ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲပြီးတာနဲ့ အာဏာလွှဲပြောင်းပေးမှာမဟုတ်ဆိုတဲ့ သတင်းမှား

ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲပြီးတာနဲ့ အာဏာလွှဲပြောင်းပေးမှာမဟုတ်ဆိုတဲ့ သတင်းမှား

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၅ရက်။

(Fact-Check_DNA)

 

အနှစ်ချုပ် 

“ရွေးကောက်ပွဲပြီးတာနဲ့ ချက်ချင်း အာဏာ အပ်မည်မဟုတ်” ဆိုတဲ့အကြောင်းအရာက စစ်တပ်ကိုသရော်ရေးသားထားတဲ့ သတင်းမှားတခုသာ ဖြစ်ပါတယ်။

 

အာဏာသိမ်းစစ်တပ်ကကျင်းပတဲ့ အတုယောင်ရွေးကောက်ပွဲပြီးတာနဲ့ အာဏာချက်ချင်းလွှဲပြောင်းပေးမှမဟုတ်ဘဲ ၂၀၀၈အခြေခံဥပဒေနဲ့အညီ လာမယ့် မတ်လ၊ ၂၀၂၆မှာ အနိုင်ရပါတီဖြစ်လာမယ့် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) ပါတီကို နိုင်ငံတော်အစိုးရ တာဝန်အသီးသီးကိုလွှဲပြောင်းသွားမယ်ဆိုတဲ့ သတင်းမှားတွေ လူမှုမီဒီယာမှာ ပျံ့နေပါတယ်။ 

သတင်းမှားလင့်>>> https://archive.ph/YLtmy 

 

ဒီအကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစိစစ်ချက်

 

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ရန်ကုန်တိုင်း စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၁၁ရက်က တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမမှာ တွေ့ဆုံခဲ့ပြီး စစ်ခေါင်းဆောင်က လာမယ့် မတ်လအကုန်မှာ အစိုးအပြောင်းအလဲ ပြုလုပ်ပေးမယ့်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပြီး ဒီအကြောင်းရာကို Dewai Watch သတင်းဌာနက သတင်းရေးသားဖော်ပြထားပါတယ်။

 

Dawei Watch သတင်းဌာနမှ ဖော်ပြထားတဲ့သတင်း >>> https://bit.ly/3MZFSz6 

 

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ရက်မှာ အပိုင်း (၁)၊ ဇန်နဝါရီလ ၁၁ရက်မှာ အပိုင်း(၂)နဲ့ ဇန်နဝါရီလ၊ ၂၅ရက်မှာ အပိုင်း(၃) ကျင်းပသွားမယ်လို့ အဲ့ဒီတွေ့ဆုံအစည်းဝေးမှာ ပြောကြားခဲ့ပြီး ရွေးကောက်ပွဲကျင်းပ ပြီးစီးချိန်မှာ လွှတ်တော်ခေါ်ပြီး လာမယ့်မတ်လကုန်မှာ အစိုးရပိုင်း အပြောင်းအလဲ ပြုလုပ်ပေးမယ်ဆိုတဲ့ ပြောစကားကို အခြေခံပြီး သတင်းမှားရေးသားထားတာကို တွေ့ရပါတယ်။

 

စစ်ခေါင်းဆောင်ရဲ့ပြောစကားနဲ့ပါတ်သတ်ပြီး The Irrawaddy သတင်းဌာနက ဖော်ပြထားတဲ့သတင်း>>> https://bit.ly/3MBs4e6 

 

BBC Burmese သတင်းဌာနက ဖော်ပြထားတဲ့သတင်း>>> https://bit.ly/3XSfl9p 

 

သတင်းသုံးသပ်ချက်

 

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အဲ့ဒီတွေ့ဆုံပွဲရဲ့ပြောကြားချက်မှာ အနိုင်ရပါတီဖြစ်လာမယ့် ကြံ့ဖွံ့ပါတီကို အာဏာလွှဲပြောင်းသွားမယ်လို့ အတိအကျပြောဆိုသွားမျိုးမတွေ့ရသလို တက်လာမယ့်အစိုးရသစ်ကသာ နိုင်ငံရေးအကျဥ်းသားတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ပြီး လွတ်လာမယ့် အကျဥ်းသားတွေကိုလည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ပြုထားတယ်လို့လည်း ပြောဆိုထားတာမျိုးမတွေ့ရပါဘူး။ 

 

ဒီအကြောင်းအရာဟာ စစ်ခေါင်းဆောင်နဲ့ စစ်တပ်ကို သရော်လှောင်ပြောင်ပြီးရေးသားထားတဲ့ အကြောင်းအရာဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

 

စစ်ခေါင်းဆောင်ဟာ စစ်တပ်နဲ့ သဟဇာတဖြစ်တဲ့ ပါတီကိုသာမဲပေးသင့်ကြောင်း ပြောဆိုချက်တွေရှိသလို၊ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီကလည်း နောင်တက်လာမယ့်အစိုးရသစ်က စစ်တပ်နဲ့ လက်မတွဲနိုင်ရင်ပြုတ်ကျလိမ့်ဆိုတဲ့ပြောဆိုချက်တွေလည်းရှိနေတာပါ။

DVB သတင်းဌာနမှ ဖော်ပြထားတဲ့သတင်း >>>https://bit.ly/48D8kzl   

 

စစ်တပ်ကကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေက စစ်တပ်နဲ့ တိုက်ရိုက်ဆက်နွယ်နေပြီး စစ်ကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာကိုလည်း တွေ့ရပါတယ်။

 

MFCN ရဲ့ အချက်အလက်စစ်ချက်အရ “ရွေးကောက်ပွဲပြီးတာနဲ့ ချက်ချင်း အာဏာ အပ်မည်မဟုတ်” ဆိုတဲ့အကြောင်းအရာက သရော်ရေးသားဖြန့်ဝေထားတဲ့ သတင်းမှား တခုဖြစ်တာကို စိစစ်အတည်ပြုနိုင်ခဲ့ပါတယ်။

 

စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီလ၊ ၁ ရက် မှာ ဒီမိုကရေစီ ရွေးကောက်ပွဲ ၂၀၂၀ ရလဒ် ကို ငြင်း ပြီး အာဏာသိမ်းခဲ့သလို၊  အဲ့ဒီလိုအာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအနေ မတရားဖမ်းဆီးချုပ်နှောင်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပြည်တွင်းဖြစ်ပွဲတွေကို ဖြစ်ပေါ်စေခဲ့ပြီး လက်ရှိကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲကလည်း စစ်တပ်ရဲ့ အာဏာဆက်လက်ထိန်းချုပ်ဖို့ ကိရိယာ တခုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

 

ဒီနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် လူမှုမီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #Sham_Election  #အတုအယောင်ရွေးကောက်ပွဲ #အာဏာသိမ်းစစ်တပ် #သရော်စာ #သတင်းမှားဝါဒဖြန့်