
”ထိုင်းနိုင်ငံအနေနဲ့ မြန်မာအစိုးရ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိဖို့ အခုထက်ပိုတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်” လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။
၄ ၊ ဩဂုတ်
ဇူလိုင်လ ၃ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque တို့ တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို စစ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုတာဟာ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် မစတင်ခင် ရက်ပိုင်းအလိုမှာဖြစ်ပေါ်လာတာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ကတော့ အဲဒီတွေ့ဆုံမှုကို ကြိုဆိုကြောင်း ထုတ်ပြောခဲ့ပါတယ်။
”ထိုင်းနိုင်ငံအနေနဲ့ မြန်မာအစိုးရ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိဖို့ အခုထက်ပိုတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်” လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။
ဒါပေမယ့် ယူကေအစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ICRC အကြီးအကဲနဲ့ ပေးတွေ့တာဟာ အသက်ရှင်နေသေးကြောင်း သက်သေအထောက်အထားဖြစ်ပေမဲ့ ဒီအချက်တစ်ခု တည်းနဲ့မလုံလောက်ဘူးလို့ သြဂုတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
‘‘ယူကေအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်းထားခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး၊ သူမ အပါအဝင် မြန်မာနိုင်ငံတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။ ’’လို့
ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Baroness Winterton က ပြောပါတယ်။
ဥရောပသမဂ္ဂ(အီးယူ)ကလည်း အဲဒီတွေ့ဆုံမှုကို ကြိုဆိုခဲ့ပြီး တိုးတက်မှုတခု ဖြစ်ပေမယ့် မိသားစုဝင်တွေ ၊ ဥပဒေအကြံပေးရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရဖို့ အင်မတန်အရေးကြီးနေဆဲ ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အဝ ပြန်လွှတ်ပေးဖို့ကိုလည်း ထပ်မံတိုက်တွန်းခဲ့ပါတယ်။