
“ရေက ဟင်္သာတနား ခမောက်စုရွာတွေဘက်ထိ ရောက်နေပြီအခု။ ရေကြည်၊ ငသိုင်းချောင်းဘက်ကိုလည်း ရောက် တော့မယ်”
၃၊ ။ဩဂုတ်
လေးမျက်နှာ ၊ မြစ်ကျိုးတံတားကျိုးတဲ့ နောက်ဆက်တွဲ အနေနဲ့ လေးရက်မြောက်နေ့မှာပဲ လေးမျက်နှာ – ငသိုင်းချောင်း ကားလမ်းမပေါ်၊ အိုင်သပြုအနီး ကရင်လက်သမားတံတား ဟာ ရေစီးကြောင့် ကျိုးချသွားခဲ့ပြီး ကားလမ်းတခုလုံးလည်း ရေလျှံနေကာ ဆက်သွယ်ရေးပြတ် တောက်နေပါတယ်။
“တံတားကျိုးသွားတာ ဟုတ်ပါတယ်။ ရေစီးပြင်းလို့ ကျိုးတာ။ ရေတွေလည်း တအားဝင်နေပြီးတော့ လမ်းမြေထိပါ ကျယ်လာတယ်ပြောတယ်။ ရေစီး တအားသန်တယ်။ အိုင်သပြုလမ်းဆုံမှာဆိုရင်လည်း ရေက ခါးလောက်၊ ခါး ကျော်ရှိနေတယ်။ ကားတွေ လာလို့မရတော့ဘူး” လို့ အိုင်သပြုဒေသခံတဦးက ပြောပါတယ်။
လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုးကျမှုနောက်ဆက်တွဲ ရေကြီးနေတာဟာ ဒီနေ့နဲ့ဆိုရင် လေး ရက်မြောက်ရှိပြီဖြစ်ပေမယ့် ရေကျမလာသေးဘဲ ဆက်တိုးနေကာ အခုအခါ ကျေးရွာတရာဝန်းကျင် ရေဘေးသင့်နေ ပါတယ်။
“ရေက ဟင်္သာတနား ခမောက်စုရွာတွေဘက်ထိ ရောက်နေပြီအခု။ ရေကြည်၊ ငသိုင်းချောင်းဘက်ကိုလည်း ရောက် တော့မယ်” လို့ ရေဘေးကူညီပေးနေတဲ့ ဟင်္သာတဒေသခံတဦးက ပြောပါတယ်။ လက်ရှိမှာ ရေးဘေးရှောင်စခန်း ပေါင်း တရာကျော်ရှိနေပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြော ကြပါတယ်။
ဒါ့အပြင် ရေးကြီးနေတဲ့ လေးမျက်နှာ၊ အိုင်သပြုကျေးရွာတဝိုက်တို့မှာ ဖုန်းလိုင်းအချို့နဲ့ လျှပ်စစ်မီးတို့ ပြတ်တောက် နေတာကြောင့် နေအိမ်တွေထဲ ပိတ်မိနေသူတွေအတွက် အကူအညီတောင်းဖို့အခက်အခဲရှိနေကြတယ်လို့ ပြောကြ ပါတယ်။
“ခေါင်မိုးတွေပေါ် တက်နေကြတဲ့သူတွေ ရှိတယ်။ ဒီနေ့ထိ ပိတ်မိသူတွေကို လိုက်ရှာကယ်နေကြရတုန်းပါ” လို့ မြေ ပြင်မှာ ကူညီပေးနေတဲ့ နောက်ထပ်ကူညီရေးအဖွဲ့တခုက ပြောပါတယ်။
အဲဒီရေကြီးမှုကြောင့် လေးမျက်နှာ၊ မြန်အောင်မြို့နယ်တို့အတွင်းက စိုက်ပျိုးပြီးသား စပါးခင်းဧက သိန်းဂဏန်းထိ ရေနစ်မြုပ်နေတယ်လို့ ဒေသခံလယ်သမားတွေက ပြောကြပါတယ်။
အခုတာကျိုးတာဟာ အာဏာသိမ်းစစ်တပ်နဲ့ စစ်အစိုးရရဲ့ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့်ဖြစ်ပြီး အာဏာ သိမ်းပြီးနောက်ပိုင်း အရင်တုန်းကလို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မရှိခဲ့ဘူးလို့ လေးမျက်နှာမြို့နယ် အိုင်သပြုဒေသခံ သက်ကြီးပိုင်း အမျိုးသားတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်း အတွင်းမှာ ရေကာတာ ကျိုးပေါက်မှု အနည်းဆုံး သုံးကြိမ် ကြုံတွေ့ခဲ့ရပြီး ဧရာ၀တီတိုင်းရဲ့ မြို့နယ် ထက်ဝက်နီးပါး နေအိမ်ရေနစ်မြုပ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေ သေကြေ၊ ပျက်စီးတာ၊ လယ်ယာမြေတွေ ရေကြီးနစ် မြုပ်တာတို့နဲ့ ကြုံခဲ့ရကာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်၊ ရုံးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။
၁၉၇၄ ခုနှစ်မှာ ဟင်္သာတမြို့နယ် အိပ်ပျက်ရေကာတာကျိုးပေါက်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ လေးမျက်နှာမြို့နယ် ထိန်ငူ ရေကာတာကျိုးပေါက်ကာ၊ ၁၉၉၇ ခုနှစ်မှာ ဟင်္သာတမြို့နယ် ကျွဲတဲကုန်းရေကာတာ ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။
ငဝန်မြစ်ရဲ့ရေကာတာဟာ မနေ့က ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ ကျော်လောက်ကစပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့တို့က တာဘောင်ထပ်ပြီး နိမ့် ဆင်းတာမဖြစ်ရအောင် တုတ်ရိုက်တာ၊ သဲအိတ်စီတာတွေ လုပ်ခဲ့ကြပေမယ့် ထိန်းမနိုင်တော့ဘဲ ရေစိမ့်ပေါက်ပို ကျယ်၊ တာကျိုးတဲ့ အနေအထားထိ ရောက်သွားခဲ့ရတာပါ။
အခုအခါမှာတော့ ကျိုးသွားတဲ့တာတမံအပေါက်ဟာ ပေ ၂၀၀ ကျော်လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။အခုလိုတာတမံကျိုးကျပြီး ရေကြီးမှုဖြစ်စဉ်ဟာ စစ်အစိုးရသစ်ရဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ “ရေကာတာတွေ မကျိုးပေါက်စေရေး တာတမံတွေ ကြံ့ခိုင်ကောင်းမွန်စေဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆို” အတည်ပြုပြီး တလကျော်အကြာမှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ လေးမျက်နှာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က တင်သွင်းခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကာ အတည်ပြုခဲ့တာပါ။
အဆိုအတည်ပြုပြီးနောက် တိုင်းအစိုးရအဖွဲ့ဟာ ရေကာတာအချို့ကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး ကွင်းဆင်း စစ်ဆေးတာတွေ ရှိခဲ့ပေမယ့် ရေကာတာတွေ ကြံ့ခိုင်ရေးအတွက် လုပ်ဆောင်တာတွေတော့ မတွေ့ခဲ့ရ ဘူးလို့ ဒေသခံတွေက ပြောထားကြပါတယ်။