
“အိမ်ကအပင်ကို ကျောင်းမှာ သွားစိုက်ရတာ ဘာအကြောင်းထူးလဲ။ သက်သက် အလုပ်ပိုတာပဲ အဖတ်တင်တယ်။ ကလေးတွေကို ခိုင်းတာဆိုလည်း မိဘတွေပဲ သွားလုပ်ပေးရတာ” လို့ အောင်မင်္ဂလာရွာမှ ကျောင်းသားမိဘတဦးက ပြောပါတယ်။
၁၀၊ဩဂုတ်
ကျောင်းသူ၊ကျောင်းသားတွေ အဟာရပြည့်မီအောင် စားသောက်နိုင်ဖို့ ခေါင်းစဉ်အောက်ကနေ ပဲခူးမြို့နယ်ထဲက ကျောင်းတွေဟာ ကိုယ်တိုင် ငှက်ပျောပင်တွေ စိုက်ပျိုးနေရပါတယ်။
“မြို့ နယ်ပညာရေးမှူးရုံးက ညွန်ကြားတာ။ လုပ်ဆောင်မူမှတ်တမ်းလည်း တင်ပြရတယ်” လို့ ရစ်ကန်ကျေးရွာက အလယ်တန်းပြ ဆရာမ တဦးက ပြောပါတယ်။ငှက်ပျောပင် စိုက်ဖို့အတွက် အပင်မျိုးကို မြို့နယ်က ချပေးမယ်လို့ ပြောပေမယ့် နောက်ဆုံးမှာ ကျောင်းသားတွေဘာသာ အပင်ယူစိုက်ခိုင်းခဲ့တာလို့ သူကဆက်ပြောပါတယ်။
“ခိုင်းတာက အထက်က၊ ကျောင်းသားမိဘတွေက ကိုယ်တွေကပဲလုပ်ခိုင်းသလို အပြစ်ပြောသေးတာ။ အလုပ်မဟုတ်မှန်းသိလည်း ခိုင်းတော့မလုပ်လို့မရဘူးလေ” လို့ လည်း ကျောင်းသားမိဘတွေနဲ့ သူတို့ကြားက အခက်အခဲကို ရှင်းပြပါတယ်။
တဖက်မှာလည်း အဲဒီလို ညွှန်ကြားချက်ကြောင့် ငှက်ပျောပင် စိုက်ခင်းအတွက် ကျောင်းသားမိဘတွေကြားမှာ ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။ကျောင်းသားတယောက်ကို ငှက်ပျောတပင်နှုန်း ယူလာခိုင်းပြီး ကျောင်းဝင်းထဲမှာ စိုက်ပျိုးဖို့ ဆရာ၊ဆရာမတွေကို မှာလိုက်တဲ့အတွက် ကျောင်းသားမိဘတွေကိုယ်တိုင် အလုပ်ပိုရတယ်လို့ ဆိုပါတယ်။
“အိမ်ကအပင်ကို ကျောင်းမှာ သွားစိုက်ရတာ ဘာအကြောင်းထူးလဲ။ သက်သက် အလုပ်ပိုတာပဲ အဖတ်တင်တယ်။ ကလေးတွေကို ခိုင်းတာဆိုလည်း မိဘတွေပဲ သွားလုပ်ပေးရတာ” လို့ အောင်မင်္ဂလာရွာမှ ကျောင်းသားမိဘတဦးက ပြောပါတယ်။
ကျောင်းသားတွေကို သီးလာတဲ့ ငှက်ပျောသီးစားပြီး အာဟာရပြည့်အောင် ရည်ရွယ်စိုက်ခိုင်းတာက အလုပ်မဖြစ်နိုင်တဲ့ ဟန်ပြလုပ်ရပ် ဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
စစ်အစိုးရ သမ္မတ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်က အခြေခံကျောင်းသားတွေ အဟာရပြည့်ဝရေး ညွှန်ကြားချက် ထွက်လာပြီး နောက်ပိုင်းမှာ ပညာရေးဝန်ကြီးဌာနရဲ့ အောက်ခြေမှာရှိနေတဲ့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေအလိုက် အခုလို ညွှန်ကြားချက်တွေ ထုတ်လာတာလို့လည်း ပဲခူးမြို့ခံတဦးက မှတ်ချက်ပေးပါတယ်။
“ပညာရေးမှူး တဦးချင်းနဲ့ ဆိုင်မယ်ထင်တယ်။ အာဟာရ ပြည့်ဝရေး ခေါင်းစဥ်အောက်ကနေ ဆင့်ကဲ ဖော်ဆောင်တဲ့ သဘော၊ ဟိုတကျောင်းဆိုရင် ထမင်း၊ကြက်ဥပြုတ်နဲ့ ငှက်ပျောသီး ယူလာခိုင်းတာဆိုတော့”လို့ မှတ်ချက်ပေးပါတယ်။
မကြာခင်က KG ကျောင်းသားတွေကို အာဟာရကျွေးရမှာဖြစ်တာကြောင့် ကလေးတဦးကို ထမင်းတချိုင့်၊ ကြက်ဥပြုတ်တလုံးနဲ့ ဖီးကြမ်းငှက်ပျောသီးတလုံး ယူလာဖို့ ကျောင်း သားမိဘတွေကို အခြေခံပညာကျောင်းတခုရဲ့ တံခါးဝမှာ စာကပ်အသိပေးထားတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိခဲ့တာပါ။
Photo- လူမူကွန်ရက်