ဧရာ၀တီမှာ စစ်တပ်ကြောင့် တနှစ်အတွင်း အရပ်သား ၆၉ ဦးသေ၊ ၁၂၅ ဦးဒဏ်ရာရခဲ့

အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ဧရာ၀တီ PDF ၊ အမှတ်(၂၉)နည်းဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာ၀တီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PLF)တို့က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အချက်အလက်အသေးစိတ် ထုတ်ပြန် ထားတာပါ။

၁၊ ဇန်နဝါရီ။

ဧရာ၀တီတိုင်း ရေကြည်၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူပေါင်း ၆၉ ဦးသေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရကာ ပြည်သူပိုင်နေအိမ် ၁၆၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါ တယ်။

အဲဒီလို အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်၊ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ လုပ်ရပ်တွေနဲ့ ပက်သက်ပြီး ဧရာ၀တီတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ဧရာ၀တီ PDF ၊ အမှတ်(၂၉)နည်းဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာ၀တီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PLF)တို့က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အချက်အလက်အသေးစိတ် ထုတ်ပြန် ထားတာပါ။

“မအလတို့ကတော့ သိတဲ့အတိုင်းပဲ စစ်ကိုစစ်လို တိုက်တာမဟုတ်ဘူးလေ၊ သူတို့အထိနာရင် ပြည်သူတွေကို လာသတ်ပြီ၊ ဒီရက်တွေမှာလည်း လေယာဉ်တွေ ဆက်တိုက်လာတယ်၊ လက်နက်ကြီးပစ်တာလည်း ရှိတယ်။ အ ရပ် သားထိတာကတော့ ဒီရက်ပိုင်းတောင် ရှိတယ်” လို့ အာရက္ခတပ်တော်(AA)နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ် တဦးက ပြောပါတယ်။

နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးထားရပြီး စစ်ရေးအရရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင် ဟန် ပြရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြုလုပ်နေပေမယ့် တစ်ဖက်မှာ သူရဲဘောဆန်စွာ အရပ် သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ နေ့စဉ်နှင့်အမျှ ဆက်တိုက်ပြုလုပ်လာနေတာ တွေ့ရတယ်လို့ အဆိုပါအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို အကြမ်းဖက် စစ်အုပ်စုကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ခဲ့ရတဲ့ ပြည်သူလူထုတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ခံစားဝမ်းနည်းရတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သူတို့တို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ခံရမှာဖြစ်ပြီး ပြည်သူလူထု အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြင်းထန်ဆုံး လက်တုံ့ပြန်သွားမယ်လို့လည်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူကို အသိပေးထားပါတယ်။

ပြည်သူလူထုတွေ အနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့၊ တော်လှန်ရေးလောကဓံ အခက်အခဲတွေကို စုစည်းညီညွတ်စွာနဲ့ ဖြတ်ကျော်ပြီး ပြည်သူတစ်ရပ်လုံး လိုလားတဲ့ တော်လှန်ရေးပန်းတိုင် ရောက်ရှိတဲ့ထိ ချီတက်ကြဖို့လည်း တိုက်တွန်း၊ တောင်းဆိုထားပါတယ်။

လက်ရှိမှာ ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တွေ အတွင်း တိုက်ပွဲတွေ ဖြစ်ပွား နေပြီး ဧရာ၀တီတိုင်းကနေ အထက်အညာဆီသွားရာ ပုသိမ် – မုံရွာလမ်းတလျှောက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီ ပုသိမ် – မုံရွာလမ်းတလျှောက် လေးမျက်နှာမြို့နယ်အတွင်း တိုက်ပွဲမှာ စစ်ကော်မရှင်တပ်က အထိနာနေပြီး စခန်းတွေ လက်လွှတ်ရတာလည်း ရှိနေကာ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေလည်း နေ့စဉ်ရက်ဆက်နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ရင် စစ်သားအချင်း တိုက်ကြတာ အကြောင်းမဟုတ်ဘူး၊ အခုက တိုက်ပွဲနဲ့အဝေးကြီး ကိုယ့်ရွာကိုယ့် အိမ်မှာနေတာတောင် အေးဆေးမနေရဘူး၊ အဲဒီလောက် ယုတ်မာတဲ့ကောင်တွေ မတွေ့ဖူးဘူး။ နိုင်ငံတကာက ရော ဝိုင်းပြီး အရေးယူပေးဖို့ တောင်းဆိုချင်တယ်” လို့ လေးမျက်နှာမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဒေသခံတော်လှန်ရေးတပ်တွေနဲ့ AA အဖွဲ့တို့ဟာ ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ ရေကြည်မြို့နယ်အတွင်းရှိ ရိုးမတောင်ခြေတလျှောက်၊ ပုသိမ် -မုံရွာလမ်း တလျှောက်ဒေသတွေ၊ သာပေါင်း – ရွှေသောင်ယံတလျှောက် ဒေသ တွေကို၊ ရွှေသောင်ယံကမ်းခြေ တလျှောက်ဒေသတွေကို သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေတာ ဖြစ်ပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အဲဒီလိုတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေ ပိုများလာတာကြောင့် စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေတွေကို တဖြေးဖြေး လျော့ချ၊ ပယ်ပျက်နေရတာ ဖြစ်ပါတယ်။