နိုင်ငံတကာရေးရာ

မယ်စကြာဝဠာ ပြိုင်ပွဲဝင် အင်ဒိုနီးရှား အလှမယ်တချို့ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေး ခံခဲ့ရတယ်လို့ စွပ်စွဲ

သြဂုတ်၊ ၉ မယ်စကြာဝဠာ အင်ဒိုနီးရှား ပြိုင်ပွဲဝင် အလှမယ်တချို့က သူတို့ဟာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေး အမြတ်ထုတ်တာ ခံခဲ့ရကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ သိရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ စစ်ကြောင်းနှစ်ကြောင်း ပစ်ခတ်ဝင်ရောက်နေလို့ ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးနေရပြန်

သြဂုတ်၊ ၉   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အတွင်းမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း နှစ်ကြောင်းက ဒီကနေ့ သြဂုတ် ၉ ရက် မနက်ပိုင်းမှာ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ခင်ဦး ရွာသန်းရွာ နဲ့ အနီးအနားက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာရှလမ်းပိုင်း မြေပြိုမှုတွေထပ်ဖြစ်လို့ ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး ဒေသတွင်းကုန်ဈေးနှုန်းတက်

သြဂုတ်၊ ၉   မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကြား တောနော်ရေတံခွန်း အနီး အာရှလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက အကျယ် ပေ ၁၀၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်း – မြန်မာနယ်စပ်တနေရာမှာ ရှစ်လေးလုံး ၃၅ နှစ်ပြည့်အခမ်းအနားကျင်းပ

သြဂုတ်၊ ၈ ဒီကနေ့  ဩဂုတ်လ ၈ရက်နေ့မှာ  ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့်အခမ်းအနားကို ထိုင်း – မြန်မာနယ်စပ် တနေရာမှာ ရှစ်လေးလုံးမျိုးဆက်တွေနဲ့ ဗကသကျောင်းသားတွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၅ နှစ်ကြာခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရုတ်ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီကို စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ သပိတ်အင်အားစုတွေ သတိပေး

သြဂုတ်၊ ၈ စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်ခွင့်ရထားတဲ့ တရုတ်ဝမ်ပေါင် နဲ့ ယန်စီကုမ္ပဏီအနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့ မြေပြင် သပိတ်အင်အားစုတွေ စုပေါင်းပြီး  သတိပေးလိုုက်ပါတယ်။  “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ ပျူစောထီးနဲ့ PDF တိုက်ပွဲဖြစ်

သြဂုတ်၊ ၈ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ၊မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ သူတို့ရိက္ခာအတွက် မြောက်ခင်ရန်းရွာတောင်ဘက် ရေသာ၊ရွှေဘို၊ သင်တော သုံးရွာကို ဒီမနက်အစောပိုင်းမှာစစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက် ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနက်ဝေလီဝေလင်းအချိန်မှာ သူတို့စစ်ကြောင်းထိုးလာတာ၊တိုက်ပွဲဖြစ်တော့ အစောကြီးကျွန်တော်တို့ပြည်သူတွေလည်းရှောင်ဖို့အချိန်နည်းသွားတာပေါ့” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းပြည်နယ်ကို ရိက္ခာပို့တဲ့စစ်ကောင်စီတပ်က မိုင်းထိလို့သေတဲ့ ရုပ်အလောင်းတချို့ကို နေအိမ်ထဲမှာမီးရှို့ခဲ့

သြဂုတ်၊ ၈ ချင်းပြည်နယ်တောင်ပိုင်း ၊ကျင်ဒွေးမြို့ကို ရိက္ခာပို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေက အပြန်လမ်းမှာ မိုင်းထိလို့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းအချို့ကိုပါ နေအိမ်ထဲမှာ မီးရှို့သွားခဲ့ခဲ့တယ်လို့ CDF-Kanpetlet (ခေါ်နူးတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။ “ကျင်ဒွေးကို ရိက္ခာပို့ခဲ့တဲ့စစ်ကြောင်းက ဇူလိုင် ၃၁ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမှာ ယာယီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ သေဆုံးပြီး အလောင်းလာသယ်တဲ့ ယာဉ်တန်းမိုင်းဆွဲခံရ

သြဂုတ်၊ ၈ ပဲခူးတိုင်းအနာက်ခြမ်း၊အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ယာယီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံ ရပြီးသေဆုံးခဲ့သလို အလောင်းလာသယ်တဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ “လောလောဆယ်သူကရွာမှာအုပ်ချုပ်ရေးမှူးလုပ်တယ် ။ အရင်က ရာအိမ်မှူးပါ။ခုလောလောဆယ်တော့ သူက ယာယီ အုပ်ချုပ်ရေးမှူးပါ၊။ အရင်က အုပ်ချုပ်ရေးမှူးမျိုးဝင်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

PDF တွေအင်အားပြလှည့်လည်ခဲ့တဲ့ စကျင်ရွာမှာ စစ်ကောင်စီတပ်စွဲ

သြဂုတ်၊ ၈   NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းတခုဖြစ်တဲ့ တောကြီးမြွေပွေး အဖွဲ့ အင်အားပြလှည့်လည်ခဲ့တဲ့ မတ္တရာနယ်က စကျင်ရွာထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲထားပြီး အင်အားလည်း ဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မလေးရှားသွားတဲ့ စက်လှေ တိမ်းမှောက်လို့ ရိုဟင်ဂျာ လေးဆယ်ကျော် ပျောက်ဆုံးနေ

သြဂုတ်၊ ၈   ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ မလေးရှားနိုင်ငံကို သွားတဲ့ စက်လှေတစီး နစ်မြုပ်၊ ပျက်စီးသွားခဲ့လို့ ရိုဟင်ဂျာ လေးဆယ်ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသခံရိုဟင်ဂျာတွေ ပြောကြားချက်နဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။   ရသေ့တောင်မြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]