စီးပွားရေးကဏ္ဍ

ဘဏ်နှစ်ခုပိတ်ဆို့လို့ ထိခိုက်မှုရှိတယ်လို့စီမံ/ဘဏ္ဍာဒုဝန်ကြီး ဝန်ခံ

သြဂုတ်၊ ၂၂ အမေရိကန်အစိုးရက စစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခုကို ပိတ်ဆို့လို့ ထိခိုက်မှုတွေရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက နေပြည်တော်မှာဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာဝန်ခံပြောကြားခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံမြန်မာ့ရင်းနှီးမြှပ်နှံမှုနဲ့ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)နဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) တို့ကို ဇွန်လ ၂၁ ရက်က ပိတ်ဆို့အရေးယူပြီး နှစ်လကျော်အကြာမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်မှာ စစ်ဆေးရေး ဂိတ်တိုက်ခိုက်ခံရလို့ ရဲတဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရမိ

သြဂုတ်၊ ၂၂ မကွေးတိုင်း၊ပေါက်မြို့နယ်၊ ရေပြာကျေးရွာ အနီးမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သြဂုတ်လ ၂၂ရက်၊ မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတဦးသေဆုံးခဲ့ပြီး သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေဆီက သိရပါတယ်။ “ စစ်ဆေးရေးဂိတ်မှာ စခ၊ရခ ခြောက်ကောင်ရှိတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်နဲ့ အတူ ပူးပေါင်းလာတဲ့ ရဲနှစ်ဦးကို ချင်းPDF ကျပ်သိန်း ငါးဆယ် စီ ချီးမြှင့်

သြဂုတ်၊ ၂၂ ချင်းပြည်နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့  PDF Zoland တပ်ဖွဲ့ထံကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်သား နှစ်ဦး လက်နက်တွေနဲ့အတူ သြဂုတ်လ ၁၉ ရက်က ပူးပေါင်းလာတယ်လို့ အဲဒီအဖွဲ့သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ “သူတို့ ကျွန်တော်တို့ဆီကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်းနိုင်ငံရဲ့ အယောက်သုံးဆယ်မြောက် ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဆရက်သာ

သြဂုတ်၊ ၂၂ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တဦးဖြစ်တဲ့ ဆရက်သာ သာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက် ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဖျူထိုင်းပါတီ (PTP) ဦးဆောင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ တရက်တည်း အနုကြမ်းစီးမှုနှစ်ကြိမ်ဖြစ်

သြဂုတ်၊ ၂၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့အရှေ့ပိုင်းမှာ သြဂုတ်လ ၂၁ ရက် မနေ့ကတရက်တည်း အနုကြမ်းစီးမှု နှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ ကလေးမြို့ နတ်ချောင်းလမ်းမကြီး အနီးက ကုန်စုံဆိုင်တဆိုင်နဲ့ စားသောက်ကုန်ဆိုင်တတဆိုင်တို့မှာ မနေ့က နေ့လယ်ပိုင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သက်ဆင် ထိုင်းနိုင်ငံ ပြန်ရောက်ပြီး နာရီပိုင်း အကြာမှာ နှစ်ရှည်ထောင်ဒဏ် စတင်ကျခံ

သြဂုတ်၊ ၂၂ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ထိုင်းနိုင်ငံ ပြန်လာတဲ့ နေ့မှာပဲ နှစ်ရှည် ထောင်ဒဏ် စတင် ကျခံနေရပြီ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီနယ်မှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်စိပ်မှူးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိ

သြဂုတ်၊ ၂၂   စစ်ကိုင်းတိုင်း ကနီမြို့နယ် နွားခြံကုန်းကျေးရွာ အနီးမှာ အခုလ ၁၉ ရက်နဲ့ ၂၀ ရက်တို့က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်စိပ်မှူး တဦးကို ဖမ်းမိထားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ကပြိုကျခဲ့တဲ့ ကော့လှိုင်တံတား ယာယီပြုပြင်ပြီးဖြတ်သန်းခွင့်ပြု

သြဂုတ်၊ ၂၂   ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာမှာ ပြိုကျခဲ့တဲ့ တံတားငယ်ကို ယာယီပြုပြင်ထားပြီး ခရီးသည်ကားတွေ သြဂုတ် ၂၂ ရက်၊ နေ့လယ် ၁၂ နာရီလောက်က စတင်ဖြတ်သန်းသွားလာလို့ ရနေပြီလို့ ခရီးသွားတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သန့်စင်ထားတဲ့ ရေဒီယို သတ္တိကြွ ရေတွေ အခုသီတင်းပတ်ကစလို့ ပင်လယ်ထဲ ဖောက်ချဖို့ ဂျပန်စီစဉ်

သြဂုတ်၊ ၂၂ ဝေဖန် ဆန့်ကျင်မှုတွေ ရှိနေပေမယ့်လည်း ရေဒီယို သတ္တိကြွခဲ့ဖူးတဲ့ ရေတွေကို ဂျပန်က ပင်လယ် သမုဒ္ဒရာထဲ စတင် ဖောက်ထုတ်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ငလျင်နဲ့ ဆူနာမီ လှိုင်းတွေကြောင့် အက်ကွဲခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံခုနှစ်ထောင်ဝန်းကျင် တိမ်းရှောင်နေရ

သြဂုတ်၊ ၂၂   တနင်္သာရီတိုင်း၊ ထားဝယ်မြို့အရှေ့ဘက် အရှေ့တောဒေသနဲ့ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ဘက်ကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၁ ရက် မနက်အစောပိုင်းကတည်းက တပြိုင်တည်း စစ်ကြောင်းထိုးနေလို့ ဒေသခံခုနှစ်ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။   အင်အား တရာကျော်ပါတဲ့ [ဆက်လက်ဖတ်ရှုရန်]