
ဆွေးနွေးပွဲအပြီး ပူတင်ရဲ့ ထိပ်တန်းနိုင်ငံခြားရေးရာ အကြံပေး ယူရီ အူရှာကော့ဗ်က “အပြန်အလှန် လိုက်လျောညီထွေဖြစ်မယ့်အဖြေမျိုး မတွေ့ရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
၃၊ ဒီဇင်ဘာ။
အမေရိကန်နဲ့ ရုရှား ထိပ်တန်းကိုယ်စားလှယ်တွေဟာ ကရင်မလင်နန်းတော်မှာ ငါးနာရီကြာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်မယ့် ငြိမ်းချမ်းရေး သဘောတူညီချက် အတွက် အဖြေမရခဲ့ဘူးလို့ ကရင်မလင်က ဒီကနေ့ ဒီဇင်ဘာလ ၃ရက်နေ့မှာ ပြောပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံး ပဋိပက္ခကို အဆုံးသတ်ရေးဟာ အမေရိကန်သမ္မတ ထရမ့်အတွက် အကောင်အထည်ဖော်ဖို့ ခက်ခဲနေတဲ့ နိုင်ငံခြားရေး မူဝါဒတွေအနက် တစ်ခုဖြစ်နေပါတယ်။
ထရမ့်ဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ထပ်တလဲလဲ ညည်းတွားပြောဆိုလေ့ရှိပြီး ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ နှစ်ဦးကို ရံဖန်ရံခါ ပြစ်တင်ပြောဆိုမှုတွေလည်း ပြုလုပ်လေ့ရှိခဲ့ပါတယ်။
သမ္မတပူတင်ဟာ ထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် အပါအဝင် ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျာရက် ကွတ်ရှ်နာတို့နဲ့ သန်းခေါင်ယံကျော်တဲ့အထိ ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲအပြီး ပူတင်ရဲ့ ထိပ်တန်းနိုင်ငံခြားရေးရာ အကြံပေး ယူရီ အူရှာကော့ဗ်က “အပြန်အလှန် လိုက်လျောညီထွေဖြစ်မယ့်အဖြေမျိုး မတွေ့ရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
လက်ရှိမှာ ပူတင်နဲ့ ထရမ့်တို့ တွေ့ဆုံဖို့ အစီအစဉ်မရှိသေးပေမဲ့ အခုဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်ပြီး အမေရိကန်နဲ့ ရုရှားအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေရှိနေတယ်လို့ အူရှာကော့ဗ်က ဆိုပါတယ်။
“အမေရိကန်ရဲ့ မူကြမ်း အဆိုပြုချက်တချို့က အနည်းနဲ့အများ လက်ခံနိုင်စရာ ရှိပေမဲ့ ဆွေးနွေးဖို့တော့ လိုပါဦးမယ်”လို့ အူရှာကော့ဗ်က ဆိုပြီး “ကျွန်တော်တို့ကို ကမ်းလှမ်းလာတဲ့ ပုံစံတချို့က ကျွန်တော်တို့အတွက် အဆင်မပြေပါဘူး၊ ဒါကြောင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရပါမယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ခဲ့တာဖြစ်ပြီး စစ်အေးခေတ်ကာလ အဆိုးရွားဆုံးနောက်ပိုင်း မော်စကိုနဲ့ အနောက်နိုင်ငံတွေအကြား အကြီးဆုံး ထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
Ref – Reuters