ဧရာဝတီတိုင်းအတွင်း နေရာကွက်ပြီး မိုးကြီးနိုင် ( တပတ်တာအတွက် မိုးလေဝသသတင်း)


ပုသိမ် – ဒီရက်သတ္တပတ်မှာတော့ ဒီကနေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ဆက်တိုက်မိုးရွာသွန်းနိုင် ပြီး ကျန်နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။မိုးတိမ်တောင်တွေ အနည်းငယ် ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

၉၊နိုဝင်ဘာ။

လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ခန့်မေဂီကနေ ပြတ်ထွက်လာတဲ့ မိုးတိမ်တွေကြောင့် ဧရာဝ တီတိုင်းအတွင်း ယခုရက်သတ္တပတ်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားကြပါတယ်။

မြန်မာနိုင်ငံ မိုးဇလ ဌာနကတော့ ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေတာကြောင့် မိုးတိမ် တောင်ရွေ့လျားရာတလျှောက် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်
လို့ သတိပေးထားပါတယ်။

ဧရာဝတီတိုင်းရဲ့ ဒေသအများစုမှာ နိုဝင်ဘာ ၁၁ ရက်နေ့ထိ မိုးရွာသွန်းနိုင်တာကြောင့် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နိုဝင်ဘာ ၁၂ ရက်နောက်ပိုင်းမှ စတင်သင့်ကြောင်း မိုးဇလ ပညာရှင် ဦးဝင်းနိုင်က အကြံပြုထားပါတယ်။

ရက်သတ္တပတ်စာ (နိုဝင်ဘာ ၉ ရက်ကနေ – နိုဝင် ဘာ ၁၅ ရက်ထိ) ဒေသအလိုက်မိုးလေဝသ ခန့်မှန်းချက်။

🔹 ပုသိမ် – ဒီရက်သတ္တပတ်မှာတော့ ဒီကနေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ဆက်တိုက်မိုးရွာသွန်းနိုင် ပြီး ကျန်နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။မိုးတိမ်တောင်တွေ အနည်းငယ် ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ညောင်တုန်း – ဒီရက်သတ္တပတ်မှာတော့ ဒီကနေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိဆက်တိုက်မိုးရွာသွန်း နိုင်ပြီး ကျန်နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။မိုးတိမ်တောင်တွေ အနည်းငယ် ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ် မှာလည်းကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်
မှာ ရှိနေနိုင်ပါတယ်။

🔹 အင်္ဂပူ – ဒီကနေ့မှာ မိုးရွာသွန်းဖို့ရှိနေပြီး ကျန်နေ့တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေမရှိဘဲ ကြည်လင်တဲ့ ရာသီဥတုဖြစ်လာနိုင်ပါတယ်။ နေ့အပူချိန်တွေကတော့ ၃၀ ဒီဂရီ စင်တီဂရိတ်နဲ့ အထက်မှာပဲ ရှိနေနိုင်ပါတယ်။

🔹 ဟင်္သာတ – ဒီရက်သတ္တပတ်တခုလုံး သာယာနိုင်ပါတယ်။ မိုးတိမ်တောင် အနည်းငယ်ရှိနိုင်ပေမယ့် အများအားဖြင့် ကြည်လင်တဲ့ ရာသီဥတုဖြစ် လာနိုင်ပါတယ်။ နေ့အပူချိန်တွေကတော့ ၃၀ ဒီဂရီ စင်တီဂရိတ်နဲ့ အထက်မှာပဲ ရှိနေနိုင်ပါတယ်။

🔹 မအူပင် – ဒီရက်သတ္တပတ်မှာတော့ ဒီနေ့ ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ဆက်တိုက်မိုးရွာသွန်းနိုင် ပြီး ကျန်နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။မိုးတိမ်တောင်တွေ အနည်းငယ် ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹ဖျာပုံ – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 မြန်အောင် ၊ ကြံခင်း – ဒီကနေ့မှာ မိုးရွာသွန်းဖို့ရှိနေပြီး ကျန်နေ့တွေမှာတော့ ရာသီဥတု သာယာနိုင် ပါတယ်။ မိုးတိမ်တောင်တွေမရှိဘဲ ကြည်လင်တဲ့ ရာသီဥတုဖြစ်လာနိုင်ပါတယ်။ နေ့အပူချိန်တွေကတော့ ၃၀ ဒီဂရီ စင်တီဂရိတ်နဲ့ အထက်မှာပဲ ရှိနေနိုင်ပါတယ်။

🔹ဘိုကလေး- ဒီကနေ့နဲ့မနက်ဖြန်မှာမိုးအနည်းငယ် ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹ကန်ကြီးဒေါင့် – ဒီကနေ့နဲ့ မနက်ဖြန်မှာမိုးအနည်း ငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီးကျန်နောက် ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။မိုးတိမ်တောင်တွေအနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ဒေးဒရဲ – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးအနည်းငယ် ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ကျိုတ်လတ် – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးအနည်း ငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်
ပိုင်းရက်တွေမှာတော့ရာသီဥတုသာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 မော်လမြိုင်ကျွန်း – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးအနည်းငယ်ကနေအသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန် နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ
ရှိနေနိုင်ပါတယ်။

🔹 ဝါးခယ်မ – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးအနည်းင ယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်
ပိုင်းရက်တွေမှာတော့ရာသီဥတုသာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ကျုံပျော် – ဒီကနေ့မှာ မိုးသည်းထန်စွာရွာသွန်းဖို့ရှိနေပြီး ကျန်နေ့တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ဖို့ရှိနေတာမို့ မိုးကြိုးအန္တရာယ်နဲ့ မိုးသက်လေပြင်း အန္တရာယ် တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ဟိုင်းကြီးကျွန်း – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးအနည်းငယ်ကနေအသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန် နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင် ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်
မှာ ရှိနေနိုင်ပါတယ်။

🔹 လပွတ္တာ – ဒီကနေ့နဲ့ မနက်ဖြန်မှာမိုးအနည်းငယ် ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 မြောင်းမြ -ဒီကနေ့နဲ့ မနက်ဖြန်မှာမိုးအနည်းငယ် ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်ပိုင်းရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ဓနုဖြူ – ဒီကနေ့မှာ မိုးအနည်းငယ်ကနေအသင့် အတင့်ရွာသွန်းနိုင်ပေမယ့် ကျန်ရက်တွေမှာတော့ မိုးရွာသွန်းနိုင်ချေ မရှိပါဘူး။ ဒါပေမယ့် မိုးတိမ် တောင်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မိုးကြိုးအန္တရာယ်နဲ့ မိုးသက်လေပြင်း အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ကျုံတနီး -ဒီကနေ့နဲ့ နိုဝင်ဘာ ၁၃၊ ၁၄ ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင် ပါတယ်။ ကျန်နေ့တွေမှာတော့ ရာသိဥတု သာယာနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ရေကြည် – ဒီကနေ့နဲ့ နိုဝင်ဘာ ၁၄ ရက်နေ့တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင် ပေမယ့် ကျန်ရက်တွေမှာတော့ မိုးရွာသွန်းနိုင်ချေ မရှိပါဘူး။ ဒါပေမယ့် မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မိုးကြိုးအန္တရာယ်နဲ့ မိုးသက်လေပြင်း အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်
မှာ ရှိနေနိုင်ပါတယ်။

🔹အသုတ် – ဒီကနေ့နဲ့ နိုဝင်ဘာ ၁၄ ရက်နေ့တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပေမယ့် ကျန်ရက်တွေမှာတော့ မိုးရွာသွန်းနိုင်ချေ မရှိပါဘူး။ ဒါပေမယ့် မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာနိုင် တာကြောင့် မိုးကြိုးအန္တရာယ်နဲ့ မိုးသက်လေပြင်း အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ကျုံမငေး – ဒီနေ့၊ မနက်ဖြန်နဲ့ နိုဝင်ဘာ ၁၄ ရက် နေ့တွေမှာ မိုးအနည်းငယ်ရွာသွန်းဖို့ရှိနေပြီး ကျန်နေ့တွေမှာတော့ မိုးရွာသွန်းနိုင်ချေ မရှိပါဘူး။ ဒါပေမယ့် မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် မိုးကြိုးအန္တရာယ်နဲ့ မိုးသက်လေပြင်း အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ကျောင်းကုန်း – ဒီကနေ့နဲ့မနက်ဖြန်မှာမိုးအနည်း ငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်
ပိုင်းရက်တွေမှာတော့ရာသီဥတုသာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ဇလွန် – ဒီကနေ့မှာ မိုးအနည်းငယ်ကနေ အသင့် အတင့်ရွာသွန်းနိုင်ပြီး ကျန်နေ့တွေမှာတော့ ရာသီဥ တု သာယာနိုင်ပါတယ်။ ကြည်လင်တဲ့ ရာသီဥတု ရှိလာနိုင်သလို မိုးတိမ်အနည်းငယ်လည်း ရှိနေနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹ပန်းတနော် – ဒီရက်သတ္တပတ်ထဲမှာ နိုဝင်ဘာ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ ရာသီဥတု ကြည်လင်သာယာနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပါတယ်။နေ့အပူချိန်ဘတွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 အိမ်မဲ – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးအနည်းငယ် ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်ပိုင်း ရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹ငသိုင်းချောင်း -ဒီကနေ့မှာ မိုးအနည်းငယ် ရွာ
သွန်းနိုင်ပြီး ကျန်နေ့တွေမှာတော့ ရာသီဥတုကြည်လင်သာယာနိုင်ပါတယ်။ နေ့အပူချိန်တွေကတော့ ၃၀ ဒီဂရီ စင်တီဂရိတ်နဲ့ အထက်မှာပဲရှိနေနိုင်ပါတယ်။

🔹 လေးမျက်နှာ – ဒီရက်သတ္တပတ်ထဲမှာ မနက်ဖြန် မှာတော့ မိုးရွာသွန်းနိုင်ပါတယ်။ ကျန်နေ့တွေမှာ မိုးရွာသွန်းနိုင်ချေ မရှိပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ် ဒါကြောင့် မိုးကြိုးအန္တရာယ်နဲ့ မိုးသက်လေပြင်း အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်တွေကတော့၃၀ ဒီဂရီ စင်တီ ဂရိတ်နဲ့ အထက်မှာပဲရှိနေနိုင်ပါတယ်။

🔹 ဆားမလောက် – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးအနည်းငယ်ကနေအသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန် နောက်ပိုင်း ရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ မိုးရွာသွန်းနေစဉ်မှာလည်း ကျဖို့မရှိဘဲ ၃၀ ဒီဂရီ စင်တီဂရတ်ဝန်းကျင်
မှာ ရှိနေနိုင်ပါတယ်။

🔹 ပြင်စလူ – ဒီကနေ့နဲ့ မနက်ဖြန်မှာ မိုးအနည်းငယ် ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နောက်ပိုင်း ရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ မိုးတိမ်တောင်တွေ အနည်းငယ်ရှိနိုင်ပြီး မိုးကြိုးအန္တရာယ်နဲ့ မိုးသက်လေပြင်း အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ချောင်းသာ – ဒီကနေ့မှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နေ့တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ ကြည်လင်တဲ့ ရာသီ ဥတု ရှိလာနိုင်သလို မိုးတိမ်အနည်းငယ်လည်း ရှိနေနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ငွေဆောင် – ဒီကနေ့မှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နေ့တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ ကြည်လင်တဲ့ ရာသီ ဥတု ရှိလာနိုင်သလို မိုးတိမ်အနည်းငယ်လည်း ရှိနေနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ငရုတ်ကောင်း – ဒီကနေ့မှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နေ့တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ ကြည်လင်တဲ့ ရာသီ ဥတု ရှိလာနိုင်သလို မိုးတိမ်အနည်းငယ်လည်း ရှိနေနိုင်ပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 သာပေါင်း – ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ မိုးအနည်းငယ်ကနေအသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန် နေ့တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။ ကြည်လင်တဲ့ ရာသီဥတု ရှိလာနိုင်သလို မိုးတိမ်အနည်းငယ်လည်း ရှိနေနိုင်ပါတယ်။ နေ့အပူချိန် တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 ဒေါ်ငြိမ်းရွာ – ဒီရက်သတ္တပတ်ထဲမှာ မနက်ဖြန် မှာတော့ မိုးရွာသွန်းနိုင်ပါတယ်။ ကျန်နေ့တွေမှာ မိုးရွာသွန်းနိုင်ချေ မရှိပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ် ဒါကြောင့် မိုးကြိုးအန္တရာယ်နဲ့ မိုးသက်လေပြင်း အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်တွေကတော့၃၀ ဒီဂရီ စင်တီ ဂရိတ်နဲ့ အထက်မှာပဲရှိနေနိုင်ပါတယ်။

🔹 ငပုတော – ဒီကနေ့မှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး ကျန်နေ့တွေမှာ မိုးတိမ် တောင်တွေ ရှိနေနိုင်တာကြောင့် မိုးကြိုးအန္တရာယ်နဲ့ မိုးသက်လေပြင်း အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်တွေဟာ ၃၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။

🔹 မယ်ဂျာရွာ – ဒီရက်သတ္တပတ်ထဲမှာ နိုဝင်ဘာ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ မိုးရွာသွန်းနိုင်ချေ မရှိပေမယ့် ကျန်နေ့တွေမှာတော့ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းဖို့ရှိပါတယ်။ မိုးတိမ်တောင်
တွေ ရှိနေနိုင်တာကြောင့် မိုးကြိုးအန္တရာယ်နဲ့ မိုးသ က်လေပြင်း အန္တရာယ်တွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ နေ့အပူချိန်စာ ၃၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။