
“စျေးကတော့ တက်လာတာဟုတ်တယ်။ ဝယ်ရတဲ့လူ စျေးတက်လာတာလည်းပါမယ်။ အရင် သိန်း ၄၀၊ ၇၀၊ အခုတော့ ၁၂၀ ဖြစ်နေပြီ။ တချို့ယောကျ်ားလေး ၃၊ ၄ ယောက် မွေးထားတာပိုဆိုးတယ်။ သက်ပြည့်လူငယ် အနည်းအများပေါ်လည်း မူတည်တယ်။
၁၈၊ ဖေဖော်ဝါရီ။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ရပ်ကွက် တချို့နဲ့ ကျေးရွာတချို့မှာ ရွေးကောက်ပွဲအပြီး စစ်မှုထမ်း ထောက်ပံ့ကြေးပေးရတဲ့ဈေးတွေ တက်သွားပါတယ်။
“အရင်ကတော့ တသောင်းခွဲပဲ ပေးရတာပါ။ ရွေးကောက်ပွဲမတိုင်ခင်ကတော့ ၂၂၀၀၀ (ကျပ်) အခုကတော့ တသိန်းဖြစ်သွားပြီ။ ဒီဘက်မှာက အလုပ်အကိုင်မကောင်းတော့ ရှာပေးဖို့ဆိုတာ လုံးဝမလွယ်ဘူး။ မပေးရင်လည်း အဖမ်းခံရမှာ ကြောက်နေရတယ်။ အခု ရွေးကောက်ပွဲပြီးမှ တိုးသွားတာပါ။ မပြောရဲဘူး” လို့ လပွတ္တာမြို့ပေါ်မှာ နေထိုင်တဲ့ အမည်မဖေါ်လိုသူ တဦးက ပြောပါတယ်။
စစ်မှုထမ်းထောက်ပံ့ကြေးဟာ အခုလို ခြောက်ဆကျော်အထိ မြင့်တက်သွားတာကြောင့် ဒေသခံတွေအနေနဲ့ အတော်လေး အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။
အခုနောက်ပိုင်းမှာ စစ်မှုထမ်းဖို့ လူရှာရခက်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တအိမ်ထောင်ကို ၁၀၀,၀၀၀ ကျပ်အထိ တိုးပြီး တောင်းလာတာလို့လည်း ရှင်းပြပါတယ်။
“စျေးကတော့ တက်လာတာဟုတ်တယ်။ ဝယ်ရတဲ့လူ စျေးတက်လာတာလည်းပါမယ်။ အရင် သိန်း ၄၀၊ ၇၀၊ အခုတော့ ၁၂၀ ဖြစ်နေပြီ။ တချို့ယောကျ်ားလေး ၃၊ ၄ ယောက် မွေးထားတာပိုဆိုးတယ်။ သက်ပြည့်လူငယ် အနည်းအများပေါ်လည်း မူတည်တယ်။ ၁ သိန်းအထိ တက်သွားတာမျိုး အဲလိုတော့ အသေးစိပ်မသိဘူး”လို့ လပွတ္တာမြို့နယ် လူလတ်ပိုင်း အမျိုးသားတဦးက DNA ကို ပြောပါတယ်။
လပွတ္တာမြို့နယ်၊ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်ထဲက တချို့ ရပ်ကွက်တွေမှာတော့ လူငယ်ရှိတဲ့ အိမ်တအိမ်ကို တလ သုံးသောင်းကျပ်တောင်းရာကနေ လေးသောင်းကျပ်အထိ ထပ်တိုး ကောက်ခံတဲ့ ရပ်ကွက်တွေလည်း ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ရပ်ကွက်တွေကတော့ မမှန်ဘူး။ တချို့ရပ်ကွက်တွေ ငါးသောင်းတောင်းတယ်။ တချို့ရပ်ကွက်တွေ ခုနစ်သောင်းတောင်းတယ်။ ကိုးသောင်းထိတော့ ပြောတဲ့သူတွေရှိတယ်။ တသိန်းထိတော့ အခုလို မသိထားသေးဘူး။ ဒါကတော့ လပွတ္တာအပိုင်ပေါ့နော်။ ဟင်္သာတအပိုင်မှာတော့ မူလကတည်းက သုံးသောင်းတောင်းတယ်။ နောက်ငါးသောင်းတောင်းတယ်။ ခြောက်သောင်းတောင်းတယ်။ အဲဒီလိုမျိုးတွေတော့ရှိတယ်”လို့ ဧရာဝတီတိုင်းက နောက်ထပ် သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။
အခုလို စစ်မှုထမ်းဥပဒေကြောင့် ဝင်ငွေအကျပ်အတည်းရှိနေတဲ့ ကြားထဲကနေ စစ်မှုထမ်းထောက်ပံ့ကြေးကို အတင်းအကျပ် တောင်းနေတာဟာ ပြည်သူတွေကို ငတ်ပြတ်အောင် တွန်းပို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ လပွတ္တာမြို့နယ်အတွင်းမှာ
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ လပွတ္တာမြို့နယ်ရဲ့ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုမှာ မြို့ ၃ မြို့၊ ရပ်ကွက် ၁၇ ခု၊ ကျေးရွာအုပ်စု ၆၅ ခုနဲ့ ကျေးရွာပေါင်း ၅၀၅ ရွာ ပါဝင်တာဖြစ်တဲ့အတွက် အခုလို ငွေကြေးကောက်ခံမှုတွေဟာ နယ်မြေအနှံ့အပြားက ကျေးလက်နေပြည်သူတွေအပေါ် သက်ရောက်မှု ကြီးမားနေတာလည်း ဖြစ်ပါတယ်။