နိုင်ငံတကာရေးရာ

အီသီယိုးပီးယားလွှတ်တော်က အ‌ရေးပေါ်အခြေအနေရုတ်သိမ်းကြောင်းဆုံးဖြတ်

အီသီယိုးပီးယားအစိုးရကို တီဂရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီး သူတို့ရဲ့မဟာမိတ်တွေက မြို့တော် အဒိစ်အဘာဘားကို ချဥ်းကပ်လာကြတာ‌ကြောင့် နိုဝင်ဘာလဆန်းပိုင်းက ချမှတ်ထားခဲ့တဲ့ခြောက်လကြာအရေးပေါ် အခြေအနေကြေညာမှုကို အီသီယိုးပီးယားလွှတ်တော်က ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။ တီဂရေးတပ်ဖွဲ့တွေက အခိုင်အမာခြေကုပ်ယူထားတဲ့နိုင်ငံမြောက်ပိုင်းဆီ ပြန်လည်ဆုတ်ခွာခဲ့တဲ့နောက် ဝန်ကြီးချုပ်အဘီအာမတ်က အရေးပေါ် အခြေအနေရုတ်သိမ်းပေးဖို့ အဆိုပြုခဲ့တဲ့တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဖမ်းဆီးခံရပြီး တရားရင်ဆိုင်ရမယ်

၂၀၁၄ ခုနှစ်ကနေ ပြီးခဲ့တဲ့လအထိ ဟွန်ဒူးရပ်စ်သမ္မတဖြစ်ခဲ့တဲ့ ဟွမ်အော်လန်ဒို ဟာနန်ဒက်စ်ဟာ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်ကြောင့် ဖမ်းဆီးခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၆ ရက်မှာ တရားခွင်မှာ အမှုရင်ဆိုင်ရဖို့ ရှိပါတယ်။ သူ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းမြို့ ရေမျက်ကြီးအင်းအတွင်း စစ်အုပ်စုရဲ့ လေယာဉ်တစ်စီးပျက်ကျတယ်လို့ သတင်းထွက်ပေါ်

စစ်ကိုင်းမြို့ ရေမျက်ကြီးအင်းအတွင်း အကြမ်းဖက်စစ်အုပ်စုက လေယာဉ်တစ်စီး ပျက်ကျသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ကနဦး သတင်းပေးပို့လာပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ စစ်အုပ်စုရဲ့ တိုက်လေယာဉ်တစ်စီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက်စစ်တပ်ကို ပြတ်သားတဲ့အရေးယူမှုချက်ချင်းလုပ်ဖို့ Fortify Rights တိုက်တွန်း

အကြမ်းဖက်စစ်တပ်ဟာ ကမ္ဘာ့ဈေးကွက်က ဝယ်ယူထားတဲ့ လက်နက်တွေနဲ့ ကိုယ့်ပြည်သူကိုယ် သတ်နေတာတွေ ရပ်တန့်အောင် နိုင်ငံတကာက ခိုင်မာပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေးအဖွဲ့  Fortify Rights ရဲ့ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ismail Wolff က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အုပ်ချုပ်မှုခြောက်လအတွင်း ပိုကျပ်တည်းလာ

တာလီဘန်တွေရဲ့လက်အောက် ကျရောက်ခဲ့တဲ့ နှစ်ဝက်ကာလအတွင်း အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကလောက်  အကြမ်းဖက်မှုတွေ မတွေ့ရတော့ပေမယ့် နိုင်ငံစီးပွားရေး ကျဆင်းမှုကို ရင်ဆိုင်နေရပါတယ်။ သောင်းချီတဲ့ လူလတ်တန်းပညာတတ် အာဖဂန်ပြည်သူတွေဟာ နေအိမ်တွေကနေ တိမ်းရှောင်ပြေးလွှားနေကြရပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေကလို အမျိုးသမီးတွေကို ကျောင်းတက်ခွင့်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး အကြမ်းဖက်မှုလျှော့ချနိုင်ဖို့ အရေးကြီး

မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ဖို့ရာ အကြမ်းဖက်မှုလျှော့ချရေးဟာ အရေးကြီးတဲ့အကြောင်း အာဆီယံအထူးသံတမန် နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးထားကြတယ်လို့သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး မြန်မာ့အရေး အာဆီယံ အထူးသံတမန်လည်းဖြစ်တဲ့ ပရက်ဆော့ခွန်းနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ အွန်လိုင်းကနေ တွေ့ဆုံစဉ် အဲဒီလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင် ရဲစခန်းကို လက်နက်ကြီး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင် ရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့က လက်နက်ကြီး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ညဦးပိုင်းမှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ဘုတလင်နေ့စဉ်သတင်းက [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အွန်လိုင်းပေါ်က တော်လှန်ရေး ဗန်းပြ အုပ်စုလိုက် လိမ်လည်မှု လူလိမ်များ၏ ဇာစ်မြစ် (ဒုတိယပိုင်း – နိဂုံး)

မြတ်ကျော်သူ ရေးသားသည်။ အမှန်တကယ်တွင် Burma Army ဟု နာမည်ပေးကာ လိမ်လည်နေသည့် အဖွဲ့ဝင် အကောင့်တုများအနက် တစ်ခုမှာ အာဏာသိမ်း ဖြစ်စဉ် မတိုင်ခင်ကတည်းက အွန်လိုင်းပေါ်တွင် သတင်းမှားများဖြန့်ကာ နာမည်ကြီးခဲ့ဖူးသည့် Facebook အကောင့်တု တစ်ခုဖြစ်သည်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းကင်းမှာ မိုင်းရှင်းလူသားဒိုင်းအဖြစ် အကြမ်းဖက်တပ် ဖမ်းသွားသူ ၃၅ ဦး ရွာပြန်ရောက်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဘင်ရွာကနေ မိုင်းရှင်းလူသားဒိုင်းအဖြစ် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားသူ ၃၅ ဦး ရွာပြန်ရောက်ပြီလို့ သိရပါတယ်။ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူတွေထဲမှာ အသက် (၈၀) ကျော်တွေ၊ လေဖြန်းနေသူတွေ နဲ့ အမျိုးသမီးတွေ ပါဝင်ပြီး (၃) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ မဲဇလီစခန်းကို PDF က ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ အကြဖမ်းဖက်စစ်အုပ်စုရဲ့ မဲဇလီရဲစခန်းကို PDF ပူးပေါင်းအဖွဲ့က M79 ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွင့်ဖြူ PDF က သတင်းထုတ်ပြန်လိုက်ပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ည ၇ နာရီ [ဆက်လက်ဖတ်ရှုရန်]