DNA Fact-Checking Policy

Our fact-checking policy consists of nine elements:

Verification of sources: Our editorial team carefully evaluates the sources of information used in our articles.

Multiple sources: Whenever possible, we seek information from multiple sources to ensure accuracy and reduce bias.

Attribution: We clearly attribute all factual claims to their original sources. We provide links or references to the relevant news or articles wherever possible, allowing readers to access the primary sources and delve deeper into the topic.

Corrections and updates: If any errors or inaccuracies are identified in our articles, we promptly correct them and acknowledge the corrections. We are committed to transparency and strive to provide the most up-to-date and accurate information available. Please see our corrections policy for more information.

Editorial independence: We maintain editorial independence from any external influences that could compromise the accuracy or integrity of our content. Our fact-checking process is rigorous and independent.

Clear distinction between news and opinion: We clearly differentiate between news articles, which are based on factual information, and opinion pieces, which represent the subjective views of the author. We strive to provide a balanced platform for various perspectives while upholding fact accuracy in our news reporting.

Continuous learning and improvement: We are committed to ongoing skills and professional development for our editorial team. We stay updated on fact-checking methodologies, and critical thinking skills to improve the quality and accuracy of our content.

Feedback and user contributions: We value feedback from our readers and encourage them to report any concerns or inaccuracies they may find. We carefully review user contributions and, if appropriate, make necessary updates or corrections. Please contact us if you have any concerns or want to flag a mistake here.

Transparency and disclosure: We maintain transparency when promoting advertorial content on our website and disclose any potential conflicts of interest that may arise. We strive to provide a clear understanding of our process and methodology to build trust with our readers.

CORRECTIONS/CORRECTIVES

Staffers must notify supervisory editors as soon as possible of serious errors or potential errors, whether in their work or that of an Editor.

When we’re wrong, we must say so as soon as possible. When we make a correction, we point it out both to subscriber editors (e.g. in Editor’s notes, advisories to newsrooms) and in ways that news consumers can see it (bottom-of-story corrections, correction notes on graphics, photo captions, etc.)

A correction must always be labeled a correction. We do not use euphemisms such as “recasts,” “fixes,” “clarifies,” “minor edits” or “changes” when correcting a factual error.

When we correct an error from a previous day, we ask our audience that used the erroneous information to carry the correction as well.

**********

DNA၏ အချက်အလက်အမှန် စိစစ်မှု မူဝါဒ

Delta News Agency (DNA)တွင် ကျွန်ုပ်တို့သည် စာဖတ်သူများအတွက် တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချရ သော သတင်းအချက်အလက်များသာ ထောက်ပံ့ပေးရန် သံန္နိဋ္ဌာန် ချမှတ်ထားပါသည်။ ကျွန်ုပ်တို့၏ အချက် အလက်အမှန် စိစစ်မှု မူ​ဝါဒသည် ကျွန်ုပ်တို့၏သတင်း ပညာရပ်ဆိုင်ရာ ဂုဏ်သိက္ခာအပြင် တိကျမှု၊ ပွင့်လင်း မြင်သာ ရှိမှုများအတွက် အမြင့်ဆုံးအဆင့် သတ်မှတ်ထားသော စံနှုန်းများကို ထင်ဟပ်စေရမည်။ အဆိုပါ မူဝါဒ သည် အချက်အလက်အမှန် စိစစ်မှုဆိုင်ရာ အရေးပါသည့် အောက်ဖော်ပြပါ ဂုဏ်ရည်များနှင့် ပြည့်စုံရမည်။

စာတည်း လမ်းညွှန်ချက်များ

အချက်အလက်အမှန် စိစစ်မှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ စာတည်း အဖွဲ့အနေ ဖြင့် မည်ကဲ့သို့ ချဉ်းကပ်သင့်သည်ဆိုသော လမ်းညွှန်ချက်များကို ကျွန်ုပ်တို့က ကြိုတင် ထောက်ပံ့ထားပါသည်။ ယင်းလမ်းညွှန်ချက်များတွင် အချက်အလက်အမှန်၊ သတင်းအမှန်များကို မည်ကဲ့သို့ အတည်ပြု ဆုံးဖြတ်ရန်၊ ရှုပ်ထွေးရောနှောနေသည့် သတင်းများကို မည်သို့ စီမံကိုင်တွယ်ရန်နှင့် သတင်းကို ထုတ်ပြန်ရာတွင် ရှိရမည့် သေချာမှု အတိုင်းအတာကို ပိုင်းခြား ဆုံးဖြတ်ရန် အစရှိသည်တို့ ပါဝင်သည်။

အချက်အလက်အမှန် စိစစ်မှု နည်းလမ်းများ

ကျွန်ုပ်တို့သည် အလွန်တိကျပြတ်သားသည့် အချက်အလက် အမှန် စိစစ်မှုလုပ်ငန်းစဉ်မျိုးကို အသုံးပြုပါသည်။ ယင်းလုပ်ငန်းစဉ်တွင် သတင်းရင်းမြစ်နှင့် ပတ်သက်ပြီး တိကျ မှု၊ ယုံကြည်စိတ်ချရမှု၊ သတင်းအကြောင်းအရာ တခုတည်းအတွက် ကွဲပြားသည့် ရင်းမြစ်များထံမှ အတည် ပြုချက်ရယူမှုနှင့် လိုအပ်လာပါက ကဏ္ဍအလိုက်ကျွမ်းကျင်သူများထံမှ အကြံဉာဏ်ရယူမှုတို့ ပါဝင်သည်။

အထောက်အထားဆိုင်ရာ စံသတ်မှတ်ချက်များ

အဆိုပြုချက် တရပ် မှန်ကန်သည်၊ မှားယွင်းသည်၊ သို့တည်း မဟုတ် အမှန်နှင့်အမှား ရောထွေးနေသည် စသဖြင့် ခွဲခြားသတ်မှတ်ရန်အတွက် ကျွန်ုပ်တို့သည် ရှင်းလင်းပြီး ယုံကြည် လက်ခံနိုင်လောက်သည့် အထောက်အထားများ လိုအပ်ပါသည်။ ဖြစ်စဉ် မှန်ကန်မှုအပေါ် ထိခိုက် သက်ရောက်မှု မရှိပါက သဘောထား အယူအဆ ပြောဆိုချက်များကို အချက်အလက် မှန်မမှန် စိစစ်မည် မဟုတ်ပါ။

သတင်းရင်းမြစ်များကို စိစစ်ခြင်း

ကျွန်ုပ်တို့၏ စာတည်းအဖွဲ့သည် စာရွက်စာတမ်းများ၊ သုတေသန ရလဒ် များ၊ ပြန်လည် တိုက်ဆိုင် စစ်ဆေးမှုများ စသည့် နည်းလမ်း အမျိုးမျိုးကို အသုံးပြုပြီး သတင်းရင်းမြစ်များ၏ ယုံကြည်စိတ်ချရမှု အတိုင်းအတာကို မြှင့်တင်နိုင်ရန် သတိကြီးကြီး လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် အစိုးရ မှတ်တမ်းမှတ်ရာများ၊ သိပ္ပံနည်းကျ လေ့လာမှုများနှင့် အစီရင်ခံစာများကဲ့သို့ မူလရင်းမြစ် အကျဆုံးရင်းမြစ် များကိုဖြစ်စေ၊ ဖြစ်ရပ်ကို ကိုယ်တိုင် တွေ့မြင်ခဲ့သူများ၊ ပါဝင်ခဲ့သူများကဲ့သို့ ရင်းမြစ်များကိုဖြစ်စေ အဓိက အားဖြင့် ကိုးကားပါသည်။

တခုထက်မကသော ရင်းမြစ်များ

အခြေအနေပေးလျှင် ကျွန်ုပ်တို့သည် သတင်းတိကျမှုကို မြှင့်တင်ရန်၊ ဘက်လိုက်သည့် အမြင်မျိုးကို လျှော့ချပေးနိုင်ရန်အတွက် တခုထက် မကသော သတင်းရင်းမြစ်များထံမှ အချက်အလက်များကို ရှာဖွေ စုဆောင်းပါသည်။

ထည့်သွင်းဖော်ပြခြင်း

အချက်အလက် မှန်ကန်ခိုင်မာသည့် အဆိုပြုချက်များနှင့် ပတ်သက်၍ မူလရင်းမြစ်ကို ကျွန်ုပ်တို့က ရှင်းလင်း တိကျစွာ ထည့်သွင်းဖော်ပြပေးပါသည်။ သက်ဆိုင်ရာ သတင်းများနှင့် ဆောင်းပါးများ တွင် ဖြစ်နိုင်သမျှ အခြေအနေတိုင်း၌ မူရင်း linkများ၊ ရည်ညွှန်း ကိုးကားမှုများကို ထည့်သွင်းပေးပြီး စာဖတ် သူများ အနေဖြင့် မူလရင်းမြစ်ကို ကြည့်ရှုနိုင်ရန်၊ ဆက်စပ် အကြောင်းအရာနှင့် ပတ်သက်၍ ပိုမို နှိုက်နှိုက်ချွတ် ချွတ် ဖော်ထုတ်နားလည်နိုင်ရန် ပံ့ပိုးပေးသည်။

ကျွမ်းကျင်သူထံမှာ အကြံပြုချက် ရယူခြင်း

သတင်းဖော်ပြသည့် အကြောင်းအရာ၏ တိကျမှုနှင့် လေးနက်မှုကို အထောက်အပံ့ ဖြစ်စေရန် ကျွန်ုပ်တို့သည် ကျွမ်းကျင်သူများ၊ သက်ဆိုင်ရာ ကိစ္စနှင့်ဆက်နွှယ်သည့် ရင်းမြစ်များ ထံမှ အကြံဉာဏ်ကို ရယူပြီး ထည့်သွင်းဖော်ပြပေးပါသည်။

အရည်အသွေး ထိန်းသိမ်းခြင်း

ဆောင်းပါးများကို မဖော်ပြမီ အတောအတွင်း တိကျမှု၊ ရှင်းလင်းမှုနှင့် ကြောင်းကျိုးဆက်နွှယ်မှုများ ရှိနေကြောင်း သေချာစေရန် ကျွန်ုပ်တို့က စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ခြင်း၊ တည်းဖြတ်ခြင်းများ လုပ်ဆောင်ပါသည်။ အဆိုပါ အားထုတ်မှုသည် ကျွန်ုပ်တို့၏ သတင်း ပညာရပ်ဆိုင်ရာ ဂုဏ်သိက္ခာကို အမြင့်ဆုံး အဆင့်မျိုးထိ ရောက်ရှိစေသလို စာဖတ်သူများ အတွက်လည်း ယုံကြည်စိတ်ချရသော၊ အားကိုးထိုက်သော သတင်းအချက်အလက်များ ထောက်ပံ့ပေးစွမ်းနိုင်မည် ဖြစ်သည်။

နည်းလမ်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု

တာဝန်ခံမှုနှင့် တည်ငြိမ်မှုများကို ခိုင်မာသေချာစေရန် အတွက် ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုထားပြီး စောင့်ကြည့် လေ့လာခွင့် ပြုထားမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များနှင့် နည်းလမ်းများကို ရှင်းလင်း မြင်သာစွာ နားလည်စေခြင်းဖြင့် စာဖတ်သူများနှင့် ယုံကြည်မှုကို တည်ဆောက်သွားမည် ဖြစ်သည်။

ဘက်လိုက်မှု သဘောဆန်ခြင်းမျိုးကို လျှော့ချခြင်း

ကျွန်ုပ်တို့၏ အချက်အလက်အမှန် စိစစ်သူများသည် ပုံမှန် လေ့ကျင့် သင်တန်းပေးမှုများကို ခံယူရရှိထားသလို မှန်ကန်အောင် စိစစ်ထားသည့် အချက်အလက်များ အပေါ်တွင်သာ အာရုံစိုက်၍ ရှုထောင့်အားလုံးမှ မျှတစွာ ထည့်သွင်းစဉ်းစားပါသည်။

အချိန်နှင့်တပြေးညီ ပြင်ဆင်ခြင်း

သတင်းအကြောင်းအရာတွင် မှားယွင်းမှု တခုခုကို စစ်ဆေး တွေ့ရှိပါက ၂၄ နာရီအတွင်း ပြန်လည် ပြင်ဆင်ရန် ကျွန်ုပ်တို့ ရည်ရွယ်ထားသည်။ ပြင်ဆင်ထားသည့် အကြောင်းအရာကိုလည်း ရှင်းလင်း ပြတ်သားစွာ ဖော်ပြပြီး တိတိကျကျ စာညွှန်း ရေးသားထားမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဖြစ်နိုင် သမျှ အသစ်လွင်ဆုံးနှင့် အတိကျဆုံး သတင်း အချက်အလက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြရန် စိတ်ပိုင်း ဖြတ်ထားပါသည်။ ပိုမို စုံလင်သည့်သတင်း အချက်အလက်များ သိရှိနိုင်ရန်အတွက် ပြန်လည်ပြင်ဆင်ခြင်း မူဝါဒ တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

စာတည်းဆိုင်ရာ လွတ်လပ်ခွင့်

ကျွန်ုပ်တို့ ထုတ်လုပ်သည့် သတင်း အကြောင်းအရာများ၏ တိကျမှုနှင့် တန်ဖိုး ကို ထိခိုက်စေမည့် မည်သို့သော ပြင်ပစွက်ဖက်မှုမှမဆို ကင်းလွတ်နိုင်စေရန် စာတည်းဆိုင်ရာ လွတ်လပ်ခွင့် များကို ထိန်းသိမ်းထားပါသည်။

သတင်းနှင့် အတွေးအမြင်ကြား ထင်ရှားစွာ ခြားနားစေခြင်း

သတင်းတင်ဆက်ရာတွင် ပွင့်လင်းမြင်သာမှု အပြည့်ဝဆုံး ရှိစေရန်အတွက် ကျွန်ုပ်တို့၏ သတင်းအပေါ် ထိခိုက် သက်ရောက်မှု ရှိလာနိုင်သည့် အကျိုးစီးပွား ဆိုင်ရာ ရှုပ်ထွေးမှု၊ ဘက်လိုက်မှုမျိုး ဖြစ်ပေါ်စေနိုင်သည့် အခြေအနေ မှန်သမျှကို မခြွင်းမချန် ဖော်ပြမည်ဖြစ်ပြီး သတင်းနှင့် အတွေးအမြင်တို့ကြား ခြားနား ကွဲပြားစွာ ဖော်ပြပေးပါမည်။ ကျွန်ုပ်တို့၏ သတင်း တင်ပြမှုတွင် အချက်အလက် တိကျမှုကို မြဲမြံစွာ ဆုပ်ကိုင်ရင်း ရှုထောင့် ပေါင်းစုံမှ ချဉ်းကပ်ပြီး ဟန်ချက်ညီသည့် အခြေခံ ကောင်းမျိုးပေါ်လွင်စေရန် အားထုတ်ပါမည်။

လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးရေး အစီအမံများ

ကျွန်ုပ်တို့၏ သတင်းဆောင်းပါးများ၏ အရည်အသွေးနှင့် တိကျမှုကို မြှင့်တင်နိုင်ရန်အတွက် စာတည်းအဖွဲ့ကို ခေတ်မီဆန်းသစ်သည့် အချက်အလက်အမှန် ဆန်းစစ်မှု နည်းလမ်း များ၊ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်းနှင့် အခြား ဆက်စပ် အကြောင်းအရာများတွင် စဉ်ဆက်မပြတ် လေ့ကျင့် သင်တန်းပေးမှုနှင့် ဖွံ့ဖြိုးရေး အစီအမံများ ပံ့ပိုးပေးပါသည်။

တိုးတက်မှုများအတွက် အာရုံစူးစိုက်ခြင်း

ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများကို ပြန်လည် သုံးသပ်စစ်ဆေးခြင်း၊ စာဖတ်သူတို့၏ ဝေဖန် အကြံပြုချက်များကို လေးနက်စွာ ပြန်ကြားခြင်း၊ လက်ရှိ ကျင့်ထုံးနည်းလမ်းများနှင့် အကောင်းဆုံး ကိုက်ညီစေရန် ကျွန်ုပ်တို့၏ မူဝါဒများကို ပြန်လည် တန်ဖိုးဖြတ် စိစစ်ခြင်းများကို ပုံမှန် လုပ်ဆောင်ပါသည်။

အကြောင်းပြန်မှုများနှင့် စာဖတ်သူတို့၏ ပူးပေါင်းပါဝင်မှုများ

စာဖတ်သူများ၏ ပြန်ကြားမှု အမြင်များကို ကျွန်ုပ်တို့က လေးစားတန်ဖိုးထားပြီး ၎င်းတို့ အနေနှင့် စိုးရိမ်စရာ၊ သို့မဟုတ် တိကျခိုင်မာမှု မရှိသည့် အကြောင်း အရာများ ရှာတွေ့သည်နှင့် အကြောင်းကြားပေးရန် တိုက်တွန်းလိုပါသည်။ ကျွန်ုပ်တို့သည် စာဖတ်သူများ၏ ပူးပေါင်းပါဝင်မှုများကို သတိကြီးစွာ အလေးအနက် ဆန်းစစ်နေပြီး သင့်တော်သည့် ထောက်ပြမှုများ ရှိလာ သည့်အခါ လိုအပ်သည့် ပြောင်းလဲမှုများ၊ အသစ်ပြင်ဆင်မှုများကို လုပ်ဆောင်ပါမည်။ ကျွန်ုပ်တို့၏ ဖော်ပြချက် အကြောင်းအရာများတွင် စိုးရိမ်သင့်သော၊ သို့မဟုတ် အမှားများ တွေ့ရှိပါက ဤနေရာမှတဆင့် ဆက်သွယ် အသိပေးနိုင်ပါသည်။

အငြင်းပွားမှု ဖြေရှင်းခြင်း လုပ်ငန်းစဉ်

အချက်အလက်အမှန် စိစစ်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုကို ပြန်လည် ဆန်းစစ်သုံးသပ်ရန်အတွက် မေတ္တာရပ်ခံမှု လုပ်ငန်းစဉ် တခုမှတဆင့် လုပ်ဆောင်နိုင်ပါသည်။ ဆုံးဖြတ်ချက် တိုင်းသည် ပွင့်လင်းမြင်သာမှု ပြည့်ဝစွာ မှတ်သားထိုက်ရန် လိုအပ်သည်။ တောင်းဆိုမှု ရှိလာလျှင် ပြင်ပမှ အချက်အလက် စိစစ်သူ နှစ်ဦးက သီးခြား ပြန်လည် စစ်ဆေးမှုမျိုးကို လုပ်ဆောင်မည် ဖြစ်သည်။

အထက်ဖော်ပြပါ အခြေခံမှုများနှင့် ကျင့်ထုံးများကို လေးစားလိုက်နာခြင်းဖြင့် ကျွန်ုပ်တို့သည် စာဖတ်သူများ အတွက် အတိကျဆုံးနှင့်အယုံကြည်ရဆုံးသတင်း အချက်အလက်များကို အစွမ်းရှိသမျှထောက်ပံ့ပေးနိုင်ပါမည်။

အမှားပြင်ဆင်ခြင်း/ ပြုပြင်တည့်မတ်ခြင်း

ကိုယ်တိုင် ပြုလုပ်မိသည်ဖြစ်စေ၊ အယ်ဒီတာ တဦးကြောင့်ဖြစ်စေ ထိလွယ်ရှလွယ်နှင့် အရေးကြီးသည့် မှားယွင်း မှုမျိုး၊ သို့မဟုတ် မှားယွင်းနိုင်ခြေမျိုးကို ထောက်လှမ်းတွေ့ရှိသည်နှင့် အထက်လူကြီး အယ်ဒီတာများထံ အမြန်ဆုံး အသိပေး အကြောင်းကြားရမည်။

မှားယွင်းကြောင်း သေချာသည်နှင့် ထိုကိစ္စကို မြန်နိုင်သမျှမြန်မြန် တုံ့ပြန် ကိုင်တွယ်ရမည်။ ပြန်လည်ပြင်ဆင်မှု တခုခု လုပ်ဆောင်ပြီးသည်နှင့် အယ်ဒီတာများ (ဥပမာ စာတည်းမှတ်ချက်၊ သတင်းခန်းကို အကြံပေးသူများ)နှင့် သတင်းကို လက်ခံသူများ မြင်သာအောင် (သတင်း၏ အောက်ခြေတွင် ပြန်လည်ပြင်ဆင်ချက် ဖော်ပြမှု၊ ပုံပြ မှတ်စုများကို အမှားပြင်ဆင်ခြင်း၊ ဓာတ်ပုံ စာညွှန်းများ) ထင်ရှားမြင်သာစွာ ညွှန်ပြထားရပါမည်။

ပြန်လည် ပြင်ဆင်ထားသည့် အကြောင်းအရာ တခုသည် အမှားပြင်ဆင်ချက် ဖြစ်သည်ဟု အမြဲတစေ ထင်ရှား စွာ စာတန်းရေးထိုးပြထားရပါမည်။ အချက်အလက် အမှားအယွင်းကို အမှန်ပြင်ထားပြီးသည့်အခါ သံတူ ကြောင်းကွဲ စကားလုံးများဖြစ်သည့် အသစ်ဖော်ပြသည်၊ ဆီလျော်အောင်ပြင်သည်၊ ရှင်းလင်းစေသည်၊ အနည်းငယ် တည်းဖြတ်သည်၊ ပြောင်းလဲသည် အစရှိသည်တို့ကို လုံးဝ မသုံးရပါ။

ယခင်ရက်စွဲဟောင်းမှ အကြောင်းအရာ တခုခုကို အမှားပြင်ဆင်ထားသည်ဆိုလျှင် မှားယွင်းခဲ့သည့် အချက် အလက်အမှားကို စွဲမှတ်ထားသည့် စာဖတ်သူများကို အသစ်ပြင်ထားသည့် အချက်အလက်မှန်ကိုပါ ဆောင်ယူ ပေးရန် ပန်ကြားရမည်။