူစာရင်းကောက်ယူနေတယ်လို့ မြို့ခံတွေကပြောပြကြပါတယ်။ စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းနဲ့ အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်မှာ မုံရွာမြို့ပေါ်ရပ်ကွက်တွေအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တာမွေမှာ အိမ်ထောင်စုစာရင်းကောက်သူတွေကြား ဗုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေ(က၊ခ) ရပ်ကွက်၊ အမှတ် ၁၆၂လမ်းမှာ ဒီကနေ့ ဇန်နဝါရီ ၁၁ရက်၊မွန်းလွဲပိုင်းက အိမ်ထောင်စုစာရင်းကောက်နေတဲ့ စစ်ကောင်စီထောက်တိုင်အဖွဲ့တွေကြား ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပညာရေးဝန်ထမ်းတချို့နဲ့ လူငယ် ၂ယောက်အပါအဝင် ၈ယောက်ပါတဲ့အဖွဲ့ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ကို စစ်အုပ်စုက လေကြောင်းက ထပ်မံတိုက်ခိုက်

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ် Camp Victoria ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ လေးနာရီဝန်းကျင်မှာလေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဌာနချုပ်မှာ ရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။ “အပြာရောင်တွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်နက်ပွဲစား ထွန်းမင်းလတ်ဆီက သိမ်းဆည်းရမိတဲ့အထဲ မင်းအောင်လှိုင် မိသားစုရဲ့ပိုင်ဆိုင်မှုတွေလည်း ပါဝင်နေ

မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ ခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးချိန် သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန် ကောက်က ဇိမ်ခံကွန်ဒိုတစ်လုံးနဲ့ ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်နေတယ်လို့ Justice For Myanmar [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မော်လမြိုင်-ရန်ကုန်ရထားလမ်းမှာ တလနီးပါးအတွင်း မိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ်ဖြစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာမှာ ဇန်နဝါရီ (၁၀) ရက် မနေ့က ည ၇ နာရီဝန်းကျင်မှာ ကုန်တင်ရထားတွဲမိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပေါင်မြို့နယ်ဘက်နေ သထုံမြို့နယ်ဘက်ကို လမ်း ခင်းကျောက်တွေ တင်လာတယ်လို့ ဒေသခံတွေသိထားတဲ့ကုန်တင်ရထားဟာ ပေါင်မြို့နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ စစ်ကောင်စီစစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရ

ဂန့်ဂေါမြို့ နယ်မှာ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ပြီး အောင်မြင်ကျေးရွာကို ဝင်ရောက်လာတဲ့ အင်အားကိုးဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ် ကြောင်းကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်မနက်ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရတယ်လို့ ဒေသတွင်းတောိလှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။ ” ရှောက်ပင် (အောင်မြင်ရွာ) အဝင်မှာဖြစ်တာ၊ စစ်ကြောင်းကခုထိရှောက်ပင်နားမှာပဲလို့ကြားတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကြာအင်းဆိပ်ကြီး တိုက်ပွဲမှာ သေတဲ့ တပ်ရင်းမှူး နာရေး မြောင်းမြကမိသားစု နေအိမ်မှာလုပ်ခွင့်မရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲမှာ သေဆုံးသွားတဲ့ တပ်မ ၂၈၄ ယာယီတပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်း ရဲ့ နာရေးကို မြောင်းမြမြို့က မိသားစု နေအိမ် မှာ လုပ်ခွင့်မရဘူး လို့ နီးစပ်တဲ့မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ ဇန်နဝါလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမှာ စစ်သားတွေနဲ့ပျူ‌စောထီးတွေက ပြည်သူပိုင်‌ နေအိမ်တွေကို မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ လောင်လုံးမြို့နယ်အတွင်းက ဟင်ချိုတောရွာကို  စစ်ကောင်စီတပ်သားတွေနဲ့ ပျူ‌စောထီး တချို့ ဒီကနေ့ ဇန်နဝါရီ(၁၁)ရက် မနက်ပိုင်း မှာရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးလို့ အိမ်ငါးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပါဝင်တဲ့ [ဆက်လက်ဖတ်ရှုရန်]