နိုင်ငံရေး

ထီးချိုင့်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ ငါးဦးသေဆုံး

ဧပြီ၊ ၁ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကျေးရွာအနီး ကလာဘမုနိဘုရားကုန်း နဲ့ ပေါက်ကုန်းရွာထဲကို စစ်ကောင်စီက မနေ့က မတ်လ ၃၁ ရက် ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားငါးဦး သေဆုံးသွားတယ်လို့ ဒေသခံ တဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘီလားရုစ်မှာ ရုရှား နျူလက်နက်တွေ ဖြန့်ကျက်မယ့်ကိစ္စ ရုရှားနဲ့ အမေရိကန် ကုလသမဂ္ဂမှာ အငြင်းအခုံဖြစ်

ဧပြီ၊ ၁ ဘီလားရုစ် နိုင်ငံမှာ ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မယ့် ကိစ္စအပေါ် ကုလသမဂ္ဂမှာ ရုရှားနဲ့ အမေရိကန်တို့ အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။ အခု သီတင်းပတ်ထဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မဟာမိတ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လောလောဆယ် အပစ်အခတ် ရပ်စဲဖို့ ရုရှား မလိုလားကြောင်း ပူတင်ရဲ့ အနီးကပ် အကြံပေး အရာရှိပြော

ဧပြီ၊ ၁ လက်ရှိ အခြေအနေမျိုးမှာ ယူကရိန်းနဲ့ အပစ်အခတ် ရပ်စဲလိုက်ဖို့ ရုရှားက ဆန္ဒမရှိကြောင်း အစိုးရ ထိပ်တန်း အရာရှိ တဦးက ပြောကြားသွားပါတယ်။  ရုရှားရဲ့ အဓိက မဟာမိတ် နိုင်ငံတခုဖြစ်တဲ့ ဘီလားရုစ်ရဲ့ သမ္မတ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Vogue ဖက်ရှင် မဂ္ဂဇင်းရဲ့ အသက်အကြီးဆုံး မော်ဒယ်လ် ဖြစ်လာတဲ့ အသက် ၁၀၆ နှစ်အရွယ် ဖိလစ်ပိုင်သူ

ဧပြီ၊ ၁ နာမည်ကြီး ဖက်ရှင် မဂ္ဂဇင်း တခုဖြစ်တဲ့ Vogueဟာ သူတို့ရဲ့ အသက်အကြီးဆုံး မျက်နှာဖုံးရှင် မော်ဒယ်လ်ကို မိတ်ဆက် ဖော်ပြခဲ့ပါတယ်။ ဖိလစ်ပိုင်ထုတ် Vogue မဂ္ဂဇင်းရဲ့ ဧပြီလအတွက် မျက်နှာဖုံးရှင်ကတော့ အသက် ၁၀၆ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပါကစ္စတန်မှာ အစားအသောက် ဝေငှရာက တိုးဝှေ့ရင်း တက်နင်းမိကြလို့ လူတဒါဇင်နီးပါး သေဆုံး

ဧပြီ၊ ၁ ပါကစ္စတန် နိုင်ငံက အစားအသောက် ဝေငှရာ နေရာတခုမှာ အလုအယက် တိုးဝှေ့ကြရာက လူပေါင်း တဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။  မွတ်ဆလင်တွေရဲ့ ရာမာဒန် ဘာသာရေးကာလ ကုသိုလ်ဖြစ် အစားအသောက် ဝေငှမှု အစီအစဉ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မက်ဆီကို ပြန်ခေါ်ယူနိုင်ဖို့ ဆက်သွယ် ကြိုးစားနေတဲ့ ဘာစီလိုနာ

ဧပြီ၊ ၁ ဘာစီလိုနာ အသင်းဟာ ကစားသမားဟောင်း လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ လက်တွေ့ကျကျ ကြိုးစားနေကြောင်း သိရပါတယ်။ အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတလျှောက်လုံးကို စပိန်ကလပ် ဘာစီလိုနာမှာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့တဲ့ လုခ်ရှော

ဧပြီ၊ ၁ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ခံလူ လုခ်ရှောကို ၄ နှစ် သက်တမ်းတိုး စာချုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါနယ် ကန်ရွာရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီး

မတ်၊ ၃၁ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ရွာရဲစခန်းကို မတ်လ ၃၁ ရက်နေ့ ဒီကနေ့ ညနေပိုင်းမှာ ဒေသခံ ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးလိုက်ပြီလို့ ဂန့်ဂေါ်ခရိုင် တပ်ရင်း -၁ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝေါမြို့ကရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနုတ်ထွက်ဖို့ပီဒီအက်ဖ်က သတိပေးပြီးနောက် လုံခြုံရေးတင်းကျပ်

မတ်၊ ၃၁ ပဲခူးတိုင်း ၊ဝေါမြို့နယ်အတွင်းကရပ်ကွပ်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုတပတ်အတွင်းနုတ်ထွက်ဖို့ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးခဲ့ပြီးနောက်မြို့တွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာတွေကိုစစ်ကောင်စီတပ်နဲ့ရဲအဖွဲ့တွေကနေ့ရောညပါကင်းပုန်းဝပ်စောင့်ကြပ်ပြုလုပ်နေတာအပြင်လုံခြုံရေးအရစစ်ဆေးတင်းကြပ်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။ ” ရပ်ကွက်အုပ်ကြီးအိမ်တွေရယ်ရုံးနေရာတွေမှာ ရဲတွေအရပ်ဝတ်တွေနဲ့လုံခြုံရေးယူထားတာတွေ့ခဲ့ရတယ်။စစ်တပ်တချို့ကိုလည်းတွေ့တယ်။ အသတ်ခံရမှာကြောက်လို့လုပ်တဲ့သဘောလို့ပဲမြင်မိပါတယ်” လို့ဒေသခံတဦးကပြောပါတယ်။ ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်ကွက်၊ ကျေးရွာအုုပ်ချုပ်ရေးမှူးတွေအနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထားနုတ်ထွက်ဖို့နဲ့ မနုတ်ထွက်ရင် စစ်ကောင်စီနဲ့ပူးပေါင်းသူအဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထီးရိုးဘုရားတောင်ပေါ်ရဟတ်ယာဉ်ကွင်းနေရာကိုစစ်ကောင်စီတပ်က လက်နက်ကြီးတပ်ဆင်၊ အင်အားတစ်ရာဝန်းကျင်တပ်စွဲထား

မတ်၊ ၃၁ မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုး ဘုရားတောင်ပေါ်အနီးရဟတ်ယာဉ်ကွင်းနေရာကိုပြီးခဲ့တဲ့မတ်လ၂၉ ရက်ကစပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးအချို့တပ်ဆင်ထားတဲ့အပြင်တောင်ပေါ်အနီးတဝိုက်ကို အင်အား ၁၀၀ ဝန်းကျင်ဖြင့်တပ်စွဲထားတယ်လို့တောင်ပေါ်စျေးဆိုင်ရှင်တွေပြောပါတယ်။ ” အမြှောက်တွေလားတော့မပြောတတ်ဘူး။ လာဆင်သွားတယ်။ သူတို့(စစ်တပ်)ပြောတာ အနီးကရွာတွေမှာPDF စခန်းတွေရှိလို့ပစ်ခတ်ဖို့လုပ်နေတာကြားခဲ့ရတယ်။ လက်နက်ကြီးတပ်ပြီးနောက်ပိုင်းရဟတ်ယာဉ်ကွင်းဘက်ကိုဘယ်သူမှလာခွင့်မပေးဘူး” လို့သူမကပြောပါတယ်။ ဒါ့အပြင်  [ဆက်လက်ဖတ်ရှုရန်]