ဒေသအလိုက် သတင်းကဏ္ဍ

မိုးမောက်မှာ စစ်အုပ်စုလက်အောက်ခံ နယ်ထိန်းရဲတစ်ဦး အပစ်ခံရ

ကချင်ပြည်နယ် မိုးမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ထိန်းရဲတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီကနေ့ မတ်လ ၇ရက်နေ့ ညနေ ၅နာရီခန့်မှာ မိုးမောက်မြို့မရဲစခန်းက နယ်ထိန်းရဲ ကျော်ဇေယျ(ခ) ကျော်ကျော်ကို အမည်မသိ သေနတ်သမားက ပစ်ခတ်သွားတာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်ပက်လက်တိုက်ပွဲအတွင်း စစ်အုပ်စုက ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ဦးသေ

မကွေးတိုင်းနယ်စပ်ကနေ ကန်ပက်လက်မြို့ကို စစ်ကြောင်း ၃ကြောင်းခွဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို CDF- Kanpetletနဲ့ ပူးပေါင်းအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ဗိုလ်ကြီး ၁ဦးအပါအဝင် ၆ဦးသေဆုံးသွားခဲ့တယ်လို့ CDF- Kanpetletက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၇ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KNUတပ်မဟာ၅ နယ်မြေမှာ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း သုံးရာကျော်ဖြစ်ပွားခဲ့

ကရင်အမျိုးသားအစည်းအရုံး KNU မူတြော်ခရိုင် တပ်မဟာ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAအကြား ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၃၁၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၃၆ဦးသေဆုံးကာ ၁၀၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက သေဆုံးသူတွေထဲမှာ ဗိုလ်ကြီး ၃ဦးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဥက္ကလာမှာ ဈေးဆိုင်တဆိုင် ဓားပြတိုက်ခံရ

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ၆ကွေမှတ်တိုင်နဲ့ ဧရာမှတ်တိုင်ကြားမှာရှိ BKK T-Shirt ဆိုင်မှာ ဒီကနေ့ နေ့လည်ပိုင်းက ဓားပြတိုက်ခံခဲ့ရတယ်လို့ BKK T-Shirtဆိုင်ပိုင်ရှင်က သူ့ဆိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒီကနေ့ မတ်လ ၇ရက်နေ့ နေ့လည်ပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဩစတေးလျဒုံးလက်နက်တွေ ယူကရိန်းရောက်ပြီ

ယူကရိန်းနိုင်ငံကို ပေးပို့လိုက်တဲ့ ဒုံးလက်နက်တွေ ရောက်ရှိသွားပြီးဖြစ်ကြောင်း ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး စကော့တ်မောရစ်ဆင်က မတ်လ ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ယူကရိန်းကို ဒုံးလက်နက်၊ ခဲယမ်းမီးကျောက်နဲ့ စစ်သုံးပစ္စည်း ဒေါ်လာ သန်း ၅၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးညင်းမြို့ကနေထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ သေဆုံးသူအရေအတွက်များ

မိုးညင်းမြို့ကနေ စစ်ကား ၂၇စီး၊ အင်အား ၂၀၀ခန့်နဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို KIAနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ထိခိုက်သေဆုံးသူ များပြားခဲ့တာကြောင့် ကား ၆စီးနဲ့ပါ သယ်ယူနေရတယ်လို့ KIAက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ဆည်ကန်တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သား ၂ဦးကို ဆေးကုပေးပြီး ကရင်နီရဲတပ်ဖွဲ့ဆီအပ်နှံ

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်ကျေးရွာအနီး တိုက်ပွဲမှာ အရှင်ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ စစ်သား ၂ ဦးကို ကောင်းမွန်စွာ ဆေးဝါးကုသမှုပေးပြီး ကရင်နီရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ KNDFက ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပူတင်ကြောင့် နေတိုးပိုအားကောင်းဖို့ ဖြစ်လာရတယ်လို့ စစ်ဦးစီးချုပ်ဟောင်း မှတ်ချက်ချ

နေတိုးမဟာမိတ်တပ်ဖွဲ့ စစ်ဦးစီးချုပ်ဟောင်း ဂျိမ်းစ်စတာဗရီဒစ်က ပူတင်ကြောင့် နေတိုးပိုအားကောင်းဖို့ ဖြစ်လာရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နေတိုးမဟာမိတ်တပ်ရဲ့ စစ်ဦးစီးအဖြစ် ထမ်းဆောင်ခဲ့သူ စတာဗရီဒစ်က မကြာခင်က ဂျာမန်ရဲ့ ကာကွယ်ရေးဘတ်ဂျတ်မြှင့်တင်လျာထားမှုနဲ့ပတ်သက်လို့ မှတ်ချက်ပေးရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲမှာ စစ်အုပ်စုက လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်မြို့ဖြစ်တဲ့ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ မိုးဗြဲအခြေစိုက် ၄၂၂ တပ်က လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လမ်းပိုင်းအချို့ကို အသုံးမပြုဖို့ CDF ကန်ပက်လက် သတင်းထုတ်ပြန်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ လက်မွန်- ခါးပန်လမ်းပိုင်း၊ လက်မွန် – ကျော့တော်လမ်းပိုင်း၊ အညာကတင်း-ကန်းလောင်းလမ်းပိုင်းနဲ့ ဆော- ကန်ပက်လက်လမ်းပိုင်းတွေကို အသုံးမပြုဖို့ CDF- Kanpetlet က ဒီကနေ့ မတ်လ ၇ [ဆက်လက်ဖတ်ရှုရန်]