အနောက်တောင်တိုင်းစစ်ဌာနချုပ်(ပုသိမ်)မှာ PDF အမျိုးသား ၈ ဦး၊ AA အမျိုးသား ၁၀ ဦး၊ပေါင်း ၁၈ ဦး အလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်
(Factcheck/ DNA / The Red Flag)
☑️အနှစ်ချုပ်
အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)၊ ပုသိမ်မြို့မှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်က PDF အမျိုးသား (၈)ဦး၊ အေအေ အဖွဲ့ဝင် အမျိုးသား(၁၀)ဦး စုစုပေါင်း (၁၈)ဦးတို့ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင် လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေက ရေးသားဖြန့်ဝေနေပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး DNA က အချက်အလက်စစ်ဆေးခဲ့ရာ လိမ်လည်ဝါဒဖြန့်ချိတဲ့ သတင်းမှားဖြစ်နေတယ်ဆိုတာကို စိစစ်တွေ့ ရှိရပါတယ်။
☑️ဖြန့်ဝေတဲ့အကြောင်းအရာ
“ PDF အဖွဲ့ဝင် အမျိုးသား ၈ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁၀ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ဟာ အလင်းဝင် ရောက်လာတယ်ဆိုပြီး စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာန MOI ကနေ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာကိုပဲ စစ်ကောင်စီလော်ဘီဖြစ်တဲ့ Myanmar National Post(MNP),PAN နဲ့ Eleven တို့အပြင် လော်ဘီတယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ BaNyunt, Thazin Oo, Ye Yint Htet တို့က ထပ်ဆင့် ဖြန့်ဝေထားပါတယ်။
Myanmar National Post(MNP)– https://archive.ph/BkIaj
PAN- https://shorturl.at/BrobI
Eleven Media- https://shorturl.at/LrnNY
BaNyunt –https://archive.ph/nPDXu
Thazin Oo-https://t.me/Thazinoo969/44722
Ye Yint Htet- https://t.me/YeYintH/109677
ဒီဖြန့်ဝေထားတဲ့သတင်းနဲ့ပါတ်သက်ပြီး Myanmar Fact Checking Networking အဖွဲ့ဝင် DNA ကနေ စစ်ဆေးကြည့်တဲ့အခါ PDF နဲ့ အေအေ တပ်ဖွဲ့ဝင် ၁၈ ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်ဆိုတာ မှန်ကန်မှုမရှိဘဲ ရခိုင်ပြည်နယ်က ၁၀ ယောက်ဟာ စစ်မှုထမ်းဖို့ ဖမ်းခေါ်လာရာကနေ ထွက်ပြေးလို့ ပြန်မိ ထားသူတွေဖြစ်ပြီး ဧရာဝတီတိုင်းက PDF ၈ ယောက်ဆိုတာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ၅၂(က)နဲ့ အမှုဖွင့်ခံထားရပြီး အမှုကနေ ပယ်ဖျက်ခဲ့လို့ နေရပ်ပြန်လာသူတွေဖြစ်တာကို စိစစ် တွေ့ရှိရတဲ့အတွက် PDF ၁၈ ဦးအလင်းဝင်လာတယ်ဆိုတာ ဝါဒဖြန့်ချိတဲ့ သတင်းမှားဖြစ်တာကို တွေ့ရှိရ ပါတယ်။
☑️ သတင်းစိစစ်ချက်
“စစ်ကော်မရှင်က PDF များအလင်းဝင်သည်ဟု ဝါဒဖြန့်ရန် ယခုအလှည့်ကျစီစဉ်ထားတဲ့ စစ်ဌာနချုပ်က အနောက်တောင်တိုင်းစစ်ဌာနချုပ်ဖြစ်တယ်။ မတ်(၂၆)ရက် မနက် ၀၉၀၀ အချိန် နတခ မှာ PDF(၁၈)ဦး အလင်းဝင်သည်ဟု ဝါဒဖြန့်ပွဲပြုလုပ်မည်ဟု သိရတယ်။ အုပ်ချုပ်ရေးအပါဝင် ဌာနတချို့ ဖိတ်ထားတယ်။ အယောင်ဆောင် PDF အဖြစ် တပ်တွင်းမိသားစုဝင်တချို့ကို ရွေးထားတယ်။ စစ်မှုထမ်း ပုံစံ(၂)ဖြည့်ပြီးမှ ထွက်ပြေး/ပြန်မိထားတဲ့ ကလေးတွေလည်း ပါတယ်။ PDF အမည်ခံ ၅၀(ည) ၅၂(က) ပယ်ဖျက်လို့ နေရပ် ပြန်ဝင်လာသူတွေလည်း ပါတယ်” ဆိုပြီး ဧရာဝတီတိုင်းအတွင်းကသတင်းတွေကို ဖော်ပြနေတဲ့ ပုသိမ်မြို့ပြ ပျောက်ကျားတပ်ဖွဲ့က ရဲဘော်ကိုစစ် Facebook Page ကနေ မတ်လ ၂၅ ရက်မှာ ကြိုတင်ရေးသားခဲ့တာ ကို တွေ့ရပါတယ်။
ရဲဘော်ကိုစစ်- U Sitt Yan Shin – https://tinyurl.com/4vm3264x
ဒါအပြင် “ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ စစ်ကော်မရှင်က PDF များအလင်း ဝင်သည်ဟု ဝါဒဖြန့်ရန် စစမဌာနချုပ်များကို အလှည့်ကြစီစဉ်ကာ ယနေ့ မတ် (၂၆)ရက် မနက် ၀၉၀၀ အချိန် နတခ မှာ pdf တွေ အလင်းဝင်သည်ဟု ဝါဒဖြန့်ပွဲပြုလုပ်မည်ဟု သိရတယ်။ အုပ်ချုပ်ရေးအပါဝင် ဌာနတချို့ ဖိတ်ထားတယ်။ အယောင်ဆောင် pdf တွေကို တပ်တွင်း မိသားစုဝင်တချို့ကို ရွေးထားကြောင်း သိရသည်။
စစ်မှုထမ်း ပုံစံ(၂)ဖြည့်ပြီးမှ ထွက်ပြေး/ပြန်မိထားတဲ့ ကလေးတွေလည်းပါတယ်။ PDF အမည်ခံ ၅၀(ည) ၅၂ (က) ပယ်ဖျက်လို့ နေရပ်ပြန်ဝင်လာသူတွေလည်းပါကြောင်း ထပ်မံသိရသည်။”လို့ရေးသားထားပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်မှာ ပုသိမ်မြို့နယ်ပကဖသတင်းပြန်ကြားရေး စာမျက်နှာဖြစ်တဲ့ ပုသိမ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဧရာဝတီတိုင်းအတွင်းက သတင်းတွေကို ဖော်ပြနေတဲ့ ပုသိမ်မြို့ပြပျောက်ကျား တပ်ဖွဲ့က သတင်းအထူးတပ်ဖွဲ့-ပုသိမ် တို့ကနေ ရေးသားထားတာကို တွေ့ရပါတယ်။
သတင်းအထူးတပ်ဖွဲ့-ပုသိမ်- https://tinyurl.com/5akpb6ye
ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- https://shorturl.at/a9Gid
“ဧရာ၀တီတိုင်းတွင် PDF ၈ ဦးနဲ့ AA ၁၀ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ဟာ လက်နက်၊ ခဲယမ်းတွေနဲ့အတူ အလင်း ဝင်ရောက်လာတယ်လို့ စစ်ကော်မရှင်ပိုင် ဝါဒဖြန့်မီဒီယာတွေက ရေးသားခဲ့ကြရာAA မှ ၁၀ ဦးက ရခိုင်ပြည် သံတွဲ ၂ ဦး၊ မြေပုံ ၁ ဦး၊ မြောက်ဦး ၂ ဦး ၊ ရမ်းဗြဲ ၁ ဦး၊ ဂွ ၂ ဦး၊ ပုဏ္ဏားကျွန်း ၁ ဦးနဲ့ မောင်တော ၁ ဦးတို့ ဖြစ်တယ်လို့ ရေးထားပေမဲ့ pdf တွေက တပ်တွင်းမိသားစုဝင်တွေ၊ စစ်မှုထမ်း ပုံစံ(၂)ဖြည့်ပြီးမှ ထွက်ပြေး လို့ ပြန်မိထားသူတွေနဲ့ PDF အမည်ခံ ၅၀(ည) ၅၂(က) ပယ်ဖျက်လို့ နေရပ်ပြန်ဝင်လာသူတွေ ဖြစ်ပါတယ်။
အလင်းဝင်လာတယ်လို့ ဝါဒဖြန့်ဖို့ စကမဌာနချုပ်တွေကို အလှည့်ကြစီစဉ်ထားတာဖြစ်ပြီး မတ် ၂၆ ရက်က အနောက်တောင်တိုင်း(နတခ)ရဲ့ဝါဒဖြန့်ပွဲလုပ်ဖို့အလှည့်ဖြစ်လို့ လုပ်တာဖြစ်ကာ အာရက္ခတပ်တော်မှာ တပ်ဖွဲ့ ဝင်တိုင်း ကိုယ်ပိုင်နံပတ်အသီးသီးရှိပြီး အခုလက်နက်ချသူတွေရဲ့ အမည်၊ ကိုယ်ပိုင်နံပတ်ကအစ မဖော်ပြ တာဟာ မဟုတ်မမှန်လိမ်လည်ဝါဒဖြန့်တဲ့လုပ်ရပ်သာဖြစ်တယ်”လို့ ရခိုင်သတင်းဌာနတွေဖြစ်တဲ့ Narinjara, Western News, DMG က ရေးသားထားတာကို တွေ့ရပါတယ်။
Narinjara- https://archive.ph/gBCcd
Western News- https://tinyurl.com/mr4bx7be
DMG- https://shorturl.at/m7Qb7
ဧရာဝတီတိုင်းမှာ PDF ၈ ယောက်နဲ့ ရခိုင်ပြည်နယ်က အာရက္ခတပ်တော်(AA) ၁၀ ယောက် လက်နက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ စစ်တပ်ဝါဒဖြန့်မှုမှာ ရခိုင်က ၁၀ ယောက်ဟာ စစ်မှုထမ်းဖို့ ဖမ်း ခေါ်လာရာက ထွက်ပြေးလို့ ပြန်မိထားသူတွေဖြစ်ပြီး ဧရာဝတီတိုင်းက PDF ၈ ယောက်ကတော့ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၅၂(က)နဲ့အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေပြီး အမှုကနေ ပယ်ဖျက် ခဲ့တဲ့အတွက် နေရပ်ပြန်ဝင်လာသူတွေဖြစ်တယ်လို့ DVB သတင်းဌာနက ဖော်ပြထားပါတယ်။
DVB- https://shorturl.at/79coy
☑️သုံးသပ်ချက်
အထက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ စိစစ်တိုက်ဆိုင်ချက်အရ PDF နဲ့ အေအေ တပ်ဖွဲ့ဝင် ၁၈ ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်ဆိုတာ မှန်ကန်မှုမရှိဘဲ ရခိုင် ပြည်နယ်က ၁၀ ယောက်ဟာ စစ်မှု ထမ်းဖို့ ဖမ်းခေါ်လာရာကနေ ထွက်ပြေးလို့ ပြန်မိထားသူတွေဖြစ်ပြီး ဧရာဝတီတိုင်းက PDF ၈ ယောက်က တော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ၅၂(က) နဲ့ အမှုဖွင့်ခံထားရပြီး အမှုကနေပယ်ဖျက်ခဲ့ လို့ နေရပ်ပြန်ဝင်လာသူတွေဖြစ်တာကြောင့် PDF ၁၈ ဦး အလင်းဝင်လာတယ်ဆိုတာ ဝါဒဖြန့်ချိတဲ့ သတင်းမှားဖြစ်တာကို တွေ့ရှိရပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်(ပုသိမ်)မှာ AA အဖွဲ့ဝင် အမျိုးသား (၉)ဦးနဲ့ PDF အဖွဲ့ဝင် အမျိုးသား(၆)ဦးတို့ဟာ လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်းသို့ ဝင် ရောက်လာတယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ လိမ်လည်ဝါဒဖြန့်သတင်းမှားဖြစ်ကြောင်း စစ်ဆေးထားတာကို ဖတ် ရှုနိုင်ပါတယ်။
MFCN- https://shorturl.at/Kv4U2
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNA_Fact_Check #Fact_Check #MFCN