အားကစားကဏ္ဍ

ဂိုးပြတ်နိုင်ပေမယ့် မဆုတ်မနစ် ကြိုးစားမှုကို ရပ်မပစ်ဖို့ အာဆင်နယ်ကို မန်နေဂျာ အာတီတာ သတိပေး

မတ်၊ ၂ အဲဗာတန်ကို ဂိုးပြတ် အနိုင်ယူပြီး အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ ၅ မှတ်ဖြတ် ဦးဆောင်နေပေမယ့် အသင်းရဲ့ မဆုတ်မနစ် အားထုတ်လိုစိတ်ကို လုံးဝ လျှော့ချမပစ်လိုက်ဖို့ အရေးကြီးကြောင်း အာဆင်နယ် မန်နေဂျာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေပြည်တော်က ကြံ့ခိုင်ရေးလွှတ်တော် ဒုတိယဥက္ကဌနေအိမ် လက်လုပ်ဗုံးအပစ်ခံရ

မတ်၊ ၁ စစ်ကောင်စီအုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်က ကြံ့ခိုင်ရေးအစိုးရလက်ထက် အမျိုးသားလွှတ်တော် ဒု တိယဥက္ကဌဦးမြငြိမ်းနေအိမ်ကိုလက်လုပ်ဗုံးနဲ့အပစ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ နေပြည်တော်စည်ပင်ဧည့်ရိပ်သာအနီးက ရွှေကြာပင်ရပ်ကွက်က မြစ်ငယ်လမ်းမှာနေထိုင်တဲ့ ဦးမြငြိမ်းအိမ်ကို ဖေဖော်ဝါရီလ ၂၈ ရက် ညနေ ၆နာရီခွဲကျော်မှာအပစ်ခံရတာလို့သိရပါတယ်။ ” ဆိုင်ကယ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မှာ စစ်ကောင်စီက အိမ်ခြေ ခြောက်ရာခန့်မီးရှို့၊ ဒေသခံတွေ ထွက်ပြေးနေရ

မတ်၊ ၁ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီကဖေဖော်ဝါရီ၂၈ရက်နေ့ညနေပိုင်းကနေစတင်ပြီးစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးပြီးလေကြောင်းကတိုက်ခိုက်သလို အိမ်ခြေ၆၀၀လောက်မီးရှို့ခဲ့တာကြောင့်ဒေသခံတွေထွက်ပြေးနေရတယ်လို့သိရပါတယ်။ “မနေ့ညနေကစစ်ကြောင်းထိုးတာသူတို့ဘက်ကအထိနာတယ်ထင်တယ် ။ဒီနေ့လေကြောင်းနဲ့ပါလာတိုက်တယ် ။ကုန်း​ရွာ ကအိမ်ခြေ ၆၀၀ကျော်လောက်မီးရှို့သွားတယ်။ ကိုယ့်ဘက်က၂ဦးသေနတ်မှန်ထားတာတော့ရှိတယ် ။သူတို့ဘက်ကအကျအဆုံးများနိုင်တယ်။ကြီးကြီးမားမာတွေမို့လာသယ်သွားတာဖြစ်မယ်”လို့ယင်းမာပင်မြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဦးဇော်ထူးအောင်က DNAကိုပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကုန်းရွာထဲကဒေသခံနှစ်ဦးကိုလဲမီးရှို့သတ်ဖြတ်ထားတဲ့ရုပ်အလောင်းတွေကိုတွေ့ရတယ်လို့သိရပါတယ်။ လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးမီးရှို့နေတာကြောင့်ယင်းမာပင်မြို့ အနောက်ဘက် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးကပြောင်းပြာရွာ ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မော်လမြိုင်မြို့မှာ နေအိမ်မီးလောင်ပြီး ကလေးငယ်တဦးနဲ့သက်ကြီးရွယ်အိုတဦးသေဆုံး

မတ်၊ ၁ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ဘဲကုန်းဈေးအနောက်ဘက်မှာ ဒီကနေ့ မတ်လ ၁ ရက်နေ့လယ်ပိုင်းကမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ကလေးငယ်တဦးနဲ့ သက်ကြီးရွယ်အိုတဦးသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။ ” မီးစလောင်တဲ့ အိမ်ကသေဆုံးသူရှိတယ်။ လေဖြတ်နေတဲ့အဖိုးအတဦးနဲ့ ကလေးငယ်သေဆုံးသွားတယ်။ကလေးမိဘတွေအပြင်သွားနေချိန်ဖြစ်သွားတာ၊ ဝါယာရှော့လို့ ပြောတာကြားတယ်။ အခုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်း ခုနှစ်ဆယ်ဝန်းကျင်အသတ်ခံရ

မတ်၊ ၁ ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း အယောက် ၇၀ ကျော်ဝန်းကျင် အသတ်ခံခဲ့ရပြီး ၉၀၀ ဝန်းကျင်လောက်ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဆေးရုံ၊ ဆေးခန်းပေါင်း ၁၆၀ ကျော်ကိုလည်း စစ်ကောင်စီကဖျက်ဆီးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးနယ်နဲ့ဂန့်ဂေါနယ်စပ် တောင်တန်းပေါ်မှာတိမ်းရှောင်နေရတဲ့ချင်းတိုင်းရင်းသားတွေ အကူအညီလိုအပ်နေ

မတ်၊ ၁ ကလေးမြို့နယ်စပ် ကြံသာရွာနှင့် ဂန်ဂေါမြို့နယ်နယ်စပ် ဟံသာဝတီကျေးရွာက တောင်ပိုင်းချင်းလူမျိုးတွေဟာ မြစ်သာမြစ်ရဲ့အရှေ့ဘက်တောင်တန်းပေါ်မှာ တိမ်းရှောင်နေထိုင်နေကြတာ နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်ပြီး အကူအညီတွေလည်းလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေနဲ့ အဆိုပါတိမ်းရှောင်နေရတဲ့ဒေသခံတွေဆီကသိရပါတယ်။ ” တော်တော်ခက်တယ်။ ကျမတို့ဆိုပစ္စည်းသွားပေးရင် သူတို့နေတဲ့တောင်အထိမသွားနိုင်ဘူး။ သူတို့ကိုတောင်အောက်ဘက် ရွာကိုခေါ်ပြီးယူခိုင်းရတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပင်လောင်းတိုက်ပွဲဆက်ပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုတွေအပြင် ဒေသခံတွေပါသေဆုံးနေ

မတ်၊ ၁ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့မှာ KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO တို့ ကြား ၆ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးတွေရှိနေသလို ဒေသခံတချို့လည်း သေဆုံးမှုရှိနေတယ်လို့ မြေပြင်စစ်ရေးအခြေအနေရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ဒီကနေ့အထိပင်လောင်းမြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုမှာတိုက်ပွဲအပြီး ကျေးရွာတွေထဲ တပ်စွဲထားတာကြောင့် ဒေသခံ တထောင်ကျော်နေရပ်မပြန်နိုင်

မတ်၊ ၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောကျေးရွာမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ ရက်ကစပြီးဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ တထောင်ကျော်ဟာ ဒီကနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတော်လှန်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ကျိုက်ထို မြို့နယ်၊ ငှက်ပျောတောကျေးရွာအတွင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကစပြီး စစ်ကောင်စီတပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ စစ်ပြေး၊ ရဲပြေးတွေကို စစ်ကောင်စီလိုက်ဖမ်းနေပြီး မိသားစုတွေကိုပါ ဓါးစာခံထားနေ

မတ်၊ ၁ စစ်ကောင်စီတပ်ကို အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာပြေးတဲ့ စစ်တပ်နဲ့ရဲဘက်ဆိုင်ရာတွေက သူတွေကို စစ်ကောင်စီက ရန်ကုန်မြို့ထဲမှာ အပူတပြင်းရှာဖွေတာတွေဖမ်းဆီးတာတွေလုပ်နေတယ်လို့ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ အဲဒီလိုဖမ်းဆီးရာမှာ စစ်အာဏာမသိမ်းခင်ကတည်းက စစ်တပ်ကိုစွန့်ခွာသူတွေပါအဖမ်းခံရတဲ့အခြေအနေဖြစ်နေတာလို့ဆိုပါတယ်။ “ကျွန်တော်တို့နားကကောင်လေးဆိုရင် ဒီနိုင်ငံရေးအခြေအနေတွေမဖြစ်ခင်ကတည်းက ပြေးလာတာ။ရပ်ကွက်ထဲမှာ ဆိုက်က္ကားနင်းတယ်။သူ့ဘာသာအေးအေးဆေးဆေးနေတယ်။နိုင်ငံရေးတွေဖြစ်တော့လည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒုံသမိ တံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက် ၊ စစ်ကောင်စီတပ်သားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မတ်၊ ၁ မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံသမိတံတား ကရင်ပြည်နယ်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်ကို ဒီကနေ့ (မတ် ၁ ရက်) KNU ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၂ [ဆက်လက်ဖတ်ရှုရန်]