နိုင်ငံရေး

သူနာပြု-သားဖွားဆရာမအင်အားမလုံလောက်လို့ သင်တန်းကျောင်းတွေကို စစ်ကောင်စီအချိန်အစောဖွင့်

စစ်အာဏာသိမ်းယူထားတဲ့ ၂ နှစ်တာအတွင်း CDM သူနာပြုနဲ့သားဖွားဆရာ/ဆရာမ အင်အားမလုံလောက်တာကြောင့် သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို လာမဲ့ဧပြီလမှာအချိန်စောဖွင့်လှစ်လာတယ်လို့ CDM သူနာပြုအသိုင်းအဝန်းထံကသိရပါတယ်။ သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှာ လျှောက်လွာလက်ခံပြီး အောက်တိုဘာလမှစတင်တက်ရောက်ရပေမယ့်ဒီနှစ်မှာတော့ဧပြီလ ၈ရက်မှာစတင်ဖွင့်လှစ်မှာပါ။ “သူနာပြု-သားဖွားသင်တန်းတွေ​ထပ်ခေါ်တဲ့သဘောကဝန်ထမ်းအင်အားမလုံလောက်တာအဓိကဖြစ်နေတယ်။သင်တန်းတက်ခွင့်ရမဲ့အရေအတွက်ကအရမ်းကိုနည်းတယ်။အဲတာတွေကြောင့်သင်တန်းအချိန်စောဖွင့်တာလို့ပြောလို့ရတယ်။အရင်ကတော့အခုလိုမျိုးမဖွင့်ဘူးပေါ့။ဒီနှစ်ကျမှစောဖွင့်တဲ့သဘောဖြစ်နေတယ်” လို့မော်လမြိုင်မြို့ခံ CDMသူနာပြုဆရာမတဦးကပြောပါတယ်။ တနိုင်ငံလုံးမှာကျန်းမာရေးဝန်ထမ်းပေါင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နျူကလီးယား ကန့်သတ်ရေး သဘောတူညီမှုကို ရပ်ဆိုင်းဖို့ ရုရှားဆုံးဖြတ်

နျူကလီးယားလက်နက် ကန့်သတ်ရေးဆိုင်ရာ အမေရိကန်နဲ့ နောက်ဆုံးလက်ကျန် သဘောတူ စာချုပ်ကို ရပ်ဆိုင်းဖို့ ရုရှားက ခြေလှမ်းပြင်လာခဲ့ပါတယ်။ STARTလို့ အတိုကောက် ခေါ်ဝေါ်တဲ့ နျူကလီးယား လက်နက် လျှော့ချရေးဆိုင်ရာ စာချုပ်ကို သက်တမ်းတိုးဖို့ သူ့နိုင်ငံရဲ့ ညှိနှိုင်းမှုတွေကို ဆိုင်းငံ့ထားစေမှာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

သွင်းဂိုး ငါးဂိုးကို ပစ်စလက်ခတ် ခွင့်ပြုခဲ့တာဖြစ်တယ်လို့ လီဗာပူးလ် မန်နေဂျာ ပေါက်ကွဲ

ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သူ့အသင်းဟာ ပေးဂိုး ၅ ဂိုးကို ပစ်စလက်ခတ် ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ လီဗာပူးလ် မန်နေဂျာ ယာဂင်ကလော့ပ်က ပေါက်ကွဲခဲ့ပါတယ်။ အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် လီဗာပူးလ်ရဲ့ အန်းဖီးလ်ကွင်းကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ မကွေးတိုင်း မြိုင်၊ပုလဲ၊ ထားဝယ်လောင်း လုံးဒေသနဲ့မန္တလေးပြည်ကြီးတံခွန်တို့မှာသပိတ်လှုပ် ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်ပြည်နယ် လိပ်သိုမြို့ရဲစခန်းတိုက်ခိုက်ခံရ၊စစ်ကောင်စီက မြိုတွင်းနေအိမ်တချို့ကိုမီးရှို့ဖျက်ဆီး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က လိပ်သိုမြို့ ရဲစခန်း ဒီကနေ့ ဖေဖော်ဝါရီ(၂၁)ရက် မနက်အစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အနီးဝန်းကျင်ကျေးရွာတွေက နေအိမ်တချို့ကိုမီးရှို့တာ၊ လက် နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့ပြီး  အရပ်သားတချို့ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “မနက်အစောပိုင်းလောက်မှာ လိပ်သိုရဲစခန်းတိုက်ခိုက်ခံရတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်အထိုင်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ရှစ်ဆယ်နီးပါးအရွယ် အဖွားအိုတဦးအပါအဝင် လေးဦးဒါဏ်ရာရ

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇၈နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် ပြည်သူ၄ဦး ထိခိုက်ခဲ့ရတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်မှာဒီကနေ့ မနက်ပိုင်း၁၁နာရီအချိန့်ခန့်က မြို့တောင်ဘက် ရိက္ခာကုန်းတပ်ရှိ စစ်ကောင်စီအဖွဲ့များမှ လက်နက်ကြီးနဲ့ကျော်ရွာ ၊မိုယူရွာတွေကိုပစ်ခတ်ခဲ့တဲ့အတွက်အခုလိုထိခိုက်ဒါဏ်ရာရခဲ့တာလို့ဆိုပါတယ်။ “မိုယူရွာကအမကတော့အတော်စိုးရိမ်နေရတယ်။ဆေးရုံကိုပို့ထားတယ်။သူတို့ကတင့်ကားလက်နက်ကြီးစမ်းပစ်တာလို့ပြောတယ်။အဲ့ရွာတွေကမြို့နဲ့နီးတယ် တပ်ရင်းနာမည်တော့မသိရဘူးဗျ ။သက်သက်ကြီးပစ်တာတိုက်ပွဲဖြစ်တာလဲမရှိဘူးအဲ့ရွာတွေမှာက”လို့အင်းတော်ဒေသခံတဦးက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီဖက်က သက်သေထွက်ဆိုပေးခဲ့တဲ့ ဦးဖြိုးမင်းသိန်းအမှု ငွေဒဏ်တသိန်းနဲ့ပြီးဆုံး

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပေါ်စစ်ကောင်စီက စွပ်စွဲခဲ့တဲ့ အဂတိအမှုအတွက် တရားလိုဖက်မှာ သက်သေထွက်ဆိုပေးခဲ့တဲ့ ဦးဖြိုးမင်းသိန်းကို စစ်ကောင်စီ တရားရုံးက သူအပေါ်စွဲဆိုထားတဲ့ ပြစ်မှုအတွက် ငွေဒဏ်သာချမှတ်ခဲ့တယ်လို့ တရားရေး အသိုင်းအဝိုင်းက သိရပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချူပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးဖြိုးမင်းသိန်းကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်က စစ်ကောင်စီထောက်ခံသူအများအပြား လိုင်စင်နဲ့သေနတ်ကိုင်ဖို့ပြင်ဆင်နေ

စစ်ကောင်စီက အရပ်သားလက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်ပြီးနောက် ရန်ကုန်က စစ်ကောင်စီ ထောက်ခံသူ တွေနဲ့ စစ်အုပ်စုနဲ့နီးစပ်သူအများအပြား လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားဖို့ပြင်ဆင်နေကြတယ်လို့ အဲ့ဒီ ပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေနဲ့ နီးစပ်သူတွေက   DNAကိုပြောပါတယ်။ လက်ရှိ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားဖို့ပြင်ဆင်နေသူတွေထဲမှာ စစ်မှုထမ်းဟောင်း တွေ၊ဌာန ဆိုင်ရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မြို့နယ် ပြည်သူတရားရုံးက တနှစ်နီးပါးအတွင်း အမှုပေါင်း ခုနစ်ဆယ်ကျော် စီရင်ခဲ့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူ့တရားစီရင်ရေးအဖွဲ့က တနှစ်နီးပါးအတွင်း အမှုပေါင်း ၇၀ ကျော်လောက်ကို စီရင်နိုင်ခဲ့တယ်လို့ ယင်းမာပင် ပအဖတာဝန်ခံ ကိုဇော် ထူးအောင်က DNA ကိုပြောပါတယ်။ အဲဒီနယ်မှာ အုပ်ချူပ်ရေးအဖွဲ့အစည်းနဲ့ မသက်ဆိုင်ဘဲ အမှီအခိုကင်းတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်က အိမ်ခြေနှစ်ရာကျော်မီးရှို့ပြီး လူငယ်နှစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြို့နယ်​တောင်ခြမ်းကမြေမွန်ရွာကအိမ်ခြေ ၂၁၈လုံးကိုမီးရှို့ပြီးကိုင်းရိုးရွာကဒေသခံလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်တွေကဖေဖော်ဝါရီလ ၁၉ရက်ကသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ကျတော်တို့ကန့်ဘလူတောာင်ပိုင်းမှာတော့ကိုင်းရိုးရွာကလူငယ်နှစ်ယောက်ကိုဖမ်းပြီးပစ်သတ်ပြီးထော်လာဂျီပေါ်တင်သွားတယ်။ခမရ၃၆၈ကသတ်တာနောက်ထပ်ဖမ်းထားတဲ့နှစ်ယောက်ကိုတော့ကျတော်တို့ရွာမှာပဲချန်သွားတယ်”လို့ကန့်ဘလူတောင်ပိုင်း၊ရှမ်းတပ်ကျေးရွာဒေသခံတဦးကပြောပါတယ်။ စစ်​ကောင်စီလက်​အောက်ခံတပ်​တွေဖြစ်တဲ့ ခမရ ၃၆၄၊ခမရ ၃၆၇၊ခမရ ၃၆၈၊ခမရ ၃၆၉နဲ့ပျူ​စောထီးတွေပူး​ပေါင်းကာ စစ်​ကြောင်း လေးကြောင်းနဲ့တပါတ်ကျော်ကြာဝင်ရောက်စစ်ကြောင်းထိုးနေပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက် ၊နေ့လည်ပိုင်းက မြေမွန်ရွာကိုမီးဝင်ရှို့ခဲ့တဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]