ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို သေဒဏ်ချမှတ်

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ အဆိုပါနှိမ်နင်းမှုအတွင်း လူပေါင်း ၁,၄၀၀ အထိ သေဆုံးခဲ့ပြီး အများစုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့  ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။

၁၇၊ နိုဝင်ဘာ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပြစ်မှုထင်ရှားလို့ သေဒဏ်ချမှတ်လိုက်ကြောင်း

ဘင်္ဂလားဒေ့ရှ့်အထူးတရားရုံးက ဒီကနေ့မှာ  ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းဖို့ အမိန့်ပေးခဲ့တဲ့အတွက် အဆိုပါလုပ်ရပ်တွေဟာ ရှိတ်ဟာဆီနာမှာ တာဝန်ရှိနေကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ အဆိုပါနှိမ်နင်းမှုအတွင်း လူပေါင်း ၁,၄၀၀ အထိ သေဆုံးခဲ့ပြီး အများစုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့  ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ရှိတ်ဟာဆီနာကတော့ အဆိုပါ ဆုံးဖြတ်ချက်ဟာ ဘက်လိုက်မှုရှိပြီး နိုင်ငံရေးလှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ရှိတ်ဟာဆီနာဟာ လက်ရှိမှာ အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတာကြောင့် တရားရုံးက မျက်ကွယ်အမိန့်ချမှတ်ခဲ့တာပါ။

အခုစီရင်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ရှိဟာဆီနာကို ပြန်လည်လွှဲပြောင်းပေးဖို့ အိန္ဒိယအပေါ် ဖိအားသက်ရောက်စေမှာ ဖြစ်ပေမယ့် အိန္ဒိယက လွှဲပြောင်းပေးဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

Ref – BBC