နိုင်ငံတကာရေးရာ

အနိုင်ကျင့်မှု စွပ်စွဲချက်တွေကြောင့် ဗြိတိန် ဒုတိယ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရ

ဧပြီ၊ ၂၂ လက်အောက်ငယ်သား ဝန်ထမ်းတွေအပေါ် ရိုင်းရိုင်းပြပြ ဆက်ဆံခဲ့၊ အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဗြိတိန် ဒုတိယ ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။  ဒေါမနစ်ရက်ဘ်ရဲ့ နုတ်ထွက်စာကို ဧပြီ ၂၁ ရက်မှာ ဗြိတိန် ဝန်ကြီးချုပ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

Twitterရဲ့ လူကြိုက်အများဆုံး အားကစားကြယ်ပွင့် အဖြစ်ကနေ blue mark ဆုံးရှုံးသွားတဲ့ ရော်နယ်လ်ဒို

ဧပြီ၊ ၂၂ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လူမှုကွန်ရက် မီဒီယာ တခုဖြစ်တဲ့ Twitterပေါ်မှာ Follower အများဆုံး ရရှိထားတဲ့ အားကစားသမားအဖြစ် မှတ်တမ်းတင်ထားခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ Twitter အကောင့် စစ်မှန်မှုကို သက်သေခံတဲ့ blue [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

NUGရဲ့ အမျိုးသမီးတွေကို နေရာပေးမှု အမှန်တကယ် လုံလောက်ရဲ့လား

ဧပြီ၊ ၂၂ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စစ်အာဏာရှင် စနစ်ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်နဲ့ မန္တလေးမှာ အပူတိုးလာလို့ ဟိုတယ်၊ တည်းခိုခန်းတွေမှာ အပူရှောင်နေထိုင်လာကြ

ဧပြီ၊ ၂၁ ရန်ကုန်၊မန္တလေးရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မီးပျက်တာနဲ့ အပူဒဏ်ကိုရှောင်ဖို့ လာရောက်တည်းခိုကြတဲ့သူတွေ များပြားလာတာကြောင့် အခန်းတွေပြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  ယခုရက်ပိုင်း ရန်ကုန်၊ မန္တလေးနဲ့ နေရာဒေသအတော်များများမှာ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေပြီး အပူချိန်အလွန်မြင့်တက်နေတာကြောင့်  ဒေသခံတွေ အပူဒဏ်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူတွေရဲ့ ဆိုလာစနစ်ကပိုလျှံလျှပ်စစ်ကို တယူနစ်ကျပ်ရှစ်ဆယ်ဝန်းကျင်နဲ့ဝယ်မယ်လို့ဆို

  ဧပြီ၊ ၂၁ ပြည်သူတွေတပ်ဆင်အသုံးပြုနေတဲ့ဆိုလာစနစ်ကနေ ပိုလျှံနေတဲ့လျှပ်စစ်တွေကို တယူနစ် ကျပ်ရှစ်ဆယ်ဝန်း ကျင်နဲ့ဝယ်မယ်လို့ စစ်ကောင်စီလက် အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်း(YESC)က ဒီကနေ့ထုတ်ပြန်ပါတယ်။ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ အသုံးပြုဖို့ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်းကအကြိမ်ကြိမ်ပြော ဆိုနေ ပေမယ့် အိမ်သုံးလျှပ်စစ်ကိုတောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ အမျိုးသားတဦး အပူဒဏ်ကြောင့် မူးလဲကာ သေဆုံး

ဧပြီ ၊ ၂၁  မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းကရာသီဥတုပူပြင်းမှုကြောင့် အ သက် လေးဆယ်အရွယ် အမျိုးသားတဦး လဲကျသေ ဆုံးမှုဖြစ်ခဲ့တယ်လို့ လူမှုကူညီရေးလုပ်နေသူ တွေဆီကသိရပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနဲ့ ၈၂ လမ်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည်ကျလို့ ပြည်သူသုံးဦးသေဆုံး

ဧပြီ၊ ၂၁  စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ထိုမာရွာထဲ ဒီကနေ့ ဧပြီ ၂၁ရက် မွန်လွဲပိုင်းက လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲလို့ ပန်းရံလုပ်နေတဲ့ အလုပ်သမား သုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းအမျိုးသားတပ်ဦး(CNF)စခန်းတခုဗုံးကြဲခံရ၊နှစ်ဦးကျဆုံး၊ဒဏ်ရာရသူတွေလည်းရှိ

ဧပြီ၊ ၂၁ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇိမ်းသဲ (Zimte)ရွာက ချင်းအမျိုးသားတပ်ဦး(CNF) တပ်စခန်းကို ဒီကနေ့ ဧပြီ ၂၁ ရက် မနက် ၁၂နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် လက်ရှိ အချိန်အထိ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

နေရာကျဉ်းလာတဲ့ ထိုင်းရွေ့ပြောင်းကလေးများရဲ့ ပညာရေး

မွန်မွန်၊ ဘိုဟန် ဧပြီ ၂၁ စွန်ရဲက ရန်ကုန်မှာလှုပ်ရှားခဲ့တဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တယောက်ပါ။ စွန်ရဲနဲ့ မသီတာထွေးတို့မှာ ကလေးနှစ်ယောက်ရှိပြီး အကြီးမလေးက အသက် ၁၂ နှစ်၊ အငယ်လေးကတော့ အသက် ၄ နှစ်ပါ။ တမိသားစုလုံး ၂၀၂၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သတင်းစာဆရာတဦးနဲ့အနုပညာရှင် နှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးအမှုဖွင့်

ဧပြီ၊ ၂၁ ပဇီးကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းကတဆင့်ပစ်ခတ်ခဲ့လို့ လူပေါင်းရာချီသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပက်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ မမှန်သတင်းတွေရေးသားဖြန့်ဝေတယ် လို့စွပ်စွဲကာ  သတင်းစာဆရာတဦးနဲ့ အနု ပညာရှင်နှစ်ဦးကိုစစ်အုပ်စုက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်လိုက်ပါတယ်။ The Voice [ဆက်လက်ဖတ်ရှုရန်]