ထိုင်းနဲ့ ကမ္ဘောဒီးယား ၇၂နာရီ အပစ်အခတ်ရပ်စဲဖို့ သဘောတူ

အခုဆွေးနွေးမှုကိုတော့ အာဆီယံက ဝင်ရောက်ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

၂၇၊ ဒီဇင်ဘာ။

ထိုင်းနဲ့ ကမ္ဘောဒီယား ကာကွယ်ရေးဝန်ကြီးတွေဟာ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ပူးတွဲသဘောတူကြေညာချက်ကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ ထိုင်းစံတော်ချိန် နေ့လည် ၁၂ နာရီမှာ စတင်အသက်ဝင်မှာဖြစ်ပြီး ၇၂နာရီ အပစ်ရပ်မယ်လို့ သိရပါတယ်။

ဒါ့အပြင် သဘောတူညီချက်ထဲမှာ လက်ရှိတပ်ဖြန့်ထားတာတွေ မရွေ့ပဲ ဆက်လက်ထိန်းသိမ်းထားဖို့ အချက်ပါဝင်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ဖို့ သဘောတူလိုက်တဲ့ တိုက်ပွဲတွေဟာ သာမန်အခြေအနေ မဟုတ်ဘဲ နှစ်ပေါင်းများစွာအတွင်း ပြင်းထန်ဆိုးရွားတဲ့ တိုက်ပွဲတွေဖြစ်ခဲ့သလို သီတင်းပတ်ချီ ကြာခဲ့ပါတယ်။

တိုက်လေယာဉ်တွေ၊ ရော့ကတ်တွေ၊ အမြောက်တွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတာပါ။

“ဘယ်လို စစ်အင်အားဖြည့်တာမဆို အဲ့ဒီလုပ်ရပ်ဟာ ရ တင်းမာမှုကို ပိုမိုမြင့်တက်စေပြီး အခြေအနေကို ဖြေရှင်းဖို့ ရေရှည်ကြိုးပမ်းအားထုတ်မှုအပေါ် ဆိုးကျိုးသက်ရောက်စေလိမ့်မယ်”လို့  ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်မှာ အသိပေးထားတဲ့ ကြေညာချက်အတွင်း ဖော်ပြထားပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီး နတ်သဖုန်း နတ်ဖန်နစ်နဲ့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီယာဆေဟာတို့ လက်မှတ်ရေးထိုးခဲ့တဲ့ အဆိုပါ သဘောတူညီချက်ဟာ အနည်းဆုံး လူပေါင်း ၁၀၁ ဦး သေဆုံးကာ နှစ်နိုင်ငံရဲ့ လူပေါင်း ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရတဲ့ ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲတွေကို အဆုံးသတ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက် ဒီဇင်ဘာလအစောပိုင်းမှာ  နယ်စပ်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးခဲ့တာပါ။

အခုဆွေးနွေးမှုကိုတော့ အာဆီယံက ဝင်ရောက်ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

Ref – Reuters