
အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS) ရဲ့ ပြောကြားချက်အရ ဒီရေကြီးမှုဟာ ရေခဲမြစ် ပြိုကျလာတာနဲ့အတူ အပျက်အစီးတွေ ကျဆင်းလာကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မြစ်အောက်ပိုင်းမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။
၂၇ ၊ ဩဂုတ်
မြေစာနဲ့ ကျောက်တွေ မြစ်ထဲ ပြိုကျသွားပြီးနောက် နီပေါနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ပျောက်ဆုံးနေတဲ့ လူ ၁,၅၀၀ နီးပါးကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေဟာ ရဟတ်ယာဉ်တွေကို သုံးပြီး ရေကြီးနေတဲ့ ကျေးရွာတွေကို လိုက်ရှာနေကြပါတယ်။
ဒီဆိုးရွားလှတဲ့ ရုတ်တရက် ရေကြီးမှုဟာ နီပေါနဲ့ တရုတ်ရဲ့ တိဘက် ဟိမဝန္တာနယ်စပ်အနီးက မြို့တွေနဲ့ ချိုင့်ဝှမ်းဒေသတွေကို လွှမ်းမိုးသွားခဲ့တာပါ။
ဟိမဝန္တာတောင်တန်းမှာရှိတဲ့ ရေခဲမြစ်အောက်ပိုင်းဟာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ချိုင့်ဝှမ်းထဲကို ပြိုကျသွားခဲ့တာဖြစ်ပြီး ငလျင်ကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။
ဒီလိုပြိုကျမှုကြောင့် နှင်း၊ ရေခဲနဲ့ ကျောက်တုံးတွေဟာ တောင်တန်းနယ်စပ်အတိုင်း စီးဆင်းနေတဲ့ Lhende Khola မြစ်ထဲကို အရှိန်နဲ့ စီးဝင်သွားပါတယ်။
အဲဒီ ရွှံ့နွံပြိုကျမှုဟာ တိဘက်က Gyirong ဆိပ်ကမ်းရော နီပေါနိုင်ငံထဲကိုပါ ဆိုးဆိုးရွားရွား ရိုက်ခတ်ခဲ့တာပါ။ အရှိန်ပြင်းတဲ့ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လမ်းတွေနဲ့ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေ မျောပါသွားခဲ့ပြီး ရွာတွေလည်း ရေမြုပ်ကုန်ပါတယ်။
လက်ရှိမှာ သေဆုံးသူအရေအတွက်ဟာ ၁၆၀ ကျော်သွားပြီဖြစ်ပြီး နိုင်ငံခြားသား ၈၀၀ ကျော် အပါအဝင် ပျောက်ဆုံးနေသူတွေ အများကြီး ရှိသေးတာမို့ သေဆုံးသူ ဒီထက်မက တိုးလာနိုင်ပါတယ်။
ဒီဒေသဟာ တောင်တက်သမားတွေနဲ့ ဘုရားဖူးတွေ လာရောက်ကြတဲ့နေရာဖြစ်ပြီး ရေကြီးလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ နေရာတွေကို အကူအညီပစ္စည်းတွေ လေကြောင်းကနေ ချပေးနေရပါတယ်။
ကမ္ဘာတလွှား နိုင်ငံတွေကလည်း အကူအညီတွေ ပေးအပ်နေကြသလို ပျောက်ဆုံးစာရင်းမှာ ပါနေတဲ့ သူတို့နိုင်ငံသားတွေရဲ့ အခြေအနေကို စုံစမ်းဖို့ ကြိုးစားနေကြပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီနေကြပြီး ကြာသပတေးနေ့က နိုင်ငံခြားသား ၂၀ အပါအဝင် လူပေါင်း ၁၂၅ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ နီပေါစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရာဂျာ ဘာစ်နက် က ပြောပါတယ်။
အိမ်နီးချင်း အိန္ဒိယက တဲတွေ၊ အစားအသောက်တွေနဲ့ အခြား အရေးပေါ် ကူညီရေးပစ္စည်းတွေ ပံ့ပိုးထားပြီး လက်ရှိမှာတော့ အဆိုပါ ကူညီရေးပစ္စည်းတွေကို ရဟတ်ယာဉ်တွေသုံးကာ ထိခိုက်မှု အဆိုးရွားဆုံး ခရိုင်တွေဆီ ပို့ပေးနေတယ်လို့ သူက ဆိုပါတယ်။
အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS) ရဲ့ ပြောကြားချက်အရ ဒီရေကြီးမှုဟာ ရေခဲမြစ် ပြိုကျလာတာနဲ့အတူ အပျက်အစီးတွေ ကျဆင်းလာကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မြစ်အောက်ပိုင်းမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။
#နီပေါ #တိဗက် #ရုတ်တရက်ရေကြီး
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း