စစ်တပ်ကနေ အရပ်ဖက်ကို အသွင်ပြောင်းခဲ့တဲ့ သူတွေဆိုတော့ ဘယ်လို လူကောင်းဖြစ်မှာလဲ။နှစ်ဖက် ထောက်ခံသူတွေကလည်း သာကူးတရုတ်သွေး နှောအမြီးကျက်အမြီးစား၊ ခေါင်းကျက် ခေါင်းစားတွေ။ လူကောင်းတွေ နည်းပါတယ်။
၂၄၊စက်တင်ဘာ။
စစ်ကော်မရှင်က ဦးစီးပြီးကျင်းပမယ့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီအတွင်း အမတ်လောင်း ရွေးချယ်ရာမှာ ပုသိမ် မြို့က စီးပွားရေးလုပ်ငန်းရှင်တွေအကြားမှာအငြင်း ပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ကြံ့ခိုင်ရေးပါတီအတွင်းရွေးချယ်ကြ ရာမှာ ယခင် တိုင်းထွေ/အုပ်ရုံးညွှန်ကြားရေးမှူးဟောင်း(တိုင်းမင်းကြီး) ဦးအေးကျော် နဲ့ တိုင်းစည်ပ င်သာယာရေးရုံးက ညွှန်ကြားရေးမှူးဟောင်း ဦးအောင်မင်းနိုင်တို့ ယှဉ်ပြိုင်ရွေးချယ်ရာမှာ ဦးအောင် မင်းနိုင်ကို တိုင်းကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဌ ဦးသိန်းထွန်း နဲ့ ပါတီတာဝန်ရှိသူတွေက ပယ်ချလိုက်ပြီးနောက်မှာ အခုလိုအခြေအနေ ဖြစ်ပေါ်နေတာပါ။
“စည်ပင်ညွှန်မှူး ဦးအောင်မင်းနိုင်က နာမည်ပျက်နဲ့ သတင်းပြန့်နေတာကြောင့် လွှတ်တော်ကိုယ်စားလှ
ယ်လောင်း အမည်စာရင်းမသွင်းပဲ ပယ်လိုက်တာလို့ တိုင်းဥက္ကဌဦးသိန်းထွန်း ပြောစကားနဲ့ပါတ်သက်ပြီး ပုသိမ်မြို့က ခရိုနီတွေကြားမှာပါ အငြင်းပွားကြတာပါ။ ခရိုနီအဖွဲ့က မကျေနပ်လို့ နေပြည်တော်အထိ တက်ပြောတယ်။ ဒါပေမယ့် အဆင်မပြေဘူး”လို့ ပုသိမ်မြို့ရဲ့ မြို့မိမြို့ဖ စာရင်းဝင် စီးပွားရေးသမားတွေနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
ပုသိမ်မြို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြတဲ့ မောင်မောင်ကျင် ရွှေဆိုင်ပိုင်ရှင် ဦးမောင်မောင်ကျင်၊ နဝရတ် ရွှေဆိုင်ပိုင်ရှင် ဦးစိုးနိုင် ၊တိုင်းပညာရေးမှူးဟောင်း ဦးကြည်အောင်၊ညိုညိုစတိုးဆိုင်များပိုင်ရှင် ဦးကိုကိုနိုင် ၊ မြင့်မြတ်အလင်းစာပုံနှိပ်စက်လုပ်ငန်းရှင် ဦးမျိုးမင်းဦး ၊ရေယာဉ်လုပ်ငန်းရှင် ဦးတိုင်းအောင်၊ သစ်ကုန်သည် ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမြင့်ဌေး နဲ့ ဧဒင်ဆည်းဆာ တည်းခိုခန်းပိုင်ရှင် ဦးဝင်းကြိုင်တို့က စည်ပင်ညွှန်မှူးဟောင်း ဦးအောင်မင်းနိုင်ကို လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ထည့်သွင်းပေးဖို့ နေပြည်တော်ကို သွားရောက် တင်ပြခဲ့တယ်လို့ သိရပါတယ်။
“အေးကျော် (တိုင်းမင်းကြီး)က မြေအဓမ္မ သိမ်းခဲ့တဲ့ မြေဘုတ်ဘီလူး၊ အောင်မင်းနိုင် (စည်ပင်ညွှန်မှူး) က ပြည်သူ့ဘဏ္ဏာခိုးတဲ့သူခိုး နှစ်ယောက်စလုံး အတူတူနဲ့ အနူနူပါပဲ။ နာမည်ဆိုးတွေနဲ့ ကျော်ကြားတယ်။ စစ်တပ်ကနေ အရပ်ဖက်ကို အသွင်ပြောင်းခဲ့တဲ့ သူတွေဆိုတော့ ဘယ်လို လူကောင်းဖြစ်မှာလဲ။ နှစ်ဖက်ထောက်ခံသူတွေကလည်း သာကူး တရုတ် သွေးနှော အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားတွေ။ လူကောင်းတွေ နည်းပါတယ်” လို့ အသက် ၇၀ ကျော်ရှိ ပုသိမ်မြို့ခံတဦးက DNA ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကိုထောက်ခံပြီး အကျိုးစီးပွား တူညီတဲ့ ပုသိမ်မြို့ခံ စီးပွားရေးသမားတွေကြားမှာလည်း ဦးအေးကျော်ကို ထောက်ခံတဲ့ ဆောက်လုပ် ရေး လုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးညီညီထွန်း ၊ ဦးစိုးမြင့်တို့ အုပ်စုနဲ့ ဦးအောင်မင်းနိုင်ကို ထောက်ခံတဲ့ အုပ်စုဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့တယ်လို့ သိရပါတယ်။
စည်ပင်ညွှန်ကြားရေးမှူးဦးအောင်မင်းနိုင်ဟာ ရာထူး ကပြုတ်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ရခိုင်တိုင်းရင်းသား ဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် NLD ပါတီက ဦးဝင်းသန်းကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
လက်တလောမှာတော့ ဦးအောင်မင်းနိုင်ဟာ ကြံ့ခိုင် ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ထည့်သွင်းမခံရတာကြောင့် တသီးပုဂ္ဂလ အမတ်အဖြစ် ရွေးကောက်ပွဲ ဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။
ပုံ ၁၊ တိုင်းကြံ့ခိုင်းရေးပါတီ တာဝန်ရှိသူ နဲ့
ပုသိမ်စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံကြစဉ်။
ပုံ၂၊ ဦးအောင်မင်းနိုင်
ပုံ ၃ ၊ ဦးအေးကျော်