ဆောင်းပါး

မင်းအောင်လှိုင်ကို အမှန်အတိုင်းရှုမြင်သင့်ပြီ

ဘယ်လိုမှ ပြောဆိုဖျောင်းဖျလို့မရ၊ရောက်အောင်သွားမယ်ဆိုတဲ့စိတ်နဲ့ အာဆီယံအထူးသံတမန်၊က မ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးမစ္စတာ ပရက်ဆွန်ခွန်းရဲ့ မတ်လ၂၁-၂၃ရက်နေ့မြန်မာခရီးစဉ်ပြီးဆုံးခဲ့ပါ ပြီ။ မတ်လ ၂၃ရက်နေ့၊ကမ္ဘောဒီးယားပြန်ရောက်တဲ့အချိန်မှာပဲ ပရတ်ဆွန်ခွန်းက ဖနွမ်းပင်မှာ သတင်းထောက် တွေကို အခုလို သက်ပြင်း ချပြခဲ့တာတွေ့ရပါတယ်။ ‘မြန်မာနိုင်ငံပြဿနာဟာ ရှုပ်ထွေးပြီး ရေရှည်ဖြေရှင်းရမယ့်ပြဿနာ ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၈ လအတွင်း EAOs နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲ ၂၀၀၀ ကျော်ဖြစ်ပွားခဲ့

၈ လတာအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲ ၂၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်-မြဝတီလမ်း ယာဉ်သွားလာခွင့်ယာယီပိတ်ကြောင်း KNU ထုတ်ပြန်

ကော့ကရိတ်-မြဝတီနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေပေါ်မှာ ယာဉ်သွားလာဖြတ်သန်းမှုကို မတ်လ၂၇ရက်နေ့ကစပြီး ယာယီရပ်ဆိုင်း ထားကြဖို့ KNU(ဒူးပလာယာခရိုင်)ကထုတ်ပြန်ပါတယ်။ ကော့ကရိတ်တောင်ပိုင်းနဲ့ လေးကေ့ကော်ဒေသမှာ တပ်စွဲပြီး ပြည်သူကို အနှောင့်အယှက် ပေးနေတဲ့ အကြမ်းဖက်စစ်တပ်တွေကို ပြန်လည်ဆုတ်ခွာဖို့ ဒူးပလာယာခရိုင်အနေနဲ့ထုတ်ပြန်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ဟာ မလိုက်နာတဲ့အပြင် စစ်အင်အားတိုးချဲ့မှုတွေကိုပါ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဒဂုံ Denko ဆီဆိုင်နဲ့ ကမ္ဘောဇဘဏ် ATM စက်တို့ကို STA အဖွဲ့တိုက်ခိုက်ဖျက်ဆီး

ရန်ကုန်မြို့၊ ​ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပင်လုံလမ်းပေါ်က Denko ဆီဆိုင်နဲ့ ၇/၈ လမ်းဆုံအနီးမှာရှိတဲ့ ကမ္ဘောဇဘဏ်ဘေးက ATM စက်တွေကို Special Task Agency of Burma (STA) အဖွဲ့က တစ်ချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ ပူးပေါင်းပြီး စစ်အုပ်စုနဲ့ ဆက်နွှယ်နေသူတွေကို ထပ်တိုး ဒဏ်ခတ်

အကြမ်းဖက် စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက လူငါးဦးနဲ့ လုပ်ငန်း/အဖွဲ့အစည်း ငါးခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယမန်နေ့က ထုတ်ပြန်ပါတယ်။ အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်၊ ဇော်ဟိန်းနဲ့ ကိုကိုဦးတို့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးညှင်းမှာ လေပြင်းတိုက်ခတ်မှုလို့ လူနေအိမ် ၁၅ လုံးပျက်စီ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဘီလူးမြို့အနီးရှိ အုန်းစံဆိုင်ကျေးရွာမှာ မနေ့ည ၁၁ နာရီလောက်က လေပြင်းတိုက်ခတ်မှုတ်ကြောင့် လူနေအိမ် ၁၅ လုံးနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ Kachin News Group က ဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်က ရုရှားနဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်တွေချမှတ်

အမေရိကန်က ရုရှားကုမ္ပဏီနှစ်ခုနဲ့ မြောက်ကိုရီးယားအဖွဲ့အစည်းတခုကို အရေးယူဒဏ်ခတ်မှု စာရင်းသွင်းလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၄ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်.  Ardis Groupနဲ့ PFK Profpodshipnik LLC စတဲ့ရုရှားကုမ္ပဏီနှစ်ခုနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပရိုဂရမ်အတွက် ပစ္စည်းတွေပေးပို့ပေးတဲ့  Second Academy [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြိမ်ကြိမ် ဗုံးပေါက်ခဲ့ဖူးတဲ့ အင်းစိန်ဖော့ကန်ရပ်ကွက်ရုံး နောက်တစ်လုံးထပ်ကွဲ ပြန်

ဗုံးပေါက်ကွဲမှု ငါးကြိမ်ထက်မနည်း ဖြစ်ခဲ့ဖူးတဲ့ အင်းစိန်မြို့နယ်က ဖော့ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးတစ်လုံးထပ်ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၁၀နာရီကျော်လောက်မှာ ဖော့ကန် ဘတ်စ်ကားမှတ်တိုင်အနီး လမ်းမတန်းမှာရှိတဲ့ ဖော့ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ ဗုံးပေါက်ကွဲပြီးတဲ့နောက် မပေါက်ကွဲသေးတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ထုတ်ဘီယာရောင်းတဲ့ဆိုင်နဲ့ လောင်းကစားလုပ်တဲ့အိမ်ကိုဝင်စစ်၊ကား၂စီးကို တော်လှန်ရေးအ တွက်သိမ်

ပခုက္ကူမြို့ပေါ်က စစ်တပ်ထုတ်ကုန်ဘီယာရောင်းချတဲ့စားသောက်ဆိုင်နဲ့ လိုင်းကြေးပေးလောင်းကစား လုပ်နေတဲ့ အိမ်တို့ကို PDF တွေက ရှောင်တခင်ဝင်စစ်ကာ ကား၂စီးကိုတော်လှန်ရေးအတွက်သိမ်းယူခဲ့လို့ သိရပါတယ်။ မတ်လ၂၄ရက်နေ့ ညနေ၅နာရီလောက်မှာ ပခုက္ကူမြို့စက်မှုဇုန်(၆)လမ်းရှိ စားသောက်ဆိုင်ကို ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ တားမြစ်စစ်တပ်ထုတ်ကုန် မြန်မာဘီယာနဲ့ဒဂုန်ဘီယာအပါအဝင် တခြားဆက်စပ်ပစ္စည်းတွေ ရောင်းချနေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်ပတ်တာအတွင်း လူနေအိမ်၄၈၁လုံးထက်မနည်း အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီ

အကြမ်းဖက်စစ်တပ်ဟာ တစ်ပတ်တာကာလအတွင်း လူနေအိမ်၄၈၁လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မတ်လ၁ရက်နေ့ကနေ ၂၂ရက်နေ့အထိ လူနေအိမ်၁၆၀၂လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မတ်လ၁ရက်နေ့ကနေ ၁၅နေ့အထိ လူနေအိမ် ၁၁၂၁လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်က [ဆက်လက်ဖတ်ရှုရန်]