လွိုင်ကော်အရှေ့ဘက်က စစ်ရှောင်စခန်း ကို စစ်တပ်ကဗုံးကျဲလို့ ဆေးပေးခန်းပြာကျ
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊အရှေ့ဘက်ခြမ်းက ဆင်စခန်းစစ်ဘေးရှောင်စခန်းကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကျဲလို့စစ်ဘေးရှောင်ဆေးခန်းတခုမီးလောင်ပြာကျသွားပြီး စာသင်ကျောင်း အနည်းငယ်ပျက်စီးသွားတယ်လို့သိရပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းကိုစစ်ကောင်စီက ဖေဖော်ဝါရီ ၃ရက် မနေ့ကညနေပိုင်းမှာ လေယာဥ်နဲ့ဗုံးကျဲခဲ့တာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာကိုဗညားကပြောပါတယ်။ “ဆေးရုံတလုံးကတော့ လုံးဝကို ပြာကျသွားတာပေါ့၊ကျောင်းထိခိုက်မိတာတော့ ရှိတယ်၊နည်းနည်း ပါးပါး [ဆက်လက်ဖတ်ရှုရန်]