
အိန္ဒိယမှာ ၇၄ ရက်စာ၊ ထိုင်းမှာ ၆၁ ရက်စာနဲ့ ဖိလစ်ပိုင်မှာ ရက် ၆၀ စာ အရန်ရှိပါတယ်။
၄၊ မတ်။
အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် ရေနံထောက်ပံ့မှု လုံခြုံရေးအပေါ် တကမ္ဘာလုံးက စိုးရိမ်နေကြပါတယ်။
အထူးသဖြင့် စွမ်းအင်တင်ပို့မှုတွေအတွက် အဓိကကျတဲ့ ရေကြောင်းဗျူဟာမြောက်နေရာဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာပါ။
၂၀၂၅ ခုနှစ်တုန်းက ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး တရက်ကို ရေနံစိမ်း ဘာရယ်ပေါင်း ၁၃.၄ သန်းလောက် ပို့ဆောင်ခဲ့ပါတယ်။ ဒါဟာ တကမ္ဘာလုံးရဲ့ ရေကြောင်းကနေ ရေနံကုန်သွယ်မှု စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက် ရှိတာပါ။
အဆိုပါ ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကျော်က အာရှနိုင်ငံတွေကို ပို့တာဖြစ်လို့ ဒီရေကြောင်းလမ်းအပေါ် အာရှဒေသက ဘယ်လောက်အထိ အားကိုးနေရသလဲဆိုတာကို ပေါ်လွင်စေပါတယ်။
Khaosod English က ပြုစုထားတဲ့ အချက်အလက်တွေအရ အာရှတလွှားမှာ အရန်ရေနံ သိုလှောင်ထားနိုင်မှု ပမာဏတွေကသိသိသာသာ ကွာခြားနေတာကို တွေ့ရပါတယ်။
ဂျပန်က ၂၅၄ ရက်စာ သုံးလို့ရတဲ့ အရန်ရေနံတွေ ရှိနေပြီး သူ့နောက်မှာ တောင်ကိုရီးယားက ၂၀၈ ရက်နဲ့ တရုတ်က ရက်ပေါင်း၂၀၀ စာစီ ရှိနေကြပါတယ်။
အိန္ဒိယမှာ ၇၄ ရက်စာ၊ ထိုင်းမှာ ၆၁ ရက်စာနဲ့ ဖိလစ်ပိုင်မှာ ရက် ၆၀ စာ အရန်ရှိပါတယ်။ အင်ဒိုနီးရှားမှာ ရက် ၂၀ စာနဲ့ ဗီယက်နမ်မှာ ၁၅ ရက်စာပဲ ရှိပြီး ကမ္ဘောဒီးယားအတွက်ကတော့ တရားဝင်အချက်အလက် မရှိပါဘူး။
ဝန်ကြီးချုပ် အနူတင် ချာန်ဝီရပ်ကူကတော့ ထိုင်းမှာ ရေနံအလုံအလောက်ရှိပြီး အရှေ့အလယ်ပိုင်းက တင်သွင်းတာတခုတည်းကိုပဲ အားကိုးနေတာမဟုတ်ဘူးလို့ ပြောသွားပါတယ်။
ကမ္ဘာ့စွမ်းအင်ဈေးကွက် မတည်မငြိမ်ဖြစ်နေချိန်မှာ ပြည်သူတွေ စိုးရိမ်မှုမရှိအောင် သူက အာမခံချက်ပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Ref – Khaosod English