
“ဆေးမြီးတိုနဲ့ ကြိတ်ကုနေတာတွေ တွေ့နေရတာ။ တချို့ ဆေးခန်းတောင် သွားတာမဟုတ်ဘူး။ လူမသိအောင် နေတဲ့ လူနာတွေရှိတော့ တဆင့်ဆင့်နဲ့ ကူးမှာစိုးရတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေသူတဦးက ပြောပါတယ်။
၁၅၊ဩဂုတ်
ဆေးရုံတက်လူနာ ၁၈၀ ကျော်မှာ ရောဂါပိုးတွေသူ ၉၀ နီးပါးရှိပြီး ထပ်တိုးလူနာ ကျဆင်းလာနေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် စာရင်းပျောက် လူနာတွေကတဆင့် ဆက်လက် ကူးစက်နေမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
“ကြိတ်ကုတဲ့ သူတွေက ရောဂါကို အသံတိတ် ဖြန့်နေတာမို့လို့ ပတ်ဝန်းကျင်က သိရရင် သက်ဆိုင်တဲ့ဆီ အကြောင်းကြား ပေးစေချင်တယ်”လို့ တိုင်းကျန်းမာရေးဌာနမှ ဆရာဝန်တဦးက ပြောပါတယ်။
လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားတာကို ထိန်းချုပ်ထားနိုင်ပြီး မြေပြင်မှာ စစ်ဆေးတာတွေ ကူးစပ်မှု မရှိအောင် သတိပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လသာနဲ့ ဆက်စပ် ဧရိယာအတွင်းက လမ်းဘေး အစားအစာ ရောင်းချတဲ့ ဆိုင်တွေကို ယာယီပိတ်ထားတာ ၊ သောက်သုံးရေထဲကို ကလိုရင်းထဲ့ ဖြန့်ချိတာတွေကိုလည်း တိုင်းအစိုးရအဖွဲ့က လုပ်နေပါတယ်။
“ဆေးမြီးတိုနဲ့ ကြိတ်ကုနေတာတွေ တွေ့နေရတာ။ တချို့ ဆေးခန်းတောင် သွားတာမဟုတ်ဘူး။ လူမသိအောင် နေတဲ့ လူနာတွေရှိတော့ တဆင့်ဆင့်နဲ့ ကူးမှာစိုးရတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေသူတဦးက ပြောပါတယ်။
လသာမြို့နယ်နဲ့ ဆက်စပ် ဧရိယာတွေဖြစ်တဲ့ လမ်းမတော်၊ပန်းဘဲတန်း၊သာကေတမြို့နယ်တွေမှာ ဝမ်းရောဂါဖြစ်ပွားမှု သိသိသာသာ များပြာလာပြီး ဩဂုတ်လ ၁၁ ရက်နေ့က စပြီး ဆေးရုံမှာ အစားအသောက် ချက်ပြုတ်လှူတန်းတာတွေကို တပတ်တိတိ ရပ်နားထားပြီး ရောဂါဖြစ်သူတွေ နေထိုင်တဲ့ ဝန်းကျင်က အစားအသောက်၊ ရေနဲ့ အသုံးဆောင်တွေကို ဓါတ်ခွဲစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း တိုင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
#ဝမ်းပျက်ဝမ်းလျှော #ထိန်းချုပ် #ရန်ကုန် #လူနာ
#DeltaNewsAgency #DNA