အဆိုပါလုပ်ရပ်ကို အစိုးရက အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် သတ်မှတ်ပေမယ့် လေ့လာသူတွေကတော့ ဒါဟာ နိုင်ငံရေးအရ ရှင်း လင်းမှု ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
၁၈ ၊ အောက်တိုဘာလ။
တရုတ်ကွန်မြူနစ်ပါတီဟာ ထိပ်တန်းစစ်ဗိုလ်ချုပ် ၉ ဦးကို စစ်တပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒါဟာဆယ်စုနှစ်များစွာအတွင်းစစ်တပ်အပေါ် အကြီး မားဆုံး နှိမ်နင်းမှုတစ်ရပ်ဖြစ်ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်
အရ အဆိုပါဗိုလ်ချုပ် ၉ ဦးဟာ ဆိုးရွားတဲ့ ငွေကြေး ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ပတ်သတ်ပြီး သံသယရှိတယ်လို့ ဖော်ပြထားပါတယ်။
သူတို့အများစုဟာ ၃ပွင့်အဆင့်ရှိ ဗိုလ်ချုပ်တွေ ဖြစ် ကြပြီး ပါတီရဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ ဗဟိုကော်မ တီထဲမှာလည်း ပါဝင်ပါတယ်။ အခုအခါမှာတော့ သူတို့ကို စစ်တပ်ကနေပါ ထုတ်ပယ်လိုက်တာပါ။
အဆိုပါလုပ်ရပ်ကို အစိုးရက အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် သတ်မှတ်ပေမယ့် လေ့လာသူတွေကတော့ ဒါဟာ နိုင်ငံရေးအရ ရှင်းလင်းမှု ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဒီကိစ္စဟာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အဖွဲ့ဝင်သစ်တွေကို မဲပေးရွေးချယ်မယ့် ပါတီရဲ့ ညီလာ ခံကြီး မတိုင်မီမှာ ပေါ်ပေါက်လာတာပါ။
အဆိုပါ ၉ ဦးထဲမှာ ဟီဝေတုန်းဟာ အထင်ရှားဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ သမ္မတ ရှီကျင့်ဖျင်ပြီးရင် တရုတ်စစ်တပ်မှာ ဒုတိယအမြင့်ဆုံး ရာထူးကို ရယူထားသူပါ။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာအဆိုပါ ၉ ဦးဟာ ပါတီစည်းကမ်းကို ပြင်းထန်စွာ ချိုးဖောက်ပြီး တာဝန်နဲ့သက်ဆိုင်တဲ့ ပြစ်မှုတွေအတွက် သံသယရှိတယ်လို့ ဖော်ပြထားပါတယ်။ သူတို့ဟာ အခုအခါ စစ်ခုံရုံးမှာ ရုံးတင်စစ်ဆေးခံရမှာဖြစ်ပြီး “ပါတီနဲ့ စစ်တပ်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရဲ့ သိသာထင်ရှားတဲ့ အောင်မြင်မှု” ဖြစ်ကြောင်းလည်း ထပ်လောင်းပြောခဲ့ပါတယ်။
Asia Society Policy Institute ရဲ့ တရုတ်နိုင်ငံရေးဆိုင်ရာ ပညာရှင် နေးလ် သောမတ်စ် က ရှီကျင့်ဖျင်ရဲ့ ရှင်းလင်းမှုတွေဟာ အင်အားပြသဖို့ ရည်ရွယ်တယ်လို့ ဘီဘီစီသတင်းဌာနကို ပြောခဲ့ပါတယ်။
သူ့အမြင်အရဆိုရင် “အဂတိလိုက်စားတဲ့ ဒါမှမဟု တ် သစ္စာမရှိတဲ့ အရာရှိတွေကို ဖယ်ထုတ်ပစ်တာဟာ ပါတီရဲ့ အဖွဲ့တွင်း ကိုယ်တိုင်တော်လှန်တာ ဖြစ်ပြီး၊ သန့်ရှင်း၊ စည်းကမ်းရှိပြီး ထိရောက်တဲ့ အဖွဲ့အစည်းဖြစ်လာစေဖို့အတွက်ဖြစ်တယ်၊ အဲ့ဒါက အကန့်အသတ်မရှိ အုပ်ချုပ်နိုင်စွမ်းရှိစေမှာပါ” လို့ မှတ်ချက်ပြုပါတယ်။
Ref – BBC