KIA က ဖားကန့်မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့်  ညမထွက်ရအမိန့် ထုတ်ပြန်ဆိုတဲ့ သတင်းမှား 

KIA က ဖားကန့်မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့်  ညမထွက်ရအမိန့် ထုတ်ပြန်ဆိုတဲ့ သတင်းမှား 

 

အောက်တိုဘာ ၁၅၊ ၂၀၂၆။

(Fact-check _DNA/ MFCN/ The Red Flag)

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကာမိုင်း-နန့်ယား လမ်းပိုင်းပြုပြင်ရေး လူထုတွေ့ဆုံပွဲတခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIAက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုစာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ 

 

အဲ့ဒီအကြောင်းအရာကို Shanni Empire ဆိုတဲ့ စာမျက်နှာကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်မှာ “ကချင်KIA ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် ဖားကန့်မှာညမထွက်ရအမိန့်ထုတ်” (မူရင်းအတိုင်း) စတင်ဖြန့်ဝေထားပြီး reaction ပြုလုပ်သူ ၃၀၅ဦး၊ comment ရေးသားသူ ၃၁ဦး၊ ပြန်လည်မျှဝေသူ ၂၅ဦးထိရှိနေပြီး ပျံ့နှံ့မှုရှိနေပါတယ်။

 

သတင်းမှားလင့် – https://archive.ph/wip/Pmttf 

 

ပျံ့နှံ့လာတဲ့အဲ့ဒီအကြောင်းအရာကို MFCNအဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ ဖားကန့်မြို့စုပေါင်းရုံးဟာ အရပ်သားတွေ သွားလာတဲ့နေရာ မဟုတ်ဘဲ  စစ်ကောင်စီတပ်၊ ရဲနဲ့ ကင်းစောင့်ဘန်ကာတွေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ လည်ပတ်နေတဲ့ နေရာတခုဖြစ်တာကို တွေ့ရပါတယ်။

 

သတင်းစီစစ်ချက်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ စစ်ကောင်စီ ဒုတပ်မမှူး၊  ရဲအရာရှိတွေ၊ မြို့နယ် ထွေအုပ်၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီ ကိုယ်စားလှယ်တွေ ပါဝင်တဲ့အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်တယ်လို့ People’s Spring သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

 

စုပေါင်းရုံးမှာအဲ့ဒီ  ကာမိုင်း-နန့်ယား လမ်းပိုင်း ပြုပြင်ရေးနဲ့ ပတ်သက်ပြီး အစည်းအဝေးပြုလုပ်နေချိန်မှာ KIA ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်နဲ့ အကျိုးတူပူးပေါင်းနေတဲ့ KNDPC ကုမ္ပဏီ တာဝန်ခံ ဦးဒရွန်းဇော်အောင်နဲ့ ဈေးသည် တဦး သေဆုံးခဲ့တယ်လို့ The Irrawaddy သတင်းဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က သတင်းဖော်ပြထားပါတယ်။

The Irrawaddy သတင်းဌာနက ဖော်ပြခဲ့တဲ့သတင်းအပြည့်အစုံ  >>> https://www.facebook.com/share/p/1F25ycsFii/ 

 

KNDPC ကုမ္ပဏီဟာ ဖားကန့်မှာ ကျောက်စိမ်းတူးတာ၊ လမ်းပြင်တာတွေအပြင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စုပေါင်းရုံးထဲအထိ ပူးပေါင်းလုပ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး၊ ကုမ္ပဏီရဲ့ တာဝန်ခံ ဦးဇော်အောင်ဟာလည်း စုပေါင်းရုံးမှာ စစ်တပ်နဲ့ တွေ့ဆုံနေချိန်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရလို့ သေဆုံးခဲ့တယ်ဆိုတဲ့အကြောင်း Red News Agency သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

 Red News Agency သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းအပြည့်အစုံ >>> https://www.facebook.com/share/p/1B3V1pYjgD/ 

 

ဖားကန့် စုပေါင်းရုံး ဒရုန်းနဲ့ ဗုံးကြဲခံရပြီးနောက် လဝက ဝန်ထမ်းတွေ မြစ်ကြီးနားဘက်ကို ပြန်လည် ရွှေ့ပြောင်းသွားကြသလို၊ အဲဒီ စုပေါင်းရုံးဟာ စစ်ကောင်စီတပ်နဲ့ ရဲတွေ ဘန်ကာဆောက် တပ်စွဲထားတဲ့အပြင် ၂၀၂၄က စပြီး တိုက်ပွဲတွေနဲ့ မကြာခဏ တိုက်ခိုက်ခံရတာကြောင့် ဌာနဆိုင်ရာ ဝန်ထမ်း အများစုဟာ မြစ်ကြီးနားနဲ့ မိုးညင်းဘက်တွေမှာပဲ သွားရောက် ရုံးထိုင်ကြတော့တာ ဖြစ်တယ်လို့ ရွှေဖီမြေသတင်းဌာနက သတင်းဖော်ပြထားပါတယ်။

ရွှေဖီမြေသတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းအပြည့်အစုံ >>> https://www.facebook.com/share/p/1HvxL86Bci/ 

သတင်းသုံးသပ်ချက်

 

စိစစ်ချက်အရ ဒရုန်းဗုံးကြရောက်ပေါက်ကွဲခဲ့တဲ့ စုပေါင်းရုံးဟာ အရပ်သားတွေနေထိုင်တဲ့နေရာမဟုတ်ဘူးဆိုတာကို တွေ့ရပါတယ်။ စစ်ကောင်စီတပ်သား၊ ရဲတွေနဲ့ ဘန်ကာတွေ တပ်စွဲထားတဲ့ အုပ်ချုပ်ရေး အခြေစိုက်စခန်းတ ခုဖြစ်တာကိုတွေ့ရပါတယ်။

 

ပျံ့နှံ့နေတဲ့သတင်းမှားထဲမှာ လူထုအစည်းအဝေးလို့ရေးသားထားပေမယ့်  တကယ်တော့  စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေ၊ စစ်တပ်နဲ့ရဲအရာရှိတွေ အပြင် စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့ KNDPCကုမ္ပဏီတို့ သီးသန့်တွေ့ဆုံပွဲတခုဖြစ်တာကို တွေ့ရပါတယ်။

 

အဲ့ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေး စိုးရိမ်မှုကြောင့် ထုတ်ပြန်တဲ့ အမိန့်ကို ကချင်လွတ်မြောက်ရေးတပ်တော် KIA ကြောင့် အရပ်သားများ ဒုက္ခရောက်ရသကဲ့သို့ ပုံဖျက်လွှဲချ ရေးသားထားခြင်း ဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ 

 

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်